အပိုင်း(၁၁၉)

2.7K 194 2
                                    

'ရောင်းမယ်ပေါ့လေ?' စုရန်အံ့ဩသွားတယ်။ဘာဘဲပြောပြောဒါကအဖွားတစ်သက်လုံးနေလာခဲ့တဲ့အိမ်လေ။

'အဖွားလဲမရှိတော့ဘူးဆိုတော့ဒီအတိုင်းထားထားလို့လဲအပိုဘဲလေ။ဝမ်းနည်းတာတွေဘဲတိုးလာမှာ။အိမ်ကရောင်းမှာဆိုတော့အဖွားပစ္စည်းတွေကိုကိုယ်သွားယူမလို့' လင်ချန်ဟွမ်ဆက်ပြောလိုက်တယ်: 'စုရန် မင်းအားလား?အားရင်အတူတူသွားရအောင်။အဲ့ဒီမှာမင်းကလေးဘဝကအမှတ်တရပစ္စည်း‌တွေလဲရှိနေနိုင်တယ်'

အဖွားအိမ်ကိုစုရန်မကြာခဏသွားဖြစ်တော့ အဲ့ဒီမှာသူမစာရေးတယ်။ပုံဆွဲတယ်အိမ်စာတွေလုပ်ဖြစ်တယ်။

စုရန်အဲ့ဒီအချိန်တွေကိုလွမ်းမိတယ်။

အဖွားကသူမကိုပြုံးပြပြီးကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့တစ်ဦးတည်းသောလူဘဲ။

'ကောင်းပြီလေ။ခဏနေကျရင်ကျွန်မနဲ့ထျန်မီတို့ရှင့်ကိုလာရှာလိုက်မယ်။အတူတူသွားကြရအောင်'

လင်ချန်ဟွမ်ခဏတိတ်ဆိတ်သွားပြီးမှပြန်ပြောလိုက်တယ်: 'ရန်ရန် မင်းကိုယ့်ကိုတွေ့တဲ့အချိန်တိုင်းထျန်မီကိုခေါ်ဖို့မလိုပါဘူး။မင်းရဲ့ရည်ရွယ်ချက်ကိုကိုယ်သိပါတယ်....'

'ချန်ဟွမ်....'

လင်ချန်ဟွမ်ပြုံးလိုက်ပြီး: 'ကောင်းပြီလေ။ခဏနေကျရင်မင်းတို့ကိုကိုယ်စတူဒီယိုမှာလာရှာလိုက်မယ်'

သူဖုန်း‌ချသွားတော့ သူမသက်ပြင်းချလိုက်မိတယ်။သူမသိနေပေမယ့်လဲအမြဲတမ်းရှောင်လွှဲနေမိတယ်။လင်ချန်ဟွမ်ဘယ်လောက်ဘဲပြောပြောသူမရှောင်ပြေးနေမိတယ်။သူမကပြဿနာတွေ့ရင်ခေါင်းရှောင်တတ်တဲ့သူမဟုတ်ပါဘူး။သူ့ကိုဆုံးရှုံးရမှာကြောက်လို့ သူမဆွေမျိုးတစ်ယောက်ကိုဆုံးရှုံးသွားမှာကြောက်လို့။

သူမငယ်ငယ်လေးကတည်းကဘာဆွေမျိုးမှမရှိခဲ့ဘူး။ချောင်ချောင်ကစုဟုန်နဲ့အတင်းအတူနေမယ်ဆိုတော့သူမတို့နှစ်ယောက်တည်းကျန်ခဲ့တာ။တခြားဆွေမျိုးတွေအကုန်လုံးကသူမတို့သအမိကိုပစ်ထားခဲ့ကြတာ။စုဟုန်ကလဲသူမကိုဖခင်မေတ္တာမပေးဘူး။ချောင်ချောင်ကလဲသူ့ချစ်ယောက်ကျာ်းကိုဘဲဂရုစိုက်နေတာ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora