အပိုင်း(၁၅၅)

1.8K 122 0
                                    

စုန့်ထင်ယွီဒီလိုမြင်ကွင်းမျိုးမြင်ရတာကိုသဘောကျတယ်။နွေးထွေးပြီးလှပတယ်လို့ထင်တယ်။

စုန့်ဝမ်ရှီအိပ်ချင်နေတဲ့ပုံဘဲ။မျက်လုံးကိုခဏခဏပွတ်နေတယ်။

စုရန်သူ့ကိုသူမပုခုံးမှာမှီခိုင်းထားလိုက်ပြီးသူ့အခန်းထဲမှာသူအိပ်ရအောင်ချီသွားမလို့ထင်တယ်။

အဲ့ဒါကိုကြည့်ပြီး သူစီးကရက်မီးကိုသတ်လိုက်ကာလသာဆောင်ကနေအခန်းထဲကိုပြန်ဝင်လာခဲ့တယ်။စုရန်သူ့ကိုမချီရသေးခင်မှာဘဲစုန့်ထင်ယွီဝင်ချီလိုက်ပြီးပြောလိုက်တယ်: 'ကိုယ်လုပ်လိုက်မယ်'

အခုစုရန်အခြေအနေကစုန့်ဝမ်ရှီကိုဘယ်လိုလုပ်ပြီးချီနိုင်မှာလဲ?

သူမတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?

သူမကိုသူစိတ်ပူတယ်။

စုန့်ဝမ်ရှီကိုစုန့်ထင်ယွီကိုသူမပေးချီလိုက်ပေမယ့်စုန့်ဝမ်ရှီအခန်းထဲကိုသူမလဲလိုက်သွားလိုက်တယ်။သူစုန့်ဝမ်ရှီကိုအိပ်ယာပေါ်ကိုချပေးလိုက်တော့ သူမစုန့်ဝမ်ရှီဖိနပ်ကိုချွတ်ပေးလိုက်ပြီးစောင်ခြုံပေးလိုက်တယ်။သူမမီးကိုလဲပိတ်ပေးလိုက်ပြီးညအိပ်မီးလေးဘဲဖွင့်ပေးထားကာသူ့အခန်းထဲကနေပြန်ထွက်လာခဲ့တယ်။

စုန့်ထင်ယွီသူမပုခုံးကိုဖက်ပြီးအခန်းကိုပြန်လာခဲ့တယ်: 'ကောင်းပြီ။ကိုယ်တို့လဲအိပ်ကြရအောင်'

စုရန်သူ့ကိုမော့ကြည့်လိုက်ပြီး: 'ရှင်ပိုင်ချီရွေ့ကိုဖုန်းဆက်တော့သူဘာပြောလဲ?သူဘယ်လိုလုပ်ပြီးဓါတ်ပုံကိုရသွားတာလဲ?'

'တစ်ယောက်ယောက်ကသူ့ကိုပေးလိုက်တာ'

'ဘယ်သူလဲ?' အဲ့ဒီတုန်းကစုရန်ကအိပ်ပျော်နေတယ်ဆိုပေမယ့်အဖြစ်အပျက်တွေကိုထျန်မီအကုန်ပြောပြပြီးပြီ။

ဘယ်သူဖြစ်နိုင်မလဲ?

သူတို့အခန်းကိုပြန်ရာက်တော့စုန့်ထင်ယွီခြေထောက်နဲ့တံခါးကိုကန်ဖွင့်လိုက်တယ်။ပြီးတော့ရုတ်တရက်ကြီးသူမကိုချီပြီးအိပ်ယာပေါ်ကိုတင်လ်ိုက်တယ်။သူ့နှာခေါင်းထိပ်နဲ့သူမနှာခေါင်းထိပ်လေးကိုပွတ်လိုက်ပြီး: 'မင်းအဲ့ဒီအကြောင်းကိုမစဉ်းစားနဲ့တော့။ကိုယ်ဖြေရှင်းလိုက်မယ်။အများကြီးလဲစိုးရိမ်မနေနဲ့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTahanan ng mga kuwento. Tumuklas ngayon