အပိုင်း(၁၃၈)

1.8K 137 12
                                    

ချန်မိန်းကလေးသက်ပြင်းချလိုက်ပြီးtissueလှမ်းပေးလိုက်ကာ: '‌စိတ်ဆိုးမနေပါနဲ့။အခုအရေးကြီးဆုံးကပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာဘဲ။ကုမ္ပဏီကလဲသိပ်ကျေနပ်နေတာမဟုတ်ဘူး။ဥက္ကဌစုန့်သာနင်နဲ့အတူသရုပ်မဆောင်ပေးရင်ခက်မှာသိလား?အရင်တုန်းကရုပ်ရှင်ရဲ့ခေါင်းဆောင်မင်းသမီးနေရာကိုနင့်ကိုပေးဖို့ဆုံးဖြတ်ပြီးပြီ။အခုပြောင်းရင်ပြောင်းသွားလောက်ပြီ။ငါပြောချင်တာကိုနားလည်လား?'

ချန်မိန်းကလေးစကားလဲကြားရောပိုင်ချီရွေ့နှလုံးသားတွေအေးခဲသွားတယ်။

ချန်မိန်းကလေးသူမလက်ကိုကိုင်လိုက်ပြီး: 'နင်ကဉာဏ်ကောင်းတဲ့မိန်းကလေးပါ။နင်ဘာလုပ်ရမလဲဆိုတာကိုသိပါတယ်။အရေးကြီးဆုံးကိစ္စကသူ့နှလုံးသားကိုနင်ပြန်ယူနိုင်အောင်လုက်ရမှာ...'

'ဒါပေမယ့်သူနဲ့ဓါတ်ပုံအတူတူတွဲပြီးထွက်လာရင်အွန်လိုင်းမှာပိုပြီးမဆိုးသွားနိုင်ဘူးလား?'

'အဲ့ဒါလဲကောင်းသားဘဲ။ဥက္ကဌစုန့်သာနင့်ဘက်ကိုပြန်ပါလာရင် သူပြဿနာတွေကို
ဖြေရှင်းပေးလိမ့်မယ်။ကုမ္ပဏီကလဲနင့်ကိုဘာမှပြောမှာမဟုတ်တော့ဘူး။ဒီနေ့နင်ခေါင်းဆောင်မင်းသမီးနေရာကိုသာရခဲ့ပြီး ကောင်းကောင်းသရုပ်ဆောင်ပြလိုက်ရင် အဲ့ဒီအခါကျရင်လူတွေလဲစိတ်အေးသွားပြီးဘာမှပြောမှာမဟုတ်တော့ဘူး....'

ပိုင်ချီရွေ့ခုံမှာမှီပြီးထိုင်လိုက်ကာစိတ်ကိုလျှော့နေလိုက်တယ်။

ချန်မိန်းကလေးကဆက်ပြောလိုက်တယ်: 'နောက်ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာ နင့်ဆီကိုပရိတ်သိတ်တွေရောက်လာနိုင်တယ်။ကြိုတင်ပြင်ဆင်ထားဦး'

သူပြောလို့ပြီးတာနဲ့ အဝတ်လဲခန်းထဲကနေထွက်သွားလိုက်တယ်။

ဒီနေ့ပိုင်ချီရွေ့အရမ်းကိုအရေးကြီးတဲ့ဒရာမာကားကိုရိုက်နေတာ။ဒါပေမယ့်စုရန်နဲ့စုန့်ထင်ယွီတို့ရဲ့သတင်းကြောင့်သူမအာရုံစုစည်းလို့မရဘူး။ဇာတ်ညွှန်းကိုလဲတစ်လုံးတောင်ကျက်လို့မရတော့ဘူး။

ချန်မိန်းကလေးထွက်သွားပြီးတော့ ပိုင်ချီ‌ရွေ့ဇာတ်ညွှန်းကိုပြန်ဖတ်ကြည့်ပေမယ့် သူမစိတ်ကိုမစုစည်းနိုင်သေးဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora