အပိုင်း(၁၅၃)

2K 169 11
                                    

ဒါပေမယ့်စုန့်ထင်ယွီကသူမကိုမချစ်ဘဲအပြစ်တင်စိတ်ကြောင့်သာသူမဘေးမှာနေခဲ့လို့ရှိရင်အဲ့လိုယောကျာ်းမျိုးကမှပိုပြီးရက်စက်တာ။

ဒါပေမယ့်စုန့်ထင်ယွီအဲ့လိုမလုပ်ခဲ့ဘူး။သူမကိုသူမချစ်ဘဲသူဇနီးအပေါ်ကိုသစ္စာစောင့်သိချင်တဲ့အတွက်သူမနဲ့လမ်းခွဲခဲ့တယ်။

ဒါပေမယ့်သူနဲ့ငါးနှစ်တောင်အတူတူရှိခဲ့တာကိုဒီလိုရလဒ်မျိုးရလာတဲ့အတွက်ပိုင်ချီရွေ့လက်မခံနိုင်ဘူးဖြစ်နေတယ်။သူ့အနားမှာသူမတဝဲလည်လည်လုပ်နေပြီးအရင်ကအချိန်တွေကိုပြန်သွားချင်နေတယ်။

ဒါပေမယ့်လူတစ်‌ယောက်ကမင်ကိုမချစ်တော့ဘူးဆိုလို့ရှိရင်မချစ်တော့ဘူးဘဲ။သူမစုန့်ထင်ယွီကိုသူမအနားကိုပြန်ခေါ်ထားလို့မရနိုင်တော့ဘူး။

သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်နေတာလဲဆိုတာကိုဒီလက်ထောက်ကောင်မလေးကသေသေချာချာမသိဘူး။ဒါပေမယ့်သူမှပိုင်ချီရွေ့ကိုမချစ်တာကိုပိုင်ချီရွေ့သူ့ကိုလက်လွှတ်သင့်ပြီလို့ထင်တယ်။သူမဘာဘဲလုပ်လုပ်ပြောင်းလဲလို့မှမရတာ။ဘာလို့ဇွဲရှိရှိနဲ့ကြိုးစားနေဦးမှာလဲ?

စုန့်ထင်ယွီစုရန်ကိုကြည့်တဲ့အကြည့်ကအချစ်တွေပိုင်ဆိုင်လိုစိတ်‌တွေနဲ့ပြည့်နှက်နေတယ်။မိန်းကလေးတိုင်းကစုရန်အားကျလောက်တယ်။

'သူစုရန်အပေါ်ကိုသစ္စာရှိချင်တယ်ဆိုရင်ငါကရော?ငါကိုကျတော့ရော?' ပိုင်ချီရွေ့သူမကိုယ်သူမလက်ညှိုးထိုးပြီးအေးစက်စွာမေးလိုက်တယ်။

'ဒါပေမယ့် ပိုင်မိန်းကလေး...' လက်ထောက်ကောင်မလေးတံတွေးမျိုချလိုက်ပြီး: 'အမနဲ့စုန့်ထင်ယွီကလမ်းခွဲပြီးပြီလေ...ပြီးတော့လဲ အမလက်လျှော့လိုက်သင့်ပြီလို့ထင်တယ်...'

'ဒါဆိုရင်နင်လဲငါခံရသင့်တယ်လို့ထင်နေတယ်ပေါ့?ငါသူ့ကိုလက်မလွှတ်နိုင်လို့အခုလိုတွေဖြစ်ရတာမို့ငါခံသင့်တယ်ပေါ့လေ?' အခုအချိန်မှာပိုင်ချီရွေ့ရဲ့မျက်လုံးတွေကကြောက်စရာကောင်းနေတယ်။

လက်ထောက်ကောင်မလေးကသူ့ရဲ့အခုလိုပုံစံကိုမမြင်ဖူးတော့ပိုင်ချီရွေ့ရဲ့အကြည့်တွေကိုကြောက်သွားပြီးပြန်ပြင်ပြောလိုက်တယ်: 'ပိုင်မိန်းကလေး ညီမကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။ညီမကဒီအတိုင်းဘဲ....အမအတိတ်ကိုအတိတ်မှာဘဲထားခဲ့ပြီးပိုကောင်းတဲ့ဘဝမှာနေသင့်တယ်လို့ထင်လို့ပါ...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now