အပိုင်း(၁၀၀)

3.3K 236 0
                                    

'ဒါကြောင့်...ရန်ရန်...' စုရန်လက်လေးကိုမဒမ်စုန့်ပုတ်ပေးလိုက်ပြီး: 'သမီးသေသေချာချာစဉ်းစားဖို့လ်ိုတယ်..'

စုရန်လဲသတိပြန်ဝင်လာပြီး: 'အဖွားပြောသလိုသမီးလုပ်ပါ့မယ်'

စုရန်လဲစိတ်အခြေအနေမကောင်းတာနဲ့ညစာနည်းနည်းလေးစားပြီးစောစောတက်အိပ်နေလိုက်တယ်။စုန့်ထင်ယွီညစာပြန်မစားဘူးထင်တယ်။သူမအိပ်ပျော်တဲ့အထိတောင်ပြန်မလာသေးဘူး။

သူမအိပ်ပျော်ခါနီးအချိန်လောက်ရောက်မှအခန်းထဲမှာအသံကြားလို့ ခက်ခက်ခဲခဲနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ စုန့်ထင်ယွီရဲ့အေးစက်နေတဲ့မျက်လုံးတွေနဲ့ဆုံသွားတယ်။

သူကုတင်ဘေးမှာရပ်ပြီးသူမကိုငုံ့ပြီးကြည့်နေတယ်။

သူတို့နှစ်ယောက်အရမ်းကိုနီးကပ်နေကြတော့ သူ့အသက်ရှူလိုက်တဲ့လေငွေ့လေးတွေကသူမမျက်နှာကိုလာရိုက်ခတ်နေတယ်။သူမနိုးလာလိမ့်မယ်လို့သူမထင်ထားခဲ့တော့ သူ့မျက်နှာကတစ်မျိုးဖြစ်သွားတယ်။

'ရှင်ပြန်လာပြီလား?' သူအဲ့ဒီလိုကြည့်နေတာကိုကျင့်သားမရတာနဲ့သူမတစ်ဖက်ကိုလှည့်လိုက်ပြီး သူ့‌ကိုကျောခိုင်းထားလိုက်ကာ: 'အော် ဟုတ်သားဘဲ။မနေ့ညတုန်းကကျွန်မကိုလာ‌ရှာပေးလို့ကျေးဇူးတင်ပါတယ်...'

'ကျေးဇူးတင်တယ်...' စုန့်ထင်ယွီလှောင်တဲ့အသံနဲ့: 'ဒီစကားကအရမ်းကိုယဉ်ကျေးတာဘဲ...'

'ကိုယ်မင်းကိုမရှာခဲ့လဲမင်းအဆင်ပြေနေမှာဘဲမဟုတ်လား?လင်ချန်ဟွမ်ကဘယ်လိုလုပ်ပြီးမင်းကိုဒုက္ခရောက်အောင်ထားမှာလဲ?'

သူလင်ချန်ဟွမ်အကြောင်းကိုထပ်ပြောလာတာကိုစုရန်ကြားပြီး သူမမျက်မှောင်ကြုတ်လိုက်ကာသူ့စကားတွေကိုဂရုစိုက်ဖို့သူမမှာအစီအစဉ်မရှိဘူး။သူမနေ့လည်တုန်းကထျန်မီဆီကိုဖုန်းဆက်တုန်းကသူနဲ့လင်ချန်ဟွမ်တို့‌တောင်ပေါ်မှာ
တွေ့ကြသေးတယ်လို့ထျန်မီပြောတာကိုသတိရသွားတယ်။

သူမရဲ့လျစ်လျူရှုမှုကြောင့်စုန့်ထင်ယွီပိုပြီးဒေါသထွက်သွားကာသူမပုခုံးကိုကိုင်ပြီးသူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင်လှည့်လိုက်တယ်။စုရန်လဲသူ့လက်ထဲကနေလွတ်အောင်ရုန်းနေရင်းနဲ့သူ့မျက်နှာပေါ်ကဒဏ်ရာတွေကိုတွေ့သွားတော့သူမအံ့သြသွားပြီး: 'မနေ့ညတုန်းကရှင်နဲ့လင်ချန်ဟွမ်တို့ရန်ဖြစ်ခဲ့ကြတာလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now