Chapter-424

6.5K 1.3K 25
                                    

Unicode
အပိုင်း၄၂၄-မင်းကိုအကောင်လိုက်မြေမြှုပ်ပစ်မယ်

ဆုံးဖြတ်ချက်ချလိုက်ရင်း ယူရှောင်းမိုက
အလယ်မှာရှိတဲ့အကြီးဆုံးသေတ္တာနက်ကို
'ဆွဲယူ' ဖို့အတွက် လက်လှမ်းလိုက်တော့တယ်။

အန်းချောင်ရဲ့သူငယ်အိမ်များက ကျဉ်းမြောင်းသွား
၏၊ နောက်ဆုံးတော့သူ့ရဲ့ဒုတိယအခွင့်အရေး
ရောက်လာပြီပေါ့။ ထို့ကြောင့် သူကယူရှောင်းမို
မယူလိုက်နိုင်ခင်မှာ ထပ်လုလိုက်ပြန်သည်။

ယူရှောင်းမိုက သူ့ကိုဒေါသထွက်စွာစိုက်ကြည့်လိုက်
၏။

သူ့ကိုယ်သူကျေနပ်နေရင်း ဒါကစာမေးပွဲတစ်ခုသာ
မဟုတ်ဘူးဆိုရင် သူအော်ရယ်ပြီးလောက်ပြီလို့
အန်းချောင်ကတွေးနေတယ်။ တစ်ခြားသူတွေ
ဒီလိုမျက်နှာမျိုးလုပ်နေတာကို ကြည့်ရတာ
သူကြိုက်တယ်။

ရုတ်တရက်၊ ယူရှောင်းမိုကဘေးတိုက်ရွေ့လိုက်တယ်၊
သူက သေတ္တာနက်တစ်ခုကိုလက်လှမ်းလိုက်ပေမယ့်
အလယ်မှာတွန့်ဆုတ်နေတယ်။ သူက အန်းချောင်ကို
သံသယဖြစ်စွာနဲ့ကြည့်လိုက်သည်၊ မင်းမခိုးတော့
ဘူးလား?

နောက်လူက အထင်သေးသည့်အမူအရာဖြင့်
နှာခေါင်းရှုံ့လိုက်၏။

သူ့မေးကိုပင့်လိုက်ရင်း အန်းချောင်က
'မင်းဘာတွေးနေလဲဆိုတာ ငါသိသားပဲ' ဟူသည့်
အမူအရာဖြင့်ပြောလိုက်သည်၊
"မင်းငါ့ကိုမျှားချင်တာမလား၊ ငါကအဲ့လောက်ထိ
မတုံးဘူး"

ယူရှောင်းမိုကသူ့ကို ထူးဆန်းစွာကြည့်လိုက်တယ်၊
ထို့နောက်သေတ္တာနက်ကို မှော်အိတ်ထဲသို့
ဖြေးညှင်းစွာထည့်လိုက်သည်။ အဲ့နောက်သူက
တစ်ချက်လှမ်းကြည့်လိုက်၏။
'မင်းတောင်ဒီလိုတွေးနိုင်ရင် ငါကဘယ်လိုလုပ်
မတွေးမိဘဲနေမှာလဲ? မင်းလိုကောင်စုတ်က
သတိရှိနေမယ်ဆိုတာငါသိသားပဲ၊ အာ့ကြောင့်
ငါလိုချင်တဲ့တစ်ခုကို တွန့်ဆုတ်တွန့်ဆုတ်နဲ့
တမင်လက်လှမ်းလိုက်တာ၊ ငါလိုချင်တဲ့ရလဒ်
ရတာပဲ'

သေတ္တာကိုထည့်သိမ်းပြီးတဲ့နောက်မှာ ယူရှောင်းမိုက
သူ့ကိုအပြုံးကြီးကြီးတစ်ခုပေးလိုက်၏၊
'ရွံစရာကောင်းတဲ့ကောင်၊ ငါမင်းကိုမကိုင်တွယ်နိုင်
ဘူးများထင်နေလား?'

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now