Chapter-569

6.2K 1.2K 21
                                    

//Unicode//

အပိုင်း(၅၆၉) ဈေးကြီးလွန်းသောအရောင်းအဝယ်

ခွင့်ပြုချက်ရပြီးနောက် ယူရှောင်းမိုနဲ့လင်းရှောင်သည်
အတူတကွလျှောက်ဝင်သွားခဲ့၏။

အထူးအပိုင်းရှိ လူသားအဆင့်လွန်မှော်ဆေးပင်
အားလုံးကို မှော်ဆေးပင်ခန်းမကရောင်းချလေသည်။
၎င်းက မှော်ဆေးပင်ခန်းမ၏ဆိုင်ခန်းများကို
အပြင်လူများက ငှားယမ်းရောင်းချသည့်
အခြားသောအပိုင်းသုံးခုနှင့်မတူပေ။

လူသားအဆင့်လွန်မှော်ဆေးပင်အပိုင်းသည်
အခြားသူတွေရဲ့မှော်ဆေးပင်တွေဝယ်ပြီး ဈေးနှုန်းကို
စံသတ်မှတ်ပေးသည့် မှော်ဆေးပင်ခန်းမတစ်ခုတည်း
ပေါ်ကိုသာ အမှီအခိုပြုထားခြင်းဖြစ်သည်။

လူသားအဆင့်လွန်မှော်ဆေးပင်အပိုင်းသို့ သူတို့နှစ်ဦး
လျှောက်ဝင်လာသည့်အခါ လူတိုင်းလှမ်းကြည့်လာ
ကြ၏။

လူသားအဆင့်လွန်အပိုင်းကို လူသားအဆင့်လွန်
မှော်ဆရာတွေတင်လာတာမဟုတ်ပေမဲ့ လာတဲ့
သူတိုင်းက သေချာပေါက်ကိုစွမ်းအားကြီးသူတွေပင်။
အာရုံစိုက်မှုကိုမရရင်မှ ထူးဆန်းနေဦးမည်၊
အထူးသဖြင့် တစ်ယောက်ကအကျည်းတန်
မျက်နှာဖုံး၊ တစ်ယောက်က လှပသောမျက်နှာဖုံးကို
တပ်ဆင်ထားသည့်အခါတွင် ဖြစ်သည်။

ဘာမှထွေထွေထူးထူးမရှိသောအခါ လူတိုင်းက
ပြန်လှည့်သွားကြပြီး အခြားသူတွေ သူတို့ထက်
လက်ဦးသွားမည်စိုး၍ ၎င်းတို့လိုအပ်သည့်အရာများ
ဆက်ရှာကြတော့သည်။

ယူရှောင်းမို ဘေးဘီကိုကြည့်လိုက်တော့
လူသားအဆင့်လွန်မှော်ဆေးပင်တိုင်း၏ ဈေးနှုန်းက
အတိအကျသတ်မှတ်ထားခြင်းဖြစ်တာကို
တွေ့ရှိလိုက်ရသည်။ တစ်နည်းအားဖြင့်၊
"ဦးသူယူ" စနစ်ဖြစ်လေသည်။ မှော်ဆေးပင်တစ်မျိုး
တည်းကို လူနှစ်ဦးတစ်ပြိုင်တည်းတွေ့ခဲ့လျှင်
တစ်ယောက်တစ်ယောက်တိုက်တာမျိုး လုပ်ရပေ
လိမ့်မည်။

"လူကြီးမင်းတို့ ကျုပ်ကတာဝန်ခံလီပါ။
တောင်းဆိုချင်တာများရှိရင် လွတ်လွတ်လပ်လပ်
မေးပါ"

ရုတ်တရက်၊ သူတို့ဆီ သက်လတ်ပိုင်းအရွယ်လူကြီး
တစ်ယောက် လျှောက်လာသည်။ သူတို့
လျှောက်ဝင်လာတုန်းက သူမြင်တွေ့ပြီးပြီ၊
ပထမ သူတို့ခွန်အားကိုမှန်းဆကြည့်ပေမဲ့ သူ
မပြောနိုင်၍ လျစ်လျူမရှုရဲတော့တာဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now