အပိုင်း(၆၆)

3.9K 315 3
                                    

ထန်ဇီချူပြောပြီး ဖြေးဖြေးလေးထွက်သွားလိုက်တယ်။

'ခဏစောင့်ဦး' စုန့်ထင်ယွီသူ့ကိုပြန်ခေါ်လိုက်ပြီး မဂ္ဂဇင်းကိုလက်ညှိုးထိုးပြလိုက်ကာ: 'ဒီမဂ္ဂဇင်းရဲ့တည်းဖြတ်သူကိုခေါ်ပြီး ဒါရဲ့အဓိကအရင်းအမြစ်ကိုမေးလိုက်'

စုရန်ကပေါ်ပေါ်ထင်‌ထင်နေတဲ့လူလဲမဟုတ်ဘူး။စုန့်ကုမ္ပဏီနှစ်ပတ်လည်မတိုင်ခင်ကလဲ အန်မြို့ရဲ့မဂ္ဂဇင်းတွေမှာသူမဓါတ်ပုံတခါမှမပါလာဖူးဘူး။သူမကိုလူတွေပြောစရာဖြစ်လာတာကသူနဲ့သူမရဲ့ကိစ္စကြောင့်ဘဲ။သူမကလှည့်ဖျားပြီးစုန့်မိသားစုထဲကိုဝင်လာတယ်လို့လူတွေကယုံကြည်နေကြပြီး သူမနဲ့လင်ချန်ဟွမ်ရဲ့အကြောင်းကိုတော့တစ်ခါမှမပြောဖူးကြဘူး။

ဒီကိစ္စကရိုးရှင်းတယ်လို့စုန့်ထင်ယွီမထင်ဘူး။

'ဟုတ်ကဲ့ပါ ဥက္ကဌစုန့်' ထန်ဇီချူပြောပြီးဆက်သွယ်ဖို့အခန်းကနေထွက်သွားလိုက်တယ်။

စုန့်ထင်ယွီလဲစာရွက်စာတမ်းတွေကြည့်ဖို့ရုံးခန်းကိုပြန်သွားလိုက်တယ်။အစကသူစာရွက်စာတမ်းတွေကိုကြည့်မလို့။ဒါပေမယ့် သူအာရုံမစိုက်နိုင်တာကိုသိသွားတယ်။

သူစာရွက်အနည်းငယ်ကိုလှန်ကြည့်နေပေမယ့် မဂ္ဂဇင်းထဲကပုံတွေဘဲသူ့စိတ်ထဲမှာပေါ်လာတယ်။မဂ္ဂဇင်းနဲ့ စာရွက်စာတမ်းတွေနဲ့ရောထွေးနေတာကိုကြည့်ပြီး မဂ္ဂဇင်းကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်။

အဲ့ဒီအချိန်မှာထန်ဇီချူအခန်းထဲကိုဝင်လာပြီး: 'ဥက္ကဌစုန့် မဂ္ဂဇင်းရဲ့တည်းဖြတ်သူပြောတာကတော့ မနေ့တုန်းကသူအထုပ်တစ်ထုပ်ရခဲ့တယ်တဲ့။အထဲမှာစာရွက်စာတမ်းတွေနဲ့ ဓါတ်ပုံတွေတဲ့..'

'အထုပ်?' စုန့်ထင်ယွီ လက်တွေကိုစားပွဲပေါ်ကိုတင်လိုက်ပြီး စားပွဲခုံကိုအကြိမ်ကြိမ်ခေါက်နေလိုက်တယ်။သူဘာတွေစဉ်းစားနေလဲထန်ဇီချူလဲမခန့်မှန်းနိုင်ဘူး။သူဒီအတိုင်းတိတ်တိတ်လေးဘဲနေနေတယ်။ပြီးတော့သူထိုင်ခုံကနေထလိုက်ပြီး ချိတ်ထားတဲ့ကုတ်ကိုယူကာ အမှိုက်ပုံးထဲကမဂ္ဂဇင်းကိုလက်ညှိုးထိုးပြလိုက်တယ်: 'အဲ့ဒီမဂ္ဂဇင်းကုမ္ပဏီကို ဒီသတင်းကိုချက်ချင်းဖြတ်လို့ပြောလိုက်။မဟုတ်ရင်သူတို့ကိုအန်မြို့မှာနေလို့မရတော့ဘူးလို့ပြောလိုက်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now