အပိုင်း(၄၀)

4.7K 328 22
                                    

သူမအိမ်ကိုစုရန်လိုက်လာတာက သူမကဆေးရုံကဆရာဝန်ဖြစ်ပြီး မကောင်းတဲ့အကြံမရှိဘူးဆိုတာကိုသိလို့နေမှာ။

သူမဆီမှာဘာမှလဲမပါလာဘူး။

'ညီမခြေထောက်ကြည့်ရတာအေးပြီးထုံနေတဲ့ပုံဘဲ။အမဆီမှာတော့အခုလိမ်းဖို့ဘာမှမရှိဘူး။မနက်ဖြန်ကျရင်ဆေးဝယ်လိမ်းဖို့မမေ့နဲ့နော်' စုရန်ရဲ့ခြေထောက်တွေနီရဲနေတာကိုကျန့်ရီကြည့်ပြီးပြောလိုက်တယ်။

ဒီ‌လောက်အေးနေတာကိုသူမအင်္ကျီပါးပါးလေးဝတ်ပြီးဖိနပ်လဲမစီးထားတာကို တကယ့်ကိုမယုံကြည်နိုင်ဘူး။

ကျန့်ရီစကားပြောပြီးတာနဲ့ တံခါးခေါက်သံကိုကြားလိုက်ရတယ်။ဒီအချိန်ကြီးဘယ်သူများပါလိမ့်ဆိုပြီး သူမလဲအံ့ဩသွားတယ်။

ဘယ်သူမှန်းမသိပေမယ့်လဲ သူမတူကိုအောက်ချထားလိုက်ပြီး တံခါးဖွင့်ဖို့ထလာလိုက်တယ်။

မိုးလဲအတော်ချုပ်နေပြီဆိုတော့ တံခါးကိုတစ်ခါတည်းမဖွင့်ပေးဘဲ လူကြည့်ပေါက်ကနေချောင်းကြည့်လိုက်တယ်။

အရပ်ရှည်ပြီး ရုပ်ကအတော်ချောပေမယ့် သူမျက်နှာကတော့ညှိုးနေတယ်။

သူမလဲသူ့ကိုမသိတော့ကျန့်ရီတံခါးဖွင့်မပေးဘူး။သူမလဲလျစ်လျူရှုပြီး ထမင်းစားပွဲကိုပြန်သွားမလို့လုပ်လိုက်တော့ တံခါးကိုထပ်ခေါက်ပြန်တယ်။ဒီတစ်ကြိမ်တော့အပြင်လူအော်ပြောလိုက်တယ်: 'စုရန် တံခါးဖွင့်ဦး'

စုရန်နာမည်လဲကြားရောကျန့်ရီခဏတော့တုံ့ဆိုင်းလိုက်ပေမယ့်လဲတံခါးဖွင့်ပေးလိုက်တယ်: 'ဒီက မိန်းကလေးစုကိုလာရှာတာလား?'

'သူမဘယ်မှာလဲ?'

စုရန်လဲထမင်းစားပွဲကနေရင်းနှီးတဲ့အသံကိုကြားပြီး လန့်သွားကာတူတောင်ပြုတ်ကျသွားတယ်။

စုန့်ထင်ယွီမဟုတ်ရင်ဘယ်သူဖြစ်ဦးမှာလဲ?

သူမမထင်မိတာက သူဘယ်လိုလုပ်ပြီး သူမကိုရှာတွေ့သွားတာလဲ?အဲ့ဒါအပြင်သူမကိုရှာပြီး သူဘာလုပ်မလို့လဲ?

ပိုင်ချီရွေ့များတစ်ခုခုထပ်ဖြစ်လို့လား?

အဲ့ဒါကိုတွေးမိသွားပြီး သူမမျက်မှောင်ကြုတ်လိုက်ကာ စုန့်ထင်ယွီသူမဆီလျှောက်လာတာကိုဘာမှမပြောဘဲကြည့်နေလိုက်တယ်။နောက်ဆုံးတော့သူမရှေ့မှာသူရပ်လိုက်ပြီး စားပွဲပေါ်ကခေါက်ဆွဲပန်းကန်ကိုတွေ့သွားတော့:  'ခေါက်ဆွဲပြီးအောင်စားပြီးရင်ငါနဲ့အိမ်ပြန်လိုက်ခဲ့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးМесто, где живут истории. Откройте их для себя