အပိုင်း(၁၀)

5.2K 361 1
                                    

စုရန်မျက်နှာပျက်သွားပြီးသူမလက်ကိုတင်းကြပ်စွာဆုပ်ထားလိုက်တယ်။ဖြစ်နိုင်မယ်ဆိုရင်ခုတခါတည်းနဲ့အောင်မြင်သွားချင်တယ်။ဒါမှစုန့်ထင်ယွီနဲ့သူမထပ်ပြီးအတူရှိစရာမလိုတော့ဘူးလေ။
စုန့်ထင်ယွီထွက်သွားတော့မှသူမဘာမှမဝတ်ထားတာကိုသတိရသွားတယ်။သူမမြန်မြန်‌အိပ်ယာပေါ်ကစောင်ကိုယူပြီးသူမကိုယ်ကိုပတ်ထားလိုက်တယ်။ပြီးတော့သူမခြေချင်းဝတ်ကဒဏ်ရာကိုကြည့်လိုက်တယ်။
သူမဒဏ်ရာကိုဖိကြည့်တော့နာလို့ညည်းမိသွားတယ်။သူမခြေထောက်ကတော်တော်ကံဆိုးတာဘဲ။ပြီးခဲ့တဲ့နေ့တုန်းကစုန့်ဝမ်ရှီကိုကယ်လို့ခြေထောက်အနာရခဲ့ပြီးခုလဲခြေထောက်ခေါက်ပြန်ပြီ။
ခြေထောက်ကတော်တော်လေးယောင်နေတာမနက်ဖြန်ဘယ်လိုလမ်းလျှောက်ရမလဲ?
သူမအတွေးထဲမှာနစ်မြောနေတုန်းအခန်းတံခါးပွင့်လာတယ်။
ဆေးသေတ္တာသယ်လာပြီးစုန့်ထင်ယွီဝင်လာတယ်။
စုရန်အံ့ဩသွားတယ်။အစကသူမကူညီဘူးလို့သူမထင်ခဲ့တာ။သူဆေးသေတ္တာကိုကူရှာပေးမယ်လို့လဲသူမမမျှော်လင့်ခဲ့ဘူး။ပြီးတော့သူကိုယ်တိုင်တောင်ယူလာပေးသေးတယ်။
သူကုတင်အစွန်းမှာထိုင်လိုက်ပြီးသူမခြေချင်းဝတ်ကိုကိုင်ကာခဏလောက်နှိပ်ပေးလိုက်တယ်။နှိပ်လိုက်တော့မှပိုနာလာပြီးသူမနှုတ်ခမ်းကိုကိုက်ကာသူ့ဆီကဆေးသေတ္တာကိုလှမ်းယူလိုက်တယ်။'ကျွန်မဘာသာလုပ်မယ်'
စုန့်ထင်ယွီသူမလက်ကိုဖယ်လိုက်ပြီ:'မင်းမှာအားရှိနေသေးတာကိုပြချင်တာလား'
သူမဒဏ်ရာကိုကူညီပေးနေရင်းနဲ့သူပြောလိုက်တယ်:'နားထောင် စုရန်။ငါတို့နှစ်ယောက်လုံးလဲဆန္ဒမရှိကြဘူး။ပြီးတော့ဝမ်ရှီကလဲငါလိုချင်ခဲ့တဲ့ကလေးမဟုတ်ဘူး။ဖန်ပြွန်ကိစ္စကလဲသိသွားပြီဆိုတော့ဒီကိစ္စကငါရှောင်ထွက်သွားလိုက်လို့ရတယ်။ ဒါပေမယ့်ငါသူ့ကိုကူညီချင်သေးတယ်...'သူခေါင်းမော့ပြီးကြည့်ကာ:'မင်းလဲကူညီချင်တယ်မလား'
စုရန်နှုတ်ခမ်းတွေကိုကိုက်ကာ:'သူ့ကိုကျွန်မ၁၀လလုံးဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။သေချာပေါက်ကူညီချင်တာပေါ့'
စုရန်ခြေချင်းဝတ်ကိုကုပြီးသွားတော့သူဆေးသေတ္တာကိုပိတ်လိုက်ပြီး:'မင်းနဲ့ငါနဲ့အတူတူရှိရခြင်းရည်ရွယ်ချက်ကစုန့်ဝမ်ရှီကိုကယ်ဖို့ဘဲ။မင်းကိုယ်ဝန်ရှိလို့ကလေးမွေးပြီးသွားရင် ဝမ်ရှီလဲနေပြန်ကောင်းလာတဲ့အခါငါတို့ကြားမှာဘာမှမရှိတော့ဘူး'
ခုသူမတို့နှစ်ယောက်တူတူရှိနေရတဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိရအောင်သူသတိပေးနေတာဖြစ်မယ်။အရာအားလုံးပြီးသွားရင်သူ့ကိုသူမလက်မလွှတ်မှာကိုစိုးရိမ်နေတာဖြစ်မယ်။
စုရန်သူ့ကိုကြည့်ကာ:'ဥက္ကဌစုန့်ထက်ကိုကျွန်မက ကျွန်မတို့အတူရှိနေရတဲ့ရည်ရွယ်ချက်ကိုပိုသိပါတယ်။ရှင်ဆန္ဒမရှိသလောက်ကိုကျွန်မလဲအတူတူဘဲဖြစ်တဲ့အတွက်စိတ်မပူပါနဲ့။ကျွန်မကဝမ်ရှီကိုကယ်ဖို့ဘဲလိုတာ။ဝမ်ရှီနေကောင်းသွားတာနဲ့ရှင်နဲ့ကွာရှင်းပြီးဝမ်ရှီ‌ကိုခေါ်ပြီးဒီအိမ်ကထွက်သွားမှာပါ'
အမှန်တော့မဒမ်စုန့်ဝမ်ရှီကိုအဲ့ဒီအချိန်ကျရင်သူမနဲ့ထွက်သွားဖို့ကိုသဘောတူပါ့မလားဆိုတာကိုသူမသံသယရှိမိတယ်။ဒါပေမယ့်အဲ့တာကအနာဂတ်ကကိစ္စဖြစ်ပြီးခုအရေးကြီးတာကဝမ်ရှီ့ကိုအသက်ရှင်အောင်လုပ်ရမှာဘဲဖြစ်တယ်။ဒါမှသူမအနစ်နာခံထားသမျှတန်မှာလေ။
'မင်းရဲ့အနာဂတ်အစီအစဉ်ကိုသိထားတော့ကောင်းတာပေါ့'စုန့်ထင်ယွီသူမကိုကြည့်ပြီးနှုတ်ခမ်းကိုကွေးလိုက်တယ်။
သူဆေးသေတ္တာကိုယူလိုက်တယ်။စုရန်တနေကုန်ဘာမှမစားထားပေမယ့်လဲသူမစားချင်စိတ်မရှိဘူးဖြစ်နေတယ်။
စုန့်ထင်ယွီပြောလို့အိမ်အကူကအစားအစာတွေကိုစားပွဲပေါ်မှာတင်ထားခဲ့တယ်။အခုရာသီဥတုကအေးတော့အစားအစာတွေလဲအေး‌သွားပြီပေါ့။
စုရန်ခေါင်းကိုက်လို့သူမလက်နဲ့နားထင်ကိုနှိပ်လိုက်တယ်။သူမဘာမှလဲမစားချင်ဘူး။ဘာမှလဲမတွေးချင်ဘဲအိပ်ယာပေါ်ပြန်လှဲနေလိုက်တယ်။
စုန့်ထင်ယွီအပြင်မှာဖုန်းအကြာကြီးပြောပြီးမှအခန်းထဲပြန်ဝင်လာတယ်။
သူအိပ်ယာပေါ်ကိုလှဲချလိုက်တာစုရန်သိတော့အိပ်ယာအစွန်းနားကိုသူနဲ့ဝေးသွားအောင်ရွှေ့လိုက်တယ်။
စုန့်ထင်ယွီသူမကိုခဏကြည့်လိုက်ပေမယ့်ဂရုမစိုက်ဘဲလှည့်ကာသူမဘက်ကိုကျောပေးပြီးအိပ်လိုက်တယ်။
နောက်တနေ့စုရန်အခန်းပြင်ထွက်ဖို့လုပ်လိုက်ချိန်မှာမဒမ်စုန့်ရုတ်တရက်လှမ်းခေါ်လိုက်တယ်။
မဒမ်စုန့်မျက်နှာကြည့်ရတာမနေ့ကထက်စာရင်အများကြီးကောင်းလာတယ်:'အဘွား နေရတာဘယ်လိုလဲ'
'အခုကောင်းသွားပါပြီ'မဒမ်စုန့်ရယ်လိုက်ပြီးသူမပုခုံးလေးကိုပုတ်ကာ:'ရန်ရန် ဒီနှစ်တွေမှာ သမီးကိုစိတ်ပင်ပန်းစေခဲ့မိပြီ။အဲ့တာစုန့်ထင်ယွီအပြစ်တွေဘဲ။ခုလဲဝမ်ရှီနေကောင်းအောင် သမီး...'
မဒမ်စုန့်စကားမဆုံးသေးပေမယ့်စုရန်သူမဘာပြောချင်လဲဆိုတာနားလည်ပြီးခေါင်းညိတ်လိုက်ကာ:'အဘွား ဝမ်ရှီနေကောင်းဖို့အတွက်ဆိုရင်သမီးဘာဘဲဖြစ်ဖြစ်လုပ်မှာပါ'
သူမကိုဘယ်လောက်ဘဲဆိုးရွားစွာဆက်ဆံပါစေ။စုန့်ထင်ယွီသူမကိုဘယ်လောက်ဘဲမုန်းနေပါစေ ဝမ်ရှီသာနေပြန်ကောင်းမယ်ဆိုရင်သူမသည်းခံနိုင်တယ်။
မနက်စာစားပြီးတော့သူမအပြင်ထွက်လာလိုက်တယ်။ဒီနေ့ဝမ်ရှီကိုခေါ်ပြီးဆေးရုံမှာသူ့အတွက်ဆေးသွားယူလိုက်တယ်။ဆေးယူပြီးသွားတော့စုရန်ရဲ့အချစ်ဆုံးသူငယ်ချင်းထျန်မီကဖုန်းဆက်ပြီးတွေ့ရအောင်ချိန်းလိုက်တယ်။
ကော်ဖီဆိုင်မှာထျန်မီ စုရန်တို့သောက်ဖို့ကိုမှာပေးပြီးသူမကိုကြည့်ကာ:'ဖန်ပြွန်သန္ဓေသားကိစ္စအခြေအနေဘယ်လိုလဲ?'
စုရန်နဲ့သူမတို့သူငယ်ချင်းဖြစ်လာတာကြာပြီးသူမတိုကြားမှာလျှို့ဝှက်ချက်ဆိုတာမရှိတော့စုန်ပြဿနာကိုသူမသိတယ်။
မနေ့ကကိစ္စကရုတ်တရက်ဆိုတော့သူမထျန်မီကိုမပြောပြရသေးဘူး။
'အဲ့ဒီကိစ္စကိုမဒမ်စုန့်သိသွားပြီ။စုန့်ထင်ယွီကငါလုပ်တာလို့ထင်နေတယ်'စုရန်ခါးသီးစွာရယ်လိုက်တယ်။
'ပြီးတော့ရော?'ထျန်မီမျက်လုံးတွေကို‌ပြူးရင်း:'သူနင့်ကိုဘာလုပ်လိုက်လဲ?'ဒါကြောင့်စုရန်ကိုကြည့်ရတာတမျိုးဖြစ်နေတာကိုး။စုန့်ထင်ယွီရိုက်လိုက်တာများလား။
စုရန်ဘာမှမပြောဘဲနေလိုက်တယ်။မနေ့ညကဖြစ်ခဲ့တာတွေနဲ့နာကျင်မှုတွေကိုသူမပြန်သတိမရချင်ဘူး။သူမစိတ်မပျော်ရွှင်ဆုံးကိစ္စကသူမကိုယ်ဝန်မရမချင်းအဲ့တာကိုဆက်လုပ်နေရမှာဘဲ။
အပြင်မှာရာသီဥတုကအေးနေပေမယ့်ဆိုင်ထဲမှာအပူပေးစက်ရှိလို့လူတွေကအပြင်အဝတ်တွေနဲ့လည်စည်းပုဝါတွေကိုချွတ်ထားကြတယ်။ဒါပေမယ့်စုရန်ကတော့လည်ပင်းကပုဝါကိုမချွတ်ဘဲနေနေတယ်။
ထျန်မီတခုခုမှားနေတာကိုခံစားမိပြီးတော့သူမပုဝါကိုဆွဲဖယ်လိုက်တယ်။သူမရဲ့လှပတဲ့မျက်လုံးတွေမှာအံ့ဩမှုတွေနဲ့ပြည့်သွားတယ်။ဘာလို့ဆိုတော့စုရန်လည်ပင်းနဲ့collar boneမှာနမ်းထားတဲ့အမှတ်အသားတွေကိုတွေ့သွားလို့ဘဲ။
စုရန်မျက်နှာဖြူဖျော့သွားပြီးပုဝါကိုအမြန်ပြန်ယူကာပတ်ထားထားလိုက်တယ်။
'ဒါကသူနင့်ကိုပေးတဲ့အပြစ်လား'ထျန်မီဒေါသနဲ့မေးလိုက်တယ်။
စုရန်ရဲ့မျက်တောင်ရှည်ကြီးတွေလှုပ်ရှားသွားပြီး:'ဖန်ပြွန်ကိစ္စကသိသွားပြီလေ။အနှေးနဲ့အမြန်တော့သူနဲ့ငါဒါကိုလုပ်ရမှာဘဲ'
ဒါပေမယ့်အိပ်ယာထဲမှာသူ သူမကိုကိုင်တွယ်ပုံကသူမကိုကြောက်လန့်စေတယ်။
'အမှန်ပြောရရင်လွန်ခဲ့တဲ့လေးနှစ်ကကိစ္စကိုနင်လုပ်တာလို့စုန့်ထင်ယွီထင်နေတာမလား?အဲ့ဒီကိစ္စကနင်နဲ့မှမဆိုင်တာ။နင့်အဖေလုပ်တာလေ...'
သူမစကားမဆုံးခင်မှာဘဲစုရန်ရယ်လိုက်ပြီး:'သူ့မျက်လုံးထဲမှာတော့ငါ့အဖေလုပ်တာနဲ့ငါလုပ်တာဘာကွာမှာလဲ?'
ခဏကြာတော့သူမဖုန်းသံကြားလို့ကြည့်လိုက်တော့:'ခုဘဲသူအကြောင်းပြောနေတယ် ခုလာပြီလေ။'
စုရန်ဖုန်းကိုင်လိုက်ပြီး:'ဘာပြဿနာရှိလို့လဲ'
စုဟုန်ရယ်တာကိုနားထောင်ကြည့်တော့သူစိတ်အခြေအနေကောင်းနေတာကိုခံစားမိတယ်:'ရန်ရန် ထင်ယွီပြန်လာတယ်လို့ကြားတယ်။ဒီနေ့သူ့ကိုခေါ်ပြီးညစာလာစားပါလား?'
စုန့်ထင်ယွီကသူမတို့မိသားစုကိုဒီလောက်မုန်းနေတာကိုသူမဘယ်လိုလုပ်ပြီးအိမ်မှာထမင်းစားဖို့ခေါ်ရဲ့မှာလဲ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now