အပိုင်း(၁၅၂)

2.1K 182 8
                                    

အဲ့ဒီလူတွေကဘယ်သူကတတိယလူလဲဆိုတာကိုမေ့သွားကြတာလား?

စုန့်ထင်ယွီနဲ့ဘယ်သူကအရင်တွဲခဲ့တာလဲ?

ပိုင်ချီရွေ့ သူမစိတ်ကိုသူမထိန်းချင်ပေမယ့်မထိန်းနိုင်ဘူးဖြစ်နေတယ်။သူမဒေါသတွေထွက်နေပြီးတစ်‌စုံတစ်ယောက်‌ကိုဖုန်းဆက်လိုက်တယ်။ဆက်ပြီးသွားတော့ဖုန်းကိုဘေးဘက်ကိုပစ်ထုတ်လိုက်တယ်။သူမWeiBoကိုထပ်မကြည့်ချင်တော့ဘူး။ကြည့်ရင်‌ဒေါသဘဲပိုထွက်လာမှာ။

သူမစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့လိုအပ်တယ်။အင်တာနက်ကိုကြည့်ရင်အဲ့တာတွေကို‌ဘဲတွေ့နေရမှာ။

စုရန်ဆေးရုံမှာရက်အတော်ကြာနေလိုက်ရတယ်။နောက်ဆုံးတော့သူမဒီနေ့ဆေးရုံကနေဆင်းလို့ရပြီ။မနက်ထဲကသူမဆေးရုံဆင်းဖို့ကိစ္စတွေကိုစုန့်ထင်ယွီလိုက်လုပ်ပေးနေတာ။

စုရန်အခုချိန်မှာကွာရှင်းဖို့အကြောင်းကိုထပ်မပြောပေမယ့် သူ့အပေါ်ကိုတော့အေးစက်စက်ဆက်ဆံနေတုန်းဘဲ။

ဒါကစုန့်ထင်ယွီအတွက်အရမ်းကိုခက်ခဲတယ်။သူဘယ်လောက်ဘဲသူမနဲ့စကားပြောဖို့ကြိုးစားပေမယ့်လဲ သူမကတော့တက်တက်ကြွကြွနဲ့ပြန်‌မပြောဘဲ သူ့ကိုဂရုလဲမစိုက်ဘူး။

စုန့်ထင်ယွီဒီလိုမျိုးကိုကျင့်သားမရဘူး။ဒါပေမယ့်လဲဘာလုပ်ရမယ်မှန်းလဲမသိဘူး။

ဆေးရုံဆင်းဖို့ကိစ္စတွေကိုလုပ်ပြီးသွားတော့ သူအခန်းကိုပြန်လာခဲ့တယ်။စုရန်ကထိုင်နေပြီးအိမ်အကူကသူမပစ္စည်းတွေကိုသိမ်းပေးနေတယ်။

စုန့်ထင်ယွီ စုရန်ရဲ့ဗိုက်ကိုခဏကြည့်လိုက်ပြီးတော့ သူမကိုလက်ကိုဆွဲလိုက်တယ်။

သူမလဲသူ့ကိုကြည့်လိုပြီး: 'ဘာဖြစ်လို့လဲ?'

'သွားစစ်ကြည့်ရအောင်'

'ဘာကိုစစ်မလို့လဲ?'

'ကလေးကဘာလေးလဲဆိုတာကိုသိချင်လို့'

စုရန်ကလေးကလေးလရှိနေပြီဆိုတော့စစ်လို့ရနေပြီ။

'ရှင်အမြဲတမ်းမိန်းကလေးလို့ထင်နေတာမဟုတ်ဘူးလား?'

'ကိုယ်သေချာအောင်အတည်ပြုချင်လို့' ကလေးအကြောင်းပြောတော့မှစုရန်စကားကိုဟက်ဟက်ပတ်ပတ်ပြန်ပြောတော့တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now