အပိုင်း(၁၆၉)

1.9K 174 1
                                    

အခုစုန့်ထင်ယွီလဲအရွယ်ရောက်နေပြီ။အမှန်တရားတွေကိုလဲသိနေပြီဆိုတော့ဖုံးကွယ်ထားဖို့မလိုတော့ဘူးလေ။

'အင်း...' စုန့်ထင်ယွီနဖူးကိုနှိပ်ပြီးပြန်ဖြေလိုက်တယ်။သူ့အသံကိုနားထောင်ရတာပင်ပန်းနေတဲ့ပုံဘဲ။

စုရန်သူ့ကိုကြည့်ပြီး: 'ရေအရင်သွားချိုးလိုက်ဦး။ပြီးရင်အိပ်ရအောင်' ဒီရက်ပိုင်းသူတောက်လျှောက်အလုပ်လုပ်နေတာဆိုတော့ကောင်းကောင်းမနားရသေးဘူး။

နောက်တစ်နေ့ရောက်တော့

စုန့်မင်ဟွမ်အခန်းထဲမှာလက်ဖက်ရည်သောက်နေတုန်းစုရန်နဲ့စုန့်ထင်ယွီတို့အခန်းထဲကိုဝင်လာကြပြီး: 'အဖေ'

အစကသူတို့ဝင်လာတာကိုစုန့်မင်ဟွမ်သတိမထားမိဘူး။သူတို့မဝင်လာခင်သူတစ်ခုခုကြည့်နေတာ။သူတို့အသံကိုလဲကြားရော: 'မင်းတို့ကိုး။လာလေ ထိုင်ကြ'

စုန့်မင်ဟွမ်လက်ထဲကလက်ပတ်ကိုစုန့်ထင်ယွီသတိထားမိသွားတယ်။စုန့်မင်ဟွမ်ကတော့လက်ပတ်ကိုအိတ်ထဲကိုဖြေးဖြေးချင်ပြန်ထည့်လိုက်တယ်။

သူတို့ထိုင်ပြီးတော့စုန့်မင်ဟွမ်သူတို့ကိုကြည့်လိုက်ပြီး: ' မင်းတို့ပြောစရာရှိလို့လား?'

'သမီးတို့အဖေနဲ့စကားတူတူပြောပြီးလက်ဖက်ရည်တူတူသောက်ချင်လို့ပါ..' စုရန်ပြုံးပြီးပြောလိုက်တယ်။

'ကောင်းပြီလေ' စုန့်မင်ဟွမ်လဲပြုံးပြီးခေါင်းညိတ်ပြလိုက်တယ်။

စုန့်ထင်ယွီခဏတိတ်ဆိတ်နေပြီးတော့မှ ကွေ့ဝိုက်မနေတော့ဘဲတည့်တည့်ဘဲပြောလိုက်တယ်: 'အဖေ ဟိုနေ့တုန်းကအဖေနဲ့အဖွားတို့ပြောနေကြတာကိုကျွန်တော်ကြားတယ်'

စုန့်မင်ဟွမ်အံ့ဩသွားပြီး: 'ဘယ်စကားလဲ?'

စုန့်ထင်ယွီသူ့ကိုကြည့်ပြီး: 'ပိုင်ချီရွေ့ရဲ့ဘဝအမှန်နဲ့ပတ်သက်ပြီးတော့'

စုန့်မင်ဟွမ်မျက်နှာပျက်သွားပြီးနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားလိုက်ကာဘာမှပြန်မပြောတော့ဘူး။

စုန့်ထင်ယွီလဲဆက်ပြောလိုက်တယ်: 'ကျွန်တော့သူ့အကြောင်းကိုလူတစ်ယောက်နဲ့စုံစမ်းခိုင်းထားတာအဖြေသိလာပြီးပြီ။သူမကတကယ့်ကိုချန်ကျင်ရဲ့သမီးဘဲ။ချန်ကျင်တစ်ခြားယောက်ျားနဲ့ကလေးရှိခဲ့တာ။အဖွားလဲအဖေ့ကိုစုံစမ်းခိုင်းထားတယ်မလား?အဖေလဲသိပြီးပြီလို့ထင်တယ်။ပိုင်ချီရွေ့ကသူ့သမီးအရင်းဆိုတာကိုချန်ကျင်သ်ိရင်ကျွန်တော်သာသူ့သားအရင်းဆိုရင်ကျွန်တော်တို့နှစ်ယောက်ကိုသဘောတူမှာမဟုတ်ဘူး။ဒါကိုစဉ်းစားကြည့်ပြီးကျွန်တော်စုံစမ်းကြည့်လိုက်တော့' အဲ့ဒီအချိန်မှာစုန့်မင်ဟွမ်စုန့်ထင်ယွီကိုကြည့်လိုက်ပြီး: 'ကျွန်တော့အမေအရင်းကဟန်ကျင့်မဟုတ်လား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now