အပိုင်း(၁၅၇)

1.7K 130 1
                                    

'ကျွန်တော်သိသလောက်ကတော့ပိုင်ချီရွေ့ကမိဘမဲ့ပါ။သူ့မွေးစားမိဘတွေလဲဆုံးသွားတာကြာပြီ'

'အမေနဲ့သူ့အမေနဲ့ကအချစ်ဆုံးသူငယ်ချင်းတွေ။သူ့အမေကမတော်တဆမှုတစ်ခုကြောင့်ဆုံးသွားတာ။အဲ့ဒါပြီးတော့သူ့ကိုသူ့ရဲ့မွေးစားမိဘတွေကမွေးစားခဲ့တာ။အမေလဲသိတာမကြာသေးဘူး။သူကသနားစရာကောင်းတယ်လို့ခံစားရလို့အမေကကူညီချင်လို့ပါ....'

စုန့်ထင်ယွီသူမကိုစူးစိုက်ကြည့်နေပြီး သူယုံလားမယုံလားတော့မသိဘူး။သူ့မျက်လုံးတွေကအရမ်းကိုစူးရှလွန်းတယ်။သူအဲ့လိုကြည့်နေတာကသူမကိုအနေရခက်စေလို့သူ့အကြည့်တွေကိုချန်ကျင်သဘောမကျဘူး။

'ကောင်းပြီလေ။ဒီအကြောင်းကိုထပ်မပြောကြရအောင်...' ချန်ကျင်ချောင်းဟန့်လိုက်ပြီး: 'သူ့ရဲ့အခုအခြေအနေနဲ့ဆိုရင် သူ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲမသိတော့ဘူး။သူဘယ်လိုလုပ်ပြီးသရုပ်ဆောင်ဆက်လုပ်နိုင်တော့မလဲ?အမှန်ဆိုမင်းသူ့အပေါ်ကိုအကြွေးတင်နေသေးတာကို သူ့ကိုဘာလို့မကူညီပေးတော့တာလဲ....'

စုန့်ထင်ယွီဘာမှမပြောဘဲဝိုင်ဘဲသောက်နေလိုက်တယ်။အဲ့ဒါကိုတွေ့တော့ချန်ကျင်လဲဘာမှထပ်မပြောတော့ဘူး။

အဲ့ဒါပြီးတော့ချန်ကျင်စားနေရင်းနဲ့သူ့ကိုကြည့်နေလိုက်တယ်။သူခုံအနောက်ကိုမှီပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။

ချန်ကျင်တူကိုချထားလိုက်ပြီးသူ့ကိုခေါ်ကြည့်လိုက်တယ်: 'ထင်ယွီ ထင်ယွီ...'

စုန့်ထင်ယွီပြန်မဖြေတော့ဘူး။ချန်ကျင်သူ့အရှေ့ကိုသွားလိုက်ပြီးသူ့ပုခုံးကိုသုံးလေးခါလှုပ်ကြည့်ပြီးနှိုးလိုက်တယ်။

'ထင်ယွီ....'

စုန့်ထင်ယွီကမကြားတဲ့ပုံဘဲ။မျက်လုံးတွေကိုမှ်ိတ်ထားတုန်းဘဲ။

ချန်ကျင်သူမနေရာကိုပြန်သွားလိုက်ပြီးစားပွဲထိုးကိုခေါ်ကာပိုက်ဆံရှင်းလိုက်တယ်။

'မဒမ် ဒီအကိုလေးကမူးနေပြီလား?' မန်နေဂျာကလာပြီးမေးလိုက်တယ်။

ချန်ကျင်ပြုံးလိုက်ပြီး: 'သူမကျွန်မသားပါ။သူသိပ်မသောက်နိုင်ဘဲနဲ့အရက်တွေအများကြီးသောက်လိုက်လို့ပါ'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWo Geschichten leben. Entdecke jetzt