Chapter-427

6.9K 1.3K 40
                                    

Unicode
အပိုင်း၄၂၇-ရွှမ်းယွီဟိုတယ်

မှော်ဆေးလုံးဆိုင်က အတော်အသင့်သေးငယ်သည်၊
အရောင်းအဝယ်လဲ သိပ်ဖြစ်ပုံမရပေ။ ဆိုင်ထဲမှာ
ကောင်တာပေါ်အိပ်ငိုက်နေတဲ့
လူတစ်ယောက်ပဲရှိနေတယ်။ ခြေသံတွေကြားလိုက်
ရင်း သူ့ခေါင်းကကောင်တာပေါ်ကို
ဘန်းကနဲရိုက်မိသွားပြီး ထိုလူက နာသွားတာကြောင့်
ထခုန်သွားတယ်။

သူတို့ကိုတွေ့တော့ လူကြီးကသူ့ရဲ့ကိုယ်နေဟန်ထားကို
ဝယ်ယူသူတွေကိုကြိုဆိုဖို့ပိုသင့်တော်တဲ့ပုံစံသို့
မြန်မြန်ပြောင်းလိုက်တယ်။ သူတို့ဆီကိုခပ်သွက်သွက်
လျှောက်လာပြီး ပါးစပ်ကနေစက်သေနတ်ပစ်
သလိုပြောတော့တယ်။ "လူကြီးမင်းနှစ်ယောက်က
မှော်ဆေးလုံးတွေအတွက် လာခဲ့တာလားဗျာ?
ဒါဆိုရင်တော့ နေရာမှန်ကိုရောက်လာတာပဲ။
ဒီဆိုင်က ဗဟိုမြို့တော်မှာအကြီးဆုံးဆေးလုံးဆိုင်
မဟုတ်ပေမယ့် မှော်ဆေးလုံးမျိုးစုံရှိပါတယ်။
လူကြီးမင်းတို့ဘာပဲလိုချင်ချင် ရှိပါတယ်။
နောက်ပြီးကျွန်တော်တို့ရဲ့မှော်ဆေးလုံးတွေကလဲ
စျေးချို......"

"ကျောက်စိမ်းပုလင်းရှိလား?"
လင်းရှောင်ရဲ့အေးစက်စက်အသံက သူ့ရဲ့
တရစပ်စကားတွေကို ဖြတ်ချလိုက်တယ်။

လူကြီးက 'ဟာ' လို့သာပြောနိုင်ပြီး ဘယ်လိုတုံ့ပြန်
ရမလဲမသိတော့ချေ။ ဒီဟာက မှော်ဆေးလုံးဆိုင်ကို
ကျောက်စိမ်းပုလင်းဝယ်ဖို့လာတဲ့သူ?

သူစကားမပြောတာကိုမြင်တော့ လင်းရှောင်က
သူ့မှာမရှိဘူးလို့ယူဆလိုက်ပြီး ထွက်သွားဖို့အတွက်
လှည့်လိုက်သည်။

ထိုအခါမှသာ လူကြီးကသတိပြန်ရလာပြီး
သူတို့နောက်ကိုအလျင်စလိုလိုက်ပြောလိုက်သည်၊
"ရှိတယ်၊ရှိတယ်၊ရှိတယ်......ဒီမှာ
ကျောက်စိမ်းပုလင်းမျိုးစုံရှိပါတယ်။ လူကြီးမင်း
နှစ်ယောက်ကနေရာမှန်ကိုလာခဲ့တာပဲ၊
ကျွန်တော်တို့ဆိုင်......"

ယူရှောင်းမိုရဲ့နှုတ်ခမ်းတွေ တွန့်သွားတော့တယ်။
ဒီလူကြီးက တခြားသူတွေဘာပဲကြားချင်ကြားချင်
ပြောပေးဖို့အတွက် သူ့ရဲ့ပါရမီအားလုံးကို
သုံးထားတာဖြစ်မယ်၊ သူ့ရဲ့စကားလုံးအသုံးအနှုန်း
တွေကတောင် အတူတူပဲ။ ဒါပေမယ့် လင်းရှောင်က
ဘာလို့ကျောက်စိမ်းပုလင်းဝယ်ချင်တာလဲ?

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now