အပိုင်း(၁၄၃)

1.7K 130 2
                                    

အဲ့ဒီပရိတ်သတ်တွေကသူမကိုတော်တော်လေးချစ်ကြတယ်ထင်တယ်။လက်လုပ်ပစ္စည်းတွေရောလက်ဆောင်တွေရောအများကြီးယူလာပေးကြတယ်။

သူမသတင်းစာကိုပြန်ခေါက်လိုက်ပြီးစားပွဲပေါ်မှာတင်လိုက်တယ်။ပြီးတော့သူမမနက်စာစစားလိုက်တယ်။အဲ့ဒီအချိန်မှာအိမ်ထိန်းကဝင်လာပြီးသူမအရှေ့မှာစာအိတ်တွေအများကြီးကိုလာချပေးတယ်။

'မမလေးရဲ့စာတွေပါ'

စုရန်ကြည့်လိုက်တော့စာကသုံးစောင်တောင်မှ။ပို့တဲ့လူနာမည်လဲမပါဘဲသူမနာမည်ကိုဘဲရေးထားတယ်။

ဒီနှစ်ရက်မှာသူမဒီလိုစာမျိုးတွေကိုရဖူးတယ်။သူမကိုမကောင်းပြောထားကြတာ။သူမကစနိုက်ကြော်မ၊အရှက်မရှိတဲ့မိန်းမဆိုပြီးပြောထားကြတာ။

ဒါပေမယ့်လဲပထမနေ့စာစရတော့ဖွင့်ကြည့်ပြီးလွှင့်ပစ်လိုက်တယ်။

သူမကိုစာပို့တဲ့လူတွေကပိုင်ချီရွေ့ရဲ့ပရိတ်သတ်တွေဘဲ။

သူမလဲစာကိုဖတ်ရမှာပျင်းတာနဲ့အမှိုက်ပုံးထဲကိုလွှင့်ပစ်လိုက်တယ်။ပြီးတော့သူမအိမ်ထိန်းကိုပြောလိုက်တယ်: 'အန်ကယ်ဝမ် နောက်တစ်ခါပို့တဲ့လူနာမည်ကိုမရေးထားရင်ကျွန်မအစားလွှင့်ပစ်ပေးပါနော်။ကျွန်မကိုလာပေးစရာမလိုတော့ဘူး'

အန်ကယ်ဝမ်လဲတစ်ချက်တော့အံ့ဩသွားပြီး ချက်ချင်းခေါင်းညိတ်လိုက်ကာ: 'ဟုတ်ကဲ့ မမလေး'

စုရန်စုန့်ဝမ်ရှီကိုကြည့်လိုက်ပြီး: 'ဝမ်ရှီ သားဒီနေ့နွမ်နွမ်တို့အိမ်မှာသွားဆော့မလား?'

စုန့်ဝမ်ရှီမေးလေးထောက်ပြီး: 'မေမေ လုကျင့်ချန်ဖေဖေကသားတို့ကိုလာခေါ်မှာ။သူတို့တွေအခုရှီနွမ်နွမ်တို့အိမ်နားမှာမနေတော့ဘူး...'

သူမစုန့်ထင်ယွီနဲ့ပြောခဲ့တာကိုသတိရသွားတယ်။အဲ့ဒီတုန်းကသူလုမိသားစုကိုသူတို့အကြောင်းကိုပြောပြလိုက်တာဆိုတော့အံ့ဩစရာမရှိပါဘူး။

'လုကျင့်ချန်ကသားနဲ့နွမ်နွမ်ကိုပုံဆွဲတာသင်ပေးမယ်လို့ပြောထားတယ်ဟုတ်?အခုသူအဲ့ဒီမှာမနေတော့ဘူးဆိုတော့ သားရှီနွမ်နွမ်တို့အိမ်ကိုသွားဦးမှာလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now