Chapter-413

6.8K 1.3K 34
                                    

Unicode
အပိုင်း၄၁၃: အခြားလူများ၏ကံဆိုးမှုကိုအခွင့်ကောင်း
                ယူခြင်း

အကြောင်းအရာများက ထိုကဲ့သို့ အဆုံးသတ်တော့
မည်ဟု သူတို့တွေးနေကြတဲ့အချိန်မှာပဲ
မမျှော်လင့်ထားသောတစ်စုံတစ်ရာက
ဖြစ်ပျက်သွား၏၊ လင်းရှောင်ကိုရပ်တန့်လိုက်သည့်
သူကို မြင်လိုက်သောအခါ သူတို့ကအံ့အားမသင့်ဘဲ
မနေနိုင်ချေ၊ ထိုသူက တကယ်ပဲ
မှော်ဆရာအစည်းအရုံးကချီဟန်ပဲ!

ချီဟန်က အဆင့်ဆယ့်တစ်မှော်ဆရာဖြစ်ပြီိး
မှော်ဆရာအစည်းအရုံးတွင် သူ့အဆင့်ကမနိမ့်ပေ။
သူ့တိုက်ခိုက်နိုင်စွမ်းက ရိုးရိုးသာမာန်မှော်ဆရာ
တစ်ယောက်လောက် အားမနည်းဘဲ၊ သူ့စွမ်းအားနဲ့
ဆိုရင် နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်နှင့်
ယှဉ်တိုက်နိုင်သည်၊ ထို့အပြင် သူ့မှာအသက်ဆက်နွယ်
နတ်ဆိုးသားရဲတစ်ကောင်လဲ ရှိသည်၊
၎င်းကဧကရာဇ်သားရဲမဟုတ်တောင်မှ သခင်နှင့်
သားရဲလက်တွဲလိုက်လျှင် ပျမ်းမျှသာမာန်လူ
တစ်ယောက်က သူတို့ကိုရှောင်ဖို့ ဘေးရပ်ပေးရ
မည်ဖြစ်သည်။

ဘယ်သူကမှ သူဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

အရင်က ယူမင်းကသူ့ကိုလှုပ်ရှားဖို့ခိုင်းတုန်းက
ချီဟန်ကတွန့်ဆုတ်နေပြီး ပယ်ချဖို့နည်းလမ်းများ
ရှာနေခဲ့သည်၊ ဒါတောင်မှ၊ အခုယူမင်းက
သေသွားပြီဖြစ်ပြီး ယူအန်းထိုက်တောင် လင်းရှောင်
ရဲ့ပြိုင်ဘက်မဟုတ်ခဲ့တာကို၊ သူကအမှန်တကယ်
ထရပ်နေ၏။

ထိုလှုပ်ရှားမှုက လူအများကြီးကို ပဟေဠိဖြစ်သွား
စေသည်။

"သူတစ်စုံတစ်ယောက်ရဲ့ကံဆိုးမှုကနေ အမြတ်ထုတ်
နေတာနဲ့တူတယ်" သူ့ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့
ချောင်ဝူရွှမ်းက သူ့အကြံကို ဖြတ်မြင်၏။

"ဒီလူအိုကြီးက တကယ်ပဲအပေါစားဆန်တယ်"
ရှုန်းရှောင်က ချီဟန်ကိုအထင်သေးသွားသည်၊
သူ့မျက်လုံးထဲမှာ တကယ့်ယောက်ျားတစ်ယောက်က
ပွင့်လင်းသင့်ပြီး သူဘာလုပ်လုပ်တည့်တိုးဆန်သင့်
သည်၊ ချီဟန်ကတော့ ဗီလိန်တစ်ယောက်သာ
ဖြစ်၏။

"နေရာမှာ ပေါက်ကွဲမှုကြောင့်ဖြစ်သွားတဲ့
ပျက်စီးမှုကတော်တော်ကြီးတယ်၊ ယူအန်းထိုက်
တောင်မှ ကြောက်လွန်းလို့ထွက်ပြေးသွားတယ်၊
လင်းရှောင်ရဲ့ဒဏ်ရာတွေက မနည်းဘူးလို့
ငါထင်တယ်၊ အခြေအနေကိုကြည့်ရရင်
သူကချီဟန်ရဲ့ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး၊
ငါတို့သူ့ကိုကူညီသင့်လား?"
ချောင်ဝူရွှမ်းကတည်ငြိမ်စွာမေးလိုက်သည်။
(t/n; ဒီနေရာမှာလင်းရှောင်လို့ပဲ သုံးထားပါတယ်၊
တကယ်တော့ ချောင်ဝူရွှမ်းကလင်းမော့လို့ပဲသိထား
တာပါ၊ engမှာလင်းရှောင်ဆိုလို့ ကိုယ်လဲ
လင်းရှောင်လို့ပဲထည့်ထားပါတယ်)

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now