အပိုင်း(၄-၂)

5.3K 405 2
                                    

စုရန်သူဘာကိုဆိုလိုတာလဲဆိုတာနားမလည်ဘူး။သူမနဲ့စုန့်ထင်ယွီတို့လက်ထပ်ထားပေမယ့်တကယ်တော့သူမတို့နှစ်ယောက်ကသူစိမ်းတွေနဲ့မခြားဘူး။ဒါကြောင့်သူမတို့နှစ်ယောက်တကုတင်တည်းအတူတူအိပ်ရမယ်ဆိုတော့သူမလဲလက်မခံချင်ဘူး။ဒါပေမယ့်လဲဝမ်ရှီ့အတွက်ကြောင့်မို့သူမမှာရွေးချယ်စရာမရှိဘူးလေ။

စုန့်ထင်ယွီကလဲဒီနည်းကိုမုန်းနေမှာသူမသိတယ်။သူ့ချစ်သူအတွက်သူကသစ္စာရှိချင်မှာဘဲလေ။ဒါပေမယ့်စုန့်ထင်ယွီဒီပြဿနာကိုဘယ်လိုနည်းနဲ့ဖြေရှင်းမလဲဆိုတာကိာသူမသိချင်တာတော့အမှန်ဘဲ။

စုန့်ထင်ယွီဖုန်းကိုသူမကိုပေးပြီး: 'ငါတို့ဖန်ပြွန်သ‌‌န္ဓေသားနဲ့ယူလို့ရတယ်'

သူမဖြစ်နိုင်ချရှိတာကိုပြန်ပြောလိုက်တယ်: 'ဒီနည်းလမ်းကအောင်မြင်ဖို့ရာခိုင်နှုန်းနဲတယ်။မအောင်မြင်ရင်ဘယ်လိုလုပ်မလဲ?ဝမ်ရှီကအကြာကြီးမစောင့်နိုင်ဘူး'

စုန့်ထင်ယွီရဲ့ချောမောနေတဲ့မျက်နှာပေါ်မှာလှောင်ပြုံးတခုပေါ်လာပြီး: 'စုရန် မင်းကငါမင်းကိုထိတာကိုလိုချင်နေတာလား?‌ဒီလေးနှစ်စလုံးမင်း‌ဘေးနားမှာတခြားယောက်ျားမရှိဘူးလို့တော့မပြောနဲ့နော်'

စုရန်မျက်နှာဖျော့သွားပြီး ဒီစကားတွေကသူမကိုအရှက်ရအောင်ပြောနေတယ်ဆိုတာကိုသူမသိလိုက်တယ်။

'အောင်မြင်ဖို့ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်မအောင်မြင်နိုင်တာတော့မဟုတ်ဘူးလေ'

'ဒါပေမယ့်ဝမ်ရှီကအကြာကြီးမစောင့်နိုင်ဘူးလေ'သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ: 'ကျွန်မတို့တကြိမ်ကြိုးစားကြည့်ပြီးမအောင်မြင်ရင်...'

'မအောင်မြင်ရင်မင်းတဲ့တူတူအိပ်ပြီးကလေးယူရမယ်ပေါ့' စုန့်ထင်ယွီအေးစက်စက်ရယ်လိုက်ပြီးအိပ်ရာပေါ်ကနေသူမဆီကိုထလာကာ:'စုရန် မင်းငါ့ကိုတခုသ‌ဘောတူပေးရမယ်'

'ဘာကိုလဲ' စုရန်သူအနားကပ်လာတာမူမမှန်ဘူးထင်ပြီးသူနဲ့ဝေးသွားအောင်အနောက်ကိုဆုတ်လိုက်တယ်။စုန့်ထင်ယွီ
ကတော့သူမအမူအယာကိုဂရုမစိုက်ဘဲသူ့ရဲ့နှုတ်ခမ်းပါးပါးလေးတွေကိုဖွင့်ပြီး: 'စုန့်ဝမ်ရှီနေကောင်းသွားရင်ငါမင်းနဲ့ကွာရှင်းချင်တယ်'

ဒါကသူ့ရဲ့ရည်ရွယ်ချက်ကိုး...

ဒီလက်ထပ်ခြင်းကအစကတည်းကသူမရဲ့ဆန္ဒမဟုတ်ဘူးလေ။ဒါကြောင့်သူမလဲခေါင်းညိတ်လိုက်ပြီး: 'ကောင်း‌ပြီလေ'

သူမစဉ်းစားတွေ‌ဝေခြင်းမရှိဘဲဖြေပေးလိုက်တာကိုကြည့်ပြီးစုန့်ထင်ယွီခနတော့တွေဝေသွားပြီးသူ့အရှေ့မှာရှိနေတဲ့မိန်းမကိုသူနားမလည်နိုင်တော့ဘူးလို့ခံစားလိုက်ရတယ်။သူမကစုန့်မိသားစုရဲ့ချမ်းသာကြွယ်ဝမှုတွေကိုမက်မောလို့သူ့ကိုလက်ထပ်ခဲ့တာမဟုတ်ဘူးလား။ဘယ်လိုဖြစ်လို့သူပြောတာကိုချက်ချင်းလက်ခံလိုက်ရတာလဲ?ဒါမှမဟုတ်သူမစိတ်ထဲမှာတခြားရည်ရွယ်ချက်ရှိနေတာလား?

'ကွာရှင်းပြီးသွားရင်မင်းစုန့်မိသားစုဝင်မဟုတ်တော့ဘူးနော်' စုန့်ထင်ယွီသူမကိုထပ်ပြီးသတိပေးလိုက်တယ်: 'မင်းမှာအခုပိုင်ဆိုင်နေတဲ့ဟာတွေကလဲရှိတော့မှာမဟုတ်ဘူး'

'ကျွန်မသိပါတယ်' အစကတည်းကသူမဒီအရာတွေကိုလိုချင်ခဲ့တာမှမဟုတ်တာ။

'ကောင်းပြီ စုရန် မင်းဒီနေ့ပြောခဲ့တာကိုမှတ်ထား‌ပါ' စုန့်ထင်ယွီမျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်: 'မနက်ဖြန်check-upလုပ်ဖို့သွားမယ်။မင်းပြင်ဆင်ထားလိုက်'

စုရန်ခေါင်းညိတ်ပြလိုက်ပြီးအခန်းအပြင်ကိုထွက်လာချိန်မှာ မဒမ်စုန့်ကလဲသူမတို့အခန်းအရှေ့ကိုဖြတ်သွားတာနဲ့ဆုံပြီး: 'ရန်ရန် အခြေအနေဘယ်လိုလဲ?ထင်ယွီပြောတာဘာအဓိပ္ပာယ်လဲ?'

စုရန်ပြုံးပြလိုက်ပြီး: 'စိတ်မပူပါနဲ့အဘွား ဝမ်ရှီပြန်ပြီးကျန်းမာလာမှာပါ'

ဖန်ပြွန်သန္ဓေသားကိစ္စကိုသာစုန့်မိသားစုကသိသွားရင်ပြဿနာတတ်သွားနိုင်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now