Chapter-562

6K 1.3K 111
                                    

//Unicode//

(၅၆၂) အားမာန်မရှိ​နှေးကွေးလှသောအလင်းလုံးလေး

ယူရှောင်းမို လင်းရှောင်ရဲ့ကျောပြင်ကို စိုးရိမ်စွာ
ကြည့်လိုက်သည်။ လင်းရှောင် ယူကျန်ထျန်းနဲ့
ယှဉ်တိုက်နိုင်ပါ့မလား သူမသိပေ။ လင်းရှောင်ကို
ယုံကြည်ပေးချင်ပေမဲ့လည်း ယူကျန်ထျန်းက
သူတို့အရင်ကတိုက်ဖူးခဲ့သည့် ပြိုင်ဖက်များနှင့်
ခြားနားသည်။ သူ့စွမ်းအားက လင်းရှောင်ထက်
ကြယ်နှစ်ပွင့်ထက်ပိုပြီး သူတို့ရဲ့အသန်မာဆုံး
ပြိုင်ဖက်ဖြစ်သည်။

လင်းရှောင်ရဲ့အရှိန်အဝါက အပြင်ပန်းတွင်
ယူကျန်ထျန်းထက် ထင်ထင်ရှားရှားကိုနိမ့်ကျ
နေသည်။ အထူးသဖြင့် ယူကျန်ထျန်း၏
ကျားသဏ္ဍာန်ပေါ်လာသည့်အခါတွင် သူ့အရှိန်အဝါနှင့်
စွမ်းအားကဆက်ပြီး မြင့်တက်နေပုံပေါ်ကာ
သာမာန်ထက်ကျော်လွန်လာနေသည်။

လင်းရှောင်ကတော့။

ယူရှောင်းမိုမှာ မားမားမတ်မတ်ရပ်နေသည့်ပုံရိပ်ကို
ကြည့်ပြီး လင်းရှောင်ကိုဘာမှမဖြစ်အောင်
ကာကွယ်ပေးရန် ဘုရားသခင်၊ ဗုဒ္ဓနှင့်ရှိရှိသမျှသော
အမတမျိုးနတ်အပေါင်းဆီမှာ ဒူးထောက်ဆုတောင်းမိ
လုနီးနီးပင်။ 

သူတွေးနေတုန်းမှာပဲ အရှေ့ဘက်ဆီမှ ရုတ်တရက်
ရွေ့လျားမှုတစ်မျိုးထွက်ပေါ်လာသည်။

ယူ​ရှောင်းမို လင်းရှောင်ကိုကျော်ပြီးကြည့်လိုက်တော့
ယူကျန်ထျန်း၏ကျားက အသွင်တစ်ခုအဖြစ်သို့
စုပေါင်းနေသည်ကိုတွေ့လိုက်ရသည်။
ယူကျန်ထျန်းတစ်ယောက်လုံးက ကြီးမားပြီး
ကျော်လွန်မရနိုင်သည့်နံရံတံတိုင်းကြီးတစ်ခု
ကဲ့သို့ပင်။ ကျားပုံပြည့်ပြည့်စုံစုံပေါ်မလာခင်
အချိန်တစ်ခုကြာဦးမည့်ပုံရှိသော်လည်း သူကိုယ်၌က
သူ့စွမ်းရည်ဖြစ်တည်နေဆဲတွင် အခြားသူများ
ဝင်ရောက်နှောင့်ယှက်မည်ကိုစိုးရိမ်နေပုံမရှိပေ။

သူအကြည့်က လင်းရှောင်ဆီပြန်ရောက်သွားတော့
ရုတ်ခြည်းပင်တောင့်တင်းသွားရတော့သည်။

လက်ရှိတွင် ချီလင်တစ်ကောင်၏ထင်ရှားနေသော
ပုံရိပ်က လင်းရှောင်ကိုလွှမ်းခြုံထားသည်။
လင်းရှောင်ရဲ့မူလအသွင်ကို သူအခုမှမြင်ဖူးခြင်းပင်။
သို့သော်မျက်စိတစ်မှတ်၌ ချီလင်ကနတ်ဆိုးဖီးနစ်ပုံသို့
ပြောင်းသွားပြီး ထို့နောက် ခြေသည်းငါးခုပါရွှေနဂါး၊
ထို့နောက်လိပ်နက်တစ်ကောင်အဖြစ် ဆက်၍
ဆက်၍ပြောင်းလဲသွားသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now