အပိုင်း(၁၉-၁)

4.6K 321 3
                                    

စုရန် ဒီလိုမျိုးနောက်ကျတဲ့အထိမအိပ်ခဲ့တာ တော်တော်ကိုကြာခဲ့ပြီ။

စုရန် ကိုယိပိုင်အကစတူဒီယိုလေးဖွင့်ထားတယ်။စုန့်ဝမ်ရှီနေကောင်းနေတုန်းက သူမမနက်၇နာရီဆိုရင်နိုးပြီ။သူမ သူနဲ့ထမင်းအတူတူစားပြီးရင် သူ့ကိုမူကြိုကိုလိုက်ပို့တယ်။ပြီးရင် သူမကအလုပ်ကိုသွားတယ်။ပိတ်ရက်တွေဘဲသူမ‌နောက်ကျတဲ့အထိအိပ်ခဲ့တာ။

ဒါပေမယ့်လဲ စုန့်ဝမ်ရှီနေမကောင်းဖြစ်ကတည်းက သူမအလုပ်ကိုမသွားတော့ဘူး။သူမဘယ်လောက်ဘဲနောက်ကျမှအိပ်ယာထခဲ့ပါစေ ဒီနေ့လောက်တော့မအိပ်ခဲ့ဖူးဘူး။

ဒီလိုမျိုးနောက်ကျတဲ့အထိအိပ်တာကိုသူမအသားမကျဘူးဖြစ်နေတယ်

သူမမြန်မြန်ဘဲ ကိုယ်လက်သန့်ရှင်းလိုက်ပြီးအောက်ထပ်ကိုဆင်းလာလိုက်တယ်။

စုန့်ဝမ်ရှီဒီနေ့စိတ်ပျော်ရွှင်နေပြီး သိုးမွှေးကော်ဇော်ပေါ်မှာထိုင်ပြီး ပန်းချီဆွဲနေတယ်။မဒမ်စုန့်လဲအိမ်မှာမရှိဘူး။ချန်ကျင်က စုန့်ဝမ်ရှီရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီးပန်းအိုးတွေကိုပြင်ဆင်နေတယ်။

'အမေ Good Morning'

ချန်ကျင်သူမကိုကြည့်လိုက်ပြီး: 'ခုကမနက်မဟုတ်တော့ဘူးလေ'

ချန်ကျင်သူမကိုသဘောမကျတာစုရန်သိတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မမျက်လုံးထဲမှာ စုရန်က‌သူမရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ဆို နည်းလမ်းမျိုးစုံသုံးတဲ့ မြေခွေးလိုမိန်းမလို့မြင်နေတာ။

ချန်ကျင်ရဲ့အပြုအမူတွေကို စုရန်ကတော့ရိုးနေပြီလေ: 'ညတုန်းကပင်ပန်းသွားလို့ မနက်မထနိုင်တာပါ'

'ပင်ပန်းသွားလို့?' ချန်ကျင်လှောင်သလိုပြောလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲသူမလုပ်လက်စကိုဘဲဆက်လုပ်နေလိုက်တယ်။

ချန်ကျင် စုန့်ဝမ်ရှီကိုလဲမချစ်ဘဲ ရင်ရင်းနှီးနှီးလဲမရှိဘူးလို့ စုရန်ခံစားနေရတယ်။သူမကြောင့်ဘဲလားတော့ စုရန်မသိပေမယ့် ပြီးခဲ့တဲ့အချိန်တွေမှာ ချင်ကျင် သူမဝါသနာပါတာတွေဘဲလုပ်နေပြီး စုန့်ဝမ်ရှီကိုတစ်ခါလေးတောင်အဖော်မပြုပေးခဲ့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now