အပိုင်း(၆၈)

4.1K 336 11
                                    

ဒီနေ့သူတို့အိမ်ကိုအစောကြီးပြန်လာကြတော့ စုန့်မိသားစုဝင်တွေလဲမအိပ်ကြသေးဘူး။သူတို့တွေဧည့်ခန်းမှာစကားပြောနေကြတယ်။မဒမ်စုန့် ချန်ကျင်နဲ့ စုန့်မင်ဟွမ်ကလွဲရင် ဧည့်သည်တစ်ယောက်ပါရောက်နေတယ်။သူကမဒမ်စုန့်သမီးရဲ့သား ကုဒုန့်ချန်။

မဒမ်စုန့်မှာကသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။သူ့သမီးကြီးက အိမ်ခြံမြေရောင်းဝယ်ရေးလောကရဲ့နာမည်ကြီး  ကုမိသားစုအိမ်ကသားနဲ့လက်ထပ်လိုက်ပြီး ကုဒုန့်ချန်ကိုမွေးခဲ့တယ်။ပြီး‌တော့ ကုအိမ်ဒေဝါလီခံသွားရပြီး ကုဒုန့်ချန်အဖေနဲ့အမေလဲမတော်တဆမှုနဲ့ဆုံးပါးသွားတော့ မဒမ်စုန့်ကဘဲ သူ့ကိုစုန့်အိမ်ခေါ်ပြီးမွေးလာခဲ့တာ။

ကုဒုန့်ချန်ဆယ်နှစ်သားလဲရောက်ရော ဂျာမနီကိုပညာတော်သင်သွားလိုက်တယ်။သူဟိုကနေဘဲစုန့်ကုမ္ပဏီအလုပ်တွေကိုကူညီပေးပြီး အိမ်ကိုပြန်လာခဲတယ်။

စုရန်လဲစုန့်မိသားစုထဲကိုလွန်ခဲ့တဲ့လေးနှစ်ကဝင်လာခဲ့ပေမယ့် ကုဒုန့်ချန်နဲ့မတွေ့ဖြစ်ဘူး။တရုတ်နှစ်သစ်ကူးရှိလို့ မဟုတ်ရင် လုပ်စရာတစ်ခုခုရှိလို့သူပြန်လာတာနေမှာ။

သူပြန်လာရင်လဲစုန့်အိမ်မှာဘယ်တော့မှမနေဘူး။အပြင်မှာဘဲ‌အမြဲနေတာ။

ဒီနေ့သူပြန်လာတာဘာကိစ္စလဲမသိဘူး။

သူနဲ့စုန့်ထင်ယွီတို့ကငယ်ငယ်လေးကတည်းကတူတူကြီးပြင်းလာကြ‌တာ‌ဆိုတော့ရင်နှီးနေကြတယ်: 'အကို ဘာကိစ္စနဲ့ပြန်လာတာလဲ?'

ကုဒုန့်ချန်နဲ့စုန့်ထင်ယွီတို့ကအရပ်အမြင့်တူတူတူကြတယ်။နှစ်ယောက်လုံးငါးပေကိုးလက်မရှိကြတယ်။စုန့်ထင်ယွီပုခုံးကိုသူပုတ်လိုက်ပြီး: 'အဖွားကိုမတွေ့ရတာကြာပြီလေ။အဲ့ဒါကြောင့်ခဏပြန်လာဝာာ'

စုရန်လဲဝင်ပြီးနှုတ်ဆက်လိုက်တယ်: 'အကိုကုဒုန့်ချန်'

'ရန်ရန်' ကုဒုန့်ချန်ပြုံးလိုက်ပြီး: 'အဲ့တာကြောင့်ညစာစားတုန်းကမင်းတို့ကိုမတွေ့ကြတာကိုး။မင်းတို့သုံးယောက်အပြင်မှာသွားလည်နေကြတာလား?'

သူပြောပြီးတော့စုန့်ဝမ်ရှီကိုငုံ့ကြည့်လိုက်ပြီး: 'ဝမ်ရှီကိုမနိုးစေနဲ့။အပေါ်ကိုခေါ်သွားလိုက်တော့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now