အပိုင်း(၉-၂)

5.1K 369 1
                                    

စုရန်အိပ်ယာပေါ်မှာမှောက်လျှက်လှဲနေပြီးသူမနည်းနည်းလေးမှတောင်လှုပ်ဖို့အားမရှိတော့ဘူး။သူမခန္ဓာကိုယ်ကိုကိုင်ရိုက်ထားသလိုမျိုးမနာတဲ့နေရာတခုမှမရှိဘူး။
အခန်းထဲမှာရေချိုးခန်းထဲကမီးအလင်းရောင်ကလွဲလို့ဘာမီးမှမထွန်းထားဘူး။
စုန့်ထင်ယွီလဲအခန်းထဲမှာမရှိတော့ဘဲရေချိုးခန်းထဲမှာရေချိုးနေတယ်။ဒါကြောင့်ရေချိုးတဲ့အသံကိုကြားနေရတယ်။
သူမရဲ့တုန်ယင်နေတဲ့လက်တွေနဲ့စောင်ကိုဆွဲပြီးခြုံလိုက်တယ်။ခုအချိန်မှာသူမဘယ်သူနဲ့မှမတွေ့ချင်ဘူး။
ခဏကြာတော့ရေချိုးခန်းတံခါးဖွင့်ပြီးစုန့်ထင်ယွီထွက်လာကာသူမအနားကိုကပ်လာပြီးစောင်ကိုဖယ်မလို့လုပ်လိုက်တယ်။
စုရန်သူ့ကိုမတွေ့ချင်လို့စောင်ကိုအတင်းပြန်ဆွဲထားလိုက်တယ်။
စုန့်ထင်ယွီခဏဆွဲပြီးတာနဲ့သူမနဲ့ပြိုင်ဆွဲမနေတော့ဘဲလွှတ်ပေးလိုက်ကာသူပြောနေကျလေသံဖြင့်:'ညစာ စားပွဲပေါ်မှာပြင်ထားပြီးပြီ'
စုရန်မကြားချင်ယောင်ဆောင်လိုက်တယ်။စုန့်ထင်ယွီလဲသူမကိုဂရုမစိုက်ဘဲအဝတ်ဗီဒိုဖွင့်ပြီးအဝတ်လဲကာအခန်းပြင်ထွက်သွားလိုက်တယ်။
တခန်းလုံးမှောင်မည်းနေပြီးသူမတယောက်တည်းရှိတဲ့အချိန်မှစောင်ကိုဖယ်လိုက်တယ်။သူမရဲ့ခံစားချက်မဲ့နေတဲ့မျက်လုံးတွေနဲ့မျက်နှာကျက်ကိုကြည့်ပြီးအိပ်ချင်စိတ်လဲမရှိဘူးဖြစ်နေတယ်။
သူမစောင်ကိုဖယ်လိုက်ပြီးခြေဗလာနဲ့အဝတ်မရှိတဲ့ကိုယ်နဲ့ဘဲရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်။ရေပန်းအောက်မှာရပ်ပြီးရေဖွင့်ကာသူမတကိုယ်လုံးကိုစတင်ပွတ်တိုက်လိုက်တယ်။
စောစောကဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးရင်းသူမမခံစားနိုင်တော့ဘဲငိုချပစ်လိုက်တယ်။
ငိုလိုက်တာကသူမအတွက်စိတ်ထွက်ပေါက်တခုဘဲဆိုတာသူမသိတယ်။သူမမှာရွေးချယ်စရာမှမရှိတာ။
သူမကိုယ်သူမဂုဏ်သိက္ခာရှိတယ်လို့ထင်ခဲ့ပေမယ့်သူ့ရှေ့မှာတော့အဲ့ဒီဂုဏ်သိက္ခာဆိုတာမရှိဘူးခဲ့ဘူး။ဒါကြောင့်သူမကိုသူဒီလိုမျိုးလုပ်ပြီးအရှက်ရစေတာ။
သူမဒီလိုမျိုးလုပ်ရတာကိုမုန်းတယ်။ဖြစ်ခဲ့တာတွေကိုကြည့်ပြီးသူမနှလုံးသားကဒီလိုမျိုးလုပ်ဖို့ကိုကြောက်နေမိတယ်။ဒါပေမယ့်သူမဘယ်လောက်မုန်းမုန်းဒုတိယကလေးရဖို့ဆိုရင်စုန့်ထင်ယွီနဲ့သူမနေ့တိုင်းအိပ်ယာထဲမှာဒီလိုမျိုးလုပ်နေရဦးမှာဘဲ။
စုရန်သူမရဲ့ကိုယ်တွေနီရဲလာတဲ့အထိပွတ်နေမိတယ်။ဒီတကြိမ်ဘဲငိုမယ် ဒါကနောက်ဆုံးအကြိမ်ငိုခြင်းဘဲလို့သူမကိုယ်သူမပြောနေမိတယ်။ခုကစပြီးသူမကြံ့ခိုင်အောင်နေမယ်။ဘယ်လိုအခက်အခဲဘဲတွေ့တွေ့စုန့်ဝမ်ရှီအတွက်ဆိုရင်သူမကြံ့ခိုင်နေမှဖြစ်မယ်။
စုန့်ထင်ယွီထွက်သွားပြီထင်လို့စုရန်ရေချိုးခန်းထဲဝင်တော့တံခါးလော့မချခဲ့ဘူး။စုန့်ထင်ယွီရေချိုးခန်းထဲကငိုသံကြားလို့တံခါးနားရောက်လာခဲ့တယ်။သူတံခါးရှေ့မှာရပ်ပြီးသူမငိုနေရင်းကိုယ်ကိုကြမ်းတမ်းစွာပွတ်နေတာကိုတွေ့လိုက်ရတယ်။
နဂိုကသူမအသားကဖြူပြီးနူးညံ့တော့ဒီလိုမျိုးလုပ်နေတာကိုဘယ်လိုခံနိုင်မှာလဲ?ဒါကြောင့်သူမအသားတွေနီရဲလာတယ်။
'မင်းအသားတွေစုတ်ပြဲကုန်မှရပ်မှာလား?'
စုန့်ထင်ယွီအသံကြားတော့သူမလန့်သွားပြီးအနောက်ကိုအနည်းငယ်ဆုတ်လိုက်တယ်။
ဖိနပ်လဲမပါဘဲလန့်ပြီးတော့အနောက်ဆုတ်လိုက်တဲ့အချိန်ဆပ်ပြာအမြှုပ်ကိုနင်းမိပြီး
သူမသိသွားတဲ့အချိန်မှာနောက်ကျသွားပြီး။သူမကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားပြီ။
နဂိုထဲကသူမကိုယ်ကအရမ်းကိုနာနေပြီးခုပြုတ်ကျသွားတဲ့အရှိန်ကြောင့်သူမနည်းနည်းတောင်မလှုပ်နိုင်တော့ဘူး။
နာလွန်းလို့နဖူးမှာချွေးတွေတောင်ထွက်လာတယ်။
စုန့်ထင်ယွီနှုတ်ခမ်းကိုကွေးလိုက်ပြီးအထဲဝင်ကာသူမကိုချီလိုက်တော့သူမကသူကိုကြည့်လိုက်တယ်။
စုန့်ထင်ယွီအကြည့်တွေကအေးစက်နေပြီး:'ဘာလဲ?မင်းကိုမချီစေချင်ဘူးလား?ဒါပေမယ့်မင်းမှာရွေးချယ်စရာမရှိဘူးလေ။ငါ့လို့ဘဲရွေးချယ်စရာမရှိဘဲမင်းကိုမထိချင်ပေမယ့်ထိနေရတယ်'
စုရန်နှုတ်ခမ်းကိုကိုက်ကာနာနေတာကိုသည်းခံပြီး:'ဥက္ကဌစုန့်နဲ့အတူရှိနေရတာကိုရွေးချယ်စရာမရှိပေမယ့်ရွေးချယ်လို့ရတဲ့အချိန်ရောက်ရင်တော့ကျွန်မကတော့ဥက္ကဌစုန့်နဲ့အတူရှိဖို့မလိုအပ်တော့ပါဘူး'
စုန့်ထင်ယွီခေါင်းငုံ့ကာသူမကိုကြည့်လိုက်ပြီးရေချိုးခန်းထဲကချီလာကာကုတင်ပေါ်တင်ရင်း:'‌ကောင်းတာပေါ့။ငါတို့မှာရွေးချယ်စရာမရှိတဲ့အတွက်ဒီကိစ္စပြီးသွားအောင်မြန်မြန်လုပ်ကြတာပေါ့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now