အပိုင်း(၁၁၅)

2.9K 221 2
                                    

စုရန်လဲခေါင်းညိတ်လိုက်ပြီးစဉ်းစားမရဖြစ်နေတယ်။သူဘာထပ်ပြောစရာရှိသေးလို့လဲ?

'ဒါဆိုရင်ကိုယ်ပြောမယ့်အလှည့်ဘဲ'  စုန့်ထင်ယွီစုလိုင်ကိုကြည့်လိုက်ပြီး: 'မင်းငါ့ကိုကြိုက်နေတာလား?'

အခုအချိန်မှာစုလိုင်စိတ်ရှုပ်‌ထွေးနေတယ်။သူမခေါင်းညိတ်ရမလားခေါင်းခါရမလားမသိဘူးဖြစ်နေတယ်။နောက်ဆုံးတော့ခေါင်းညိတ်လိုက်ပြီး: 'ဟုတ်တယ်။အဲ့ဒါကြောင့်ကျွန်မအဲ့ဒီလိုလုပ်ဖြစ်သွားတာ။ကျွန်မခဏတာရူးမိုက်မိတာပါ'

စုန့်ထင်ယွီရယ်လိုက်ပြီး: 'မင်းကိုယ်မင်းမှန်မကြည့်ဘူးလား?မင်းရုပ်ကဘယ်လိုဖြစ်နေတယ်ဆိုတာကိုမသိဘူးလား?မင်းမှာဘာအရည်အချင်းရှိလို့ငါ့ကိုကြိုက်ရတာလဲ?'

'စုန့်ထင်ယွီ ရှင်....' စုလိုင်လဲအထက်တန်းတုန်းကအလှမယ်ပါ။သူမမှားမှန်းသိနေပြီကိုသူမကိုအရှက်ခွဲနေတာလား။သူမမခံစားနိုင်တော့ဘဲ: 'ရှင်လူကိုသိပ်ပြီးအနိုင်မကျင့်ပါနဲ့။ကျွန်မပြောလိုက်မယ်စုန့်ထင်ယွီ။ရှင်မျက်စိကမ်းနေတာမဟုတ်ရင်စုရန်ကိုကြိုက်မှာမဟုတ်ဘူး။သူမကတော်တယ်လို့ရှင်ထင်နေတာမဟုတ်လား?အခုသူမကိုရှင်ဂရုစိုက်ပြီးကာကွယ်နေတာ သူမနှလုံးသားထဲမှာရှင်ရှိတယ်ဆိုတာကိုရှင်သိလို့လား?သူမလင်ချန်ဟွမ်နဲ့ရှစ်နှစ်တောင်အတူတူရှိလာခဲ့တာ။ကျွန်မအဖေကြောင့်သာမဟုတ်ရင်သူမလင်ချန်ဟွမ်နဲ့ယူပြီး‌ေကြောင့်သာမဟုတ်ရင်သူလင်ချန်ဟွမ်နဲ့ယူပြီးနေလောက်ပြီ။အခုတောင်မှသူမနဲ့လင်ချန်ဟွမ်တို့တွဲနေကြလားဆိုတာကိုရှင်သေချာမသိဘူးမဟုတ်လား?စုန့်ဝမ်ရှီနေကောင်းလာရင်ကွာရှင်းမယ်ဆိုပြီးသူမဘဲပြောခဲ့တာ။ပြီးတော့လင်ချန်ဟွမ်နဲ့တွဲတော့မှာ။ရှင်ကသူမကိုရတနာလို့ထင်နေပေမယ့်သူမကရောရှင့်ကိုဘယ်လိုထင်နေတာလဲ?'

စုလိုင်လဲအကုန်လုံးကိုအကျယ်ကြီးဆက်ပြောချင်ပေမယ့်ရုတ်တရက်သူမမျက်နှာကိုအရက်တွေနဲ့အပတ်ခံလိုက်ရပြီး အရက်တွေကသူမလည်ပင်းကနေတစ်ဆင့်အင်္ကျီကိုစိုသွားတယ်။သူမမျက်လုံးမှိတ်ပြီးလက်တွေနဲ့သုတ်လိုက်တယ်။သူမလဲမျက်လုံးပြန်ဖွင့်ရောလူတွေကိုတုန်ယင်သွားစေနိုင်တဲ့အေးစက်တဲ့မျက်လုံးတွေနဲ့အကြည့်ဆုံသွားတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTahanan ng mga kuwento. Tumuklas ngayon