Chapter-482

6K 1.2K 31
                                    

Unicode
အပိုင်း၄၈၂- မထင်မှတ်ထားတဲ့ကံကောင်းခြင်း

ဟူရွာတွင် မှော်ဆေးပင်လယ်ကွင်း
တစ်ထောင်နီးပါးခန့်ရှိကာ အများစုသည်
အဆင့်နှစ်နှင့် အဆင့်သုံးများဖြစ်ကြသည်။
အဆင့်တစ်မှော်ဆေးပင်များက
တန်ဖိုးသိပ်မကြီးတာရယ်၊ အဆင့်လေးမှော်ဆေးပင်
များက ကြီးထွားဖို့ကြာတာရယ်ကြောင့်
ထိုနှစ်မျိုးမှာ အမြတ်အစွန်းနည်းပါးသည်။

လယ်ကွင်းထဲရှိ မှော်ဆေးပင်တွေကို
မနှစ်ကစိုက်ထားခြင်းဖြစ်သည်၊ နောက်နှစ်လတွင်
သက်တမ်းတစ်နှစ်ပြည့်တော့မည်ဖြစ်၏။
အဆင့်နှစ်မှော်ဆေးပင်တွေက ရင့်မှည့်နေပြီ
ဖြစ်ကာ စိမ်းမြမြအရောင်နှင့်
လတ်ဆတ်သည့်ရနံ့က
စိတ်အေးချမ်းစေသည့်ပတ်ဝန်းကျင်တစ်ခု
ပေးစွမ်းနေသည်။ အဆင့်သုံးမှော်ဆေးပင်တွေ
ကတော့ ရင့်မှည့်ဖို့လအနည်းငယ်လိုသေးလေသည်။

လယ်ကွင်းတွေကို ယူရှောင်းမိုကြည့်
ကြည့်လိုက်တယ်၊ မှော်ဆေးပင်တွေရဲ့
အရည်အသွေးက မကောင်းဘူး၊
အကုန်လုံးကအဆင့်နိမ့်ဆေးပင်တွေကြည့်ပဲ။

ဒါက သူ့ရဲ့ရှုထောင့်မှဖြစ်လေသည်။
ဟူရွာသားများမှာ သာမာန်လူများသာဖြစ်ကြရာ
သူတို့စွမ်းရည်နှင့်ဆိုလျှင် အလယ်လတ်ဆင့်နှင့်
အဆင့်မြင့်မှော်ဆေးပင်တွေကို စိုက်ပျိုးရန်မှာ
လုံးဝမဖြစ်နိုင်ပေ။ မှော်ဆရာမှမဟုတ်ရင်
ဆေးပင်တွေကိုအထိအခိုက်ပျက်စီးမှုမရှိစေဘဲ
တူးနိုင်ဖို့နည်းလမ်းမရှိသောကြောင့်
အမြစ်သိပ်မနက်တဲ့
အဆင့်နိမ့်မှော်ဆေးပင်များသာ
စိုက်ပျိုးရလေသည်။

အကဲခတ်ပြီးတဲ့နောက် ယူရှောင်းမို
အကြည့်ပြန်ရုတ်လိုက်တော့သည်။

သူ့အင်္ကျီထဲမှာအပန်းဖြေနေခဲ့တဲ့
သတ္တုစားသားရဲလေးက ဘာမှမဆီမဆိုင်
ရန်လိုလာပြီး သူ့အဝတ်ထဲကနေရုတ်တရက်ကြီး
ထွက်လာသည်။ လက်ဖဝါးလေး လေးခုက
မြေကြီးပေါ် ကို ဖွဖွလေးရောက်သွားကာ
သူ့ကိုယ်လုံးသေးသေးလေးက ကြီးလာ၏။
လိမ္မာနေခဲ့တဲ့သားရဲလေးက တခြားအရပ်တစ်ခုဆီ
အလောတကြီးပြေးသွားကာ ဆွဲဆွဲငင်ငင်
အူတော့သည်။ သို့ပေမယ့်လည်း
သူ့ပါးစပ်ထောင့်မှတွေတွေကြီးစီးကျလာတာကတော့
.....သွားရည်များပင် ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now