Chapter-498

6.7K 1.2K 30
                                    

Unicode

အပိုင်း၄၉၈- ဟွားကု

ထိုအချိန်တုန်းက ယူရှောင်းမို
နယ်မြေပြောင်းအဆောင်လက်ဖွဲ့ကို
ချိုးမိခဲ့ပြီးအပို့ခံလိုက်ရတဲ့ မရဏတောအုပ်ထဲ၌
ပစ္စည်းများစွာ မြှုပ်နှံထားသည့်သစ်ပင်
အောက်တွင်...... ယူရှောင်းမိုနဲ့လင်းရှောင် သူတို့လုလာတဲ့ပစ္စည်းတွေ စစ်ကြည့်နေကြသည်။

ယူရှောင်းမိုအတွက် အဖိုးတန်ဆုံးက
နဂါးသွေးမဟုတ်ဘဲ ဟူရွာမှတူးထားသည့်
အဆင့်ဆယ့်တစ်နဲ့အဆင့်ဆယ့်နှစ်မှော်ဆေးပင်
များဖြစ်သည်။ ပမာဏအများကြီးမဟုတ်
သော်ငြား ၎င်းတို့မှာအင်မတန်အဖိုးတန်လှ
လေသည်။

ထိုနေ့တုန်းက မှော်ဆေးပင်တွေအားလုံး
တူးပြီးတဲ့အခါ သူ့နယ်မြေထဲက
မှော်ဆေးပင်စိုက်ခင်းဆီ
မြန်မြန်ပြောင်းစိုက်ခဲ့သည်။ အပင်အများစုက
အမြစ်စထွက်နေပြီဖြစ်ပြီး အညှောင့်လည်း
ပေါက်နေပြီဆိုပေမယ့် ရင့်မှည့်ဖို့ကြာတာမို့
ချက်ချင်းလက်ငင်းပြင်ဆင်မှုတွေလုပ်ဖို့
လိုအပ်သည်။

"ကျွန်တော်တို့တွေ့တဲ့မှော်​ဆေးပင်တွေထဲမှာ
သံသရာဆေးလုံးအတွက်လိုတာတစ်မျိုးမျိုး
ပါလား"

ယူရှောင်းမို စိတ်လှုပ်တရှားနဲ့မေးကြည့်လိုက်တယ်။
ဖူချန်ချုံးပေးခဲ့တဲ့မှော်ဆေးပင်ရှစ်ပင်က
ရင့်မှည့်နေပြီးဖြစ်ကာ ၎င်းတို့ကြီးထွားကြပုံကို
သူဘာမှမသိခဲ့ရပေ။ သူတွေ့ထားတဲ့မှော်ဆေးပင်
အများစုက မရင့်မှည့်သေးတာကြောင့်
သူတို့လိုအပ်တဲ့ဟာတွေပါလား မပါလား
သူမသေချာဘူး။

လင်း​​ရှောင် မေးကိုလက်နဲ့တို့လိုက်တယ်၊
"မရှိလောက်ဘူး"

ယူရှောင်းမို စိတ်ပျက်သွားပြီး သူ့ကို
စိုက်ကြည့်လိုက်တယ်၊ "ခင်ဗျား ဘယ်လိုလုပ်ပြီး
သေချာနေတာလဲ"

လင်းရှောင်က အလေးအနက်ပြန်ဖြေလေသည်၊
"မပါဘူးလို့ပဲမှတ်လိုက်။ အဲ့ကျ တကယ်လို့
ပါနေခဲ့မယ်ဆိုရင် ဝမ်းသာစရာဖြစ်သွားမှာ"

သူ့ကိုအရူးလုပ်ဖို့ အဆိုးမြင်ဝါဒီသုံးသပ်ချက်ကြီး
သုံးနေပြန်ပြီ။ ယူရှောင်းမိုမျက်နှာကို
အမည်းကြောင်းကြီးတွေဖုံးသွားတယ်။ -_-||
ဒါက တော်တော်လေးထိရောက်မှုရှိတယ်
ဆိုတာ သူဝန်ခံရမယ်ဆိုပေမယ့်
သောက်ကျိုးလည်းနည်းလေသည်။
"ဒီအကြောင်းထပ်မပြောနဲ့တော့။ နဂါးသွေးကို
ဘယ်လိုလုပ်သင့်လဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now