Chapter-554

6.4K 1.2K 55
                                    

//Unicode//

အပိုင်း(၅၅၄) စွန်ပျံ(လေတံခွန်)

လဝက်ဟူသောအချိန်က လျင်မြန်စွာကုန်ဆုံးသွားခဲ့
သည်။

လူတိုင်းစောင့်ဆိုင်းနေခဲ့သော လေလံပွဲက
နောက်ဆုံးတော့ရောက်ရှိလာခဲ့၏။ နေရာကို
လျှို့ဝှက်ထားတာကြောင့် ပင့်ကူနက်က
ဖိတ်ကြားလွှာရရှိသူများ လေလံပွဲကိုရှာတွေ့နိုင်ရန်
ကျီးနက်များစေလွှတ်ခဲ့သည်။

ကျီးနက်က အနက်ရောင်သိမ်းငှက်နှင့်ကျီးကန်း၏
သားပေါက်ဖြစ်ကာ သိမ်းငှက်၏ဖျတ်လတ်
ကြံ့ခိုင်သောကာယအားနှင့် အရှိန်ကိုအမွေဆက်ခံ
ထားသည်။ အထူးမျိုးစပ်ဖြစ်သဖြင့် သူမတူအောင်
ဉာဏ်ရည်မြင့်မားသည့် အဆင့်မြင့်နတ်ဆိုးသားရဲ
တစ်မျိုးဖြစ်၏။

ယူရှောင်းမိုနှင့်လင်းရှောင်အတွက် လမ်းပြပေးမည့်
ကျီးနက်က အရုဏ်တက်ချိန်ကတည်းက
သူတို့ခေါင်မိုးပေါ်ရောက်နေလေပြီ။ 
ကျီးနက်၏အမွှေးတောင်များအောက်တွင်
စက္ကူပိုင်းလေးတစ်ခုရှိနေပြီး လေလံပွဲစမည့်အချိန်ကို
ရေးသားထားသည်။

ယူရှောင်းမိုက စာကိုတစ်ချက်ကြည့်ပြီးနောက်
လွှင့်ပစ်လိုက်ပြီး ပြန်အိပ်သည်။

လွန်ခဲ့သောလဝက်လုံး သူ သေလုအောင်ပင်ပန်းခဲ့
ရသည်။

မော့ကျင်းနှင့်ဝူချန်အကူအညီဖြင့် လူသားအဆင့်လွန်
သက်တမ်းရင့်မှော်ဆေးပင် အတော်များများ
စုဆောင်းနိုင်ခဲ့ပြီး ရသမျှနှင့် ပါဝင်ပစ္စည်းအစုံပေါင်း
များစွာရခဲ့လေသည်။ သူ့ကျင့်ကြံဆင့်က
အဆင့်နှစ်ကိုချိုးဖျက်ပြီးစဖြစ်တာကြောင့်
သက်တန့်အဆင့်ဆေးလုံးဖော်စပ်နည်းအဆင့်ထဲမှ
ရှုပ်ထွေးလှသည့် အဆင့်များကိုရင်းနှီးကျွမ်းဝင်မှု
ရှိစေရန်အလို့ငှာ သူ ထိုပါဝင်ပစ္စည်းအစုံများကို
ယူ၍လေ့ကျင့်ခဲ့၏။

ရုတ်ရုတ်သဲသဲဖြစ်ခြင်းမှ ရှောင်ကြဉ်ရန်
ယူရှောင်းမိုက ဟိုတယ်နှင့်ပင်မဆောင်တွင်
ဆေးလုံးသန့်စင်ခြင်းမပြုလုပ်ခဲ့ပေ။

မူလက ပင်မဆောင်မှာဆေးလုံးသန့်စင်တာက
အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သည်၊ ဘာကြောင့်ဆို
ပင်မဆောင်ကို အရံအတားအစီအရင်တွေနဲ့
ကာကွယ်ထားသည်ဟူသော စကားများ
ရှိသောကြောင့်ပင်ဖြစ်၏။ အတိဒုက္ခလျှပ်စီး
ကျရောက်လာသည့်အခါအရံအတားအစီအရင်တွေ
ကိုအသုံးချလို့ရနိုင်သည်။ သို့ပေမယ့် အကြိမ်ရေ
များလာပါက အာရုံစိုက်မှုများရလာနိုင်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now