Chapter-508

6.2K 1.1K 17
                                    

[Unicode]
အပိုင်း၅၀၈- ပြန်ဝင်စားခိုင်းရုံပဲ

မှော်ဆေးပင်တွေ ကြီးထွားတဲ့နှုန်းနဲ့
မှော်ဆေးလုံးတွေရဲ့အဆင့်ကို မြှင့်ပေးနိုင်တဲ့
စိတ်စွမ်းအင်ရေဆိုတာ လူအများစုအတွက်တော့
မဖြစ်နိုင်သယောင်ထင်ရသည်။

တကယ်ပဲဒီလိုသာဆိုရင် ထုံထျန်း
တိုက်မကြီးပေါ် က အင်အားစုကြီးတွေမှန်သမျှ
စိတ်စွမ်းအင်ရေကို ရူးရူးမူးမူးလိုက်စုဆောင်း
နေကြမှာပေါ့။ ဈေးနှုန်းကလည်း
မိုးထိထောင်တက်ပြီး တစ်စက်ကို တစ်သောင်းပေးရင်တောင်ရမှာ
မဟုတ်ဘူး။

လိန်လုံနဲ့ အဖိုးကြီးရှန်က
သူတို့မျက်စိရှေ့က စိတ်စွမ်းအင်ရေက
စိတ်စွမ်းအားနဲ့ စိတ်ဝိဉာဉ်ကို ပြည်လည်ဖြည့်တင်း
ပေးနိုင်တဲ့ ရိုးရိုးစိတ်စွမ်းအင်ရေလို့ပဲ
နားလည်ထားတာ ဖြစ်သည်။
သူတို့သိတာက မှော်ဆေးလုံးရဲ့
အောင်မြင်နိုင်တဲ့နှုန်းကို တိုးမြှင့်ပေးနိုင်ပေမယ့်
ယူရှောင်းမိုပြောခဲ့သလိုတော့ မဟုတ်ပေ၊
ဒါ့ကြောင့် ယူရှောင်းမိုပြောတာကြားလိုက်
ရတော့ သူတို့အံ့ဩသွားရတယ်။

ယူရှောင်းမိုလည်း စိတ်စွမ်းအင်ရေကို
ပြန်သိမ်းလိုက်တယ်၊ လင်းရှောင်စကား
နားထောင်ခဲ့သင့်တာ။

နောက်ဆုံးတော့ လိန်လုံလည်း အသိပြန်ဝင်လာကာ
ပျာယီးပျာယာနဲ့လျှောက်လာပြီး ယူရှောင်းမိုရဲ့ပုခုံး
ကို ဆွဲရန်အလို့ငှာ လက်ဆန့်လိုက်သည်။
လျင်မြန်လှတဲ့ လှုပ်ရှားမှုနဲ့ အသိစိတ်အလိုအရ
လင်းရှောင်က ယူရှောင်းမိုကိုသူ့ဘက်ဆွဲသွင်းလိုက်
သည်။

"လိန်အဖိုးကြီး ပြောစရာရှိရင် စကားနဲ့ပြော"

လိန်လုံလည်း အသူတရာချောက်လို
နက်မှောင်နေတဲ့ လင်းရှောင်ရဲ့မျက်လုံးတွေနဲ့
ဆုံလိုက်ရပြီး ကို့ယို့ကားယားဖြစ်သွားသည်။
လုပ်ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှသာ
ယူရှောင်းမိုအား မျှော်လင့်ချက်များနှင့်
ပြောလိုက်သည်၊

"လူငယ်လေးယူ မင်းပြောတာအမှန်ပဲလား"

အစကတော့ ယူရှောင်းမို သူ့ကိုလွယ်လွယ်နဲ့
လွှတ်မပေးဖို့ တွေးထားပေမယ့် ဒီအဖိုးကြီးက
ကျုံးယဲ့ရဲ့ဆရာ ၊ မှော်ဆရာအစည်းအရုံးရဲ့
အကြီးအကဲဖြစ်နေတာကို သတိရလိုက်ပြီးတဲ့နောက်
သူငယ်ချင်းရဲ့ဆရာ ဖြစ်နေတာကြောင့်
ရင့်ရင့်ကျက်ကျက်နဲ့
ရက်ရောပေး လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now