Chapter-458

7.3K 1.2K 41
                                    

Unicode
အပိုင်း၄၅၈- သံသရာမျှော်စင်

ဈေးဆိုင်ရှင်အဖိုးကြီးမှာ ရုပ်ရည်သွင်ပြင်ထူးခြားမှု
မရှိသော်လည်း ဧကရာဇ်အဆင့်တိုက်ခိုက်သူ
တစ်ယောက်ဖြစ်နေတာကို ယူရှောင်းမို
တွေ့လိုက်ရသည်။ သူနဲ့လင်းရှောင်ရဲ့စကားကို
ကြားလိုက်ရခြင်းကြောင့်ဖြစ်နိုင်ကာ
ကျွမ်းကျင်သူတစ်ယောက်ရဲ့ သိုဝှက်ထားသော
အရှိန်အဝါက သူ့ကိုယ်ပတ်လည်တွင်ရှိနေသည်။

နယ်မြေပြောင်းအဆောင်လက်ဖွဲ့ပြုလုပ်ရန်
မဟုတ်လျှင် သာမာန်လူက ကျောက်စိမ်းနက်များ
ဝယ်လေ့မရှိပေ။ ဒါကသူတို့သုံးဖို့ဟုတ်လား
မဟုတ်လားဆိုတာ အဖိုးကြီးကအတည်မပြုနိုင်ပေ၊
သို့ဖြစ်၍ သူ့အသံက မသိလိုက်စွာနဲ့သတိထားနေပုံ
ဖြစ်သွား၏။

" ဘယ်မှာ​​ရောင်းလဲသိလား?" ယူရှောင်းမိုက
မြန်မြန်မေးလိုက်သည်။

ဈေးဆိုင်ရှင်အဖိုးကြီးက လင်းရှောင်ကို
ကြောက်ရွံ့စွာကြည့်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်
" သိတယ်။ မင်းတို့နှစ်ယောက်ဒီကိုရောက်ဖူးတာ
ပထမဆုံးထင်တယ်။ ဗဟိုမြို့တော်မှာ
ကုန်သွယ်ရေးဒေသကြီးနှစ်ခုရှိတယ်-
ကောင်းကင်ဒေသနဲ့ ကမ္ဘာမြေဒေသတဲ့။
မင်းတို့ ကျောက်စိမ်းနက်တို့ နယ်မြေပြောင်း
အဆောင်လက်ဖွဲ့တို့ဝယ်ချင်ရင်၊ ဒီဒေသကြီးနှစ်ခုမှာ
ရောင်းချနိုင်ခြေ ရှစ်ဆယ်ကနေကိုးဆယ်ရာခိုင်နှုန်း
ရှိတယ်"

" ဒီဒေသကြီးနှစ်ခုက ဘယ်မှာရှိတာလဲ?"

" ဗဟိုမြို့တော်ရဲ့မြောက်ဘက်နဲ့ တောင်ဘက်မှာ။
သူတို့က အရပ်မျက်နှာဆန့်ကျင်ဘက်ဖြစ်နေပေမယ့်
ရှာရတာလွယ်ပါတယ်။ လူအများဆုံးနေရာကို
သွားပြီး ပတ်ကြည့်လိုက်ရုံပဲ။ သေချာပေါက်
တွေ့ရလိမ့်မယ်"

" ကျေးဇူးတင်ပါတယ်ဗျာ" ယူရှောင်းမိုက
ပျော်ရွှင်စွာပြောလိုက်ပြီးနောက်
လင်းရှောင်ဘက်လှည့်လိုက်သည်
" ကောင်းကင်ဒေသကိုသွားကြည့်ရအောင်"

ကောင်းကင်ဒေသက သူတို့လက်ရှိနေရာနှင့်
အနီးဆုံးဖြစ်သည်။

ဈေးဆိုင်ရှင်အဖိုးကြီးက ထွက်ခွာသွားတဲ့နောက်ကျော
နှစ်ခုကို အတွေးနက်နေစွာကြည့်လိုက်သည်။
သူမမှားဘူးဆိုရင် လူငယ်လေးရဲ့ဘေးက
ယောက်ျားက နတ်ဘုရားဆယ်ပါးစာရင်း
ပေါ် က လူသစ် လင်းမော့ပဲဖြစ်မယ်။
လင်းမော့နဲ့လင်းယုန်အိုကြီးရဲ့တိုက်ပွဲတုန်းက
သူလဲရှိနေခဲ့သည်။ ထို့ကြောင့် သူ့ရဲ့ရုပ်သွင်ကို
ကံကောင်းစွာမြင်ခဲ့ရ၏။ သို့ပေမယ့်
သူတို့ကဘာလို့ကျောက်စိမ်းနက်ဝယ်ချင်တာလဲ?
ဖြစ်နိုင်လား.........

The Legendary Master's Wife [မြန်မာဘာသာပြန်] Där berättelser lever. Upptäck nu