အပိုင်း(၄၇)

4.1K 346 4
                                    

'ကျွန်တော်ခေါ်ထားပြီးပြီ။သူလာနေပြီလို့ပြောတယ်။သူဘာလို့လာရမလဲဆိုတာကိုမသိသေးဘူး။ကျွန်တော်ဖုန်းထပ်ခေါ်လိုက်ဦးမယ်'

စုန့်မင်ဟွမ်စကားဆုံးတာနဲ့ဖုန်းထုတ်ပြီးစုန့်ထင်ယွီကိုခေါ်လိုက်တယ်။

စုန့်ထင်ယွီအကြာကြီးနေမှဖုန်းကိုင်တာကိုကြည့်ပြီး စုန့်မင်ဟွမ်ပိုပြီးဒေါသထွက်လာကာ: 'စုန့်ထင်ယွီ မင်းဘာလုပ်နေတာလဲ?စုန့်ဝမ်ရှီမတော်တဆဖြစ်တာမင်းသိလား?'မင်းဘာလို့မလာသေးတာလဲ?'

စုန့်ထင်ယွီချောင်းတွေဆိုးနေပြီး အသက်ရှူသံမူမမှန်တာကိုစုန့်မင်ဟွမ်သတိထားမိသွားပြီး: 'မင်းဘာဖြစ်နေလို့လဲ?'

'ဘာမှမဖြစ်ပါဘူး' စုန့်ထင်ယွီ‌နောက်ဆုံးတော့အသံဩဩကြီးနဲ့ပြန်ဖြေလိုက်တယ်။

'ကျွန်တော်ခဏနေရောက်တော့မယ်'

သူပြောပြီးတာနဲ့ဖုန်းချသွားတယ်။

တစ်မိသားစုလုံးခွဲစိတ်ခန်းအပြင်မှာစောင့်နေကြတယ်။ချန်ရှောင်ပေါင်မိသားစုလဲရောက်လာကြတယ်။အန်မြို့မှာ စုန့်မသားစုရဲ့အင်အားကိုသူတို့မသိဘဲဘယ်နေမလဲ။သူတို့မိသားစုရဲ့အခြေအနေကလဲကောင်းပေမယ့် စုန့်မိသားစုကိုတော့ဘယ်ယှဉ်နိုင်မလဲ။စုန့်ဝမ်ရှီသာတစ်ခုခုဖြစ်သွားရင် သူတို့ချန်မိသားစုကနောက်ဆက်တွဲပြဿနာတွေကိုခံစားရမှာ။

ချန်ဥက္ကဌလဲ သူ့မိန်းမနဲ့ကလေးကိုခေါ်ပြီး သတ္တိမွေးပြီးအရှေ့ကိုတိုးလာကာ: ' မဒမ်စုန့် ဥက္ကဌစုန့် စုန့်က‌တော် ကျွန်တော်တို့သားလေးကိုခေါ်ပြီးလာတောင်းပန်တာပါ။သားလေးကရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့...'

သူဆက်ပြောချင်ပေမယ့် မဒမ်စုန့်သူ့ကိုလှည့်ကြည့်လိုက်တော့ သူဆက်ပြောဖို့ကိုမေ့သွားတယ်။သူကြောက်လွန်းလို့တုန်တောင်တုန်နေတယ်။

မဒမ်စုန့်အဝေးဆုံးတစ်နေရာကိုလက်ညှိုးထိုးပြလိုက်ပြီး: 'မင်းတို့တွေအဲ့ဒီမှာ‌ငြိမ်ငြိမ်လေးနေပြီး ငါတို့ဝမ်ရှီကောင်းသွားဖို့ကိုဆုတောင်းနေကြ။အဲ့လိုမှမဟုတ်ရင် မင်းတို့ချန်တစ်မိသားစုလုံး သေသွားချင်တယ်လို့ခံစားရအောင်ငါလုပ်ပြမယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now