အပိုင်း(၆၁)

4.1K 312 11
                                    

ပိုင်ချီရွေ့လဲကြားရောမျက်ရည်တွေကိုအမြန်သုတ်လိုက်ပြီး: 'အန်တီ လာပြီလား?'

'ဘာလို့ဖုန်းကိုခွဲလိုက်တာလဲ?'

'ဘာမှမဟုတ်ပါဘူး။အံ့ဩသွားလို့လား?'

ချန်ကျင်ခေါင်းခါပြလိုက်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာကိုခန့်မှန်းမိသွားတော့: 'ထင်ယွီလုပ်စရာရှိလို့လာဖို့ကိုနောက်ကျနေတာမလား?ဒေါသမထွက်ပါနဲ့။သမီးခန္ဓာကိုယ်ကအခုမှကိုယ်ဝန်ပျက်ထားခါစလေ။ကျန်းမာရေးအတွက်မကောင်းဘူး။သိပြီလား?'

'အန်တီ သူဘာလုပ်စရာမှမရှိဘူး။သူမေ့သွားတာ...' ချန်ကျင်သူမကိုချစ်တယ်ဆိုတာကိုသိတော့ တစ်ခါ‌တစ်လေသူမရှေ့မှာဆိုရင်ပိုင်ချီရွေ့စိတ်ပူစရာမလိုဘူး။ချန်ကျင်ကသူမဘက်မှာဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ်သူမ စုရန်ကိုတော့ကူညီမှာမဟုတ်ဘူး။

ချန်ကျင်အံ့ဩသွားပြီးတိတ်ဆိတ်သွားတယ်။ပြီး‌တော့သူမကုတင်ဘေးမှာဝင်ထိုင်လိုက်တယ်။ပိုင်ချီရွေ့လက်ကိုသူမကိုင်လိုက်ပြီး: 'ချီရွေ့ သမီးအခု အခြေအနေကိုသေသေချာချာသိသင့်နေပြီ။ဘယ်လိုဘဲဖြစ်ဖြစ်သူစိတ်ဆိုးသွားအောင်မလုပ်နဲ့...' သူမရဲ့မျက်နှာကဂုဏ်သိက္ခာရှိတဲ့ပုံစံနဲ့: 'သမီးသိလား? မနေ့ကစုန့်ထင်ယွီအိမ်ပြန်အိပ်တယ်'

'သူအိမ်ပြန်သွားတယ်ပေါ့လေ?' သူမအံ့ဩလွန်းလို့မျက်လုံးတွေတောင်ပြူးကျယ်သွားပြီး: 'ဒီရက်ပိုင်းသူဆေးရုံနဲ့ရုံးမှာဘဲအိပ်တာမလား?ရုတ်တရက်ကြီးဘာလို့ပြန်သွားတာလဲ?'

ဒီရက်ပိုင်းစုန့်ထင်ယွီနဲ့စုရန်တို့ရန်ဖြစ်ထားကြတာကိုသူမသိတယ်။အဲ့ဒါကြောင့်သူတို့နှစ်ယောက်တစ်ခန်းထဲမှာအတူတူရှိပြီးတွေ့နေကြလဲဘာမှမပြောဖြစ်ကြဘူး။သူတို့ဆက်ဆံရေးတင်းမာနေတာကိုဘယ်လိုလုပ်ပြီးသူအိမ်ပြန်သွားရတာလဲ?

နောက်ဆုံးဘယ်သူအရှုံးပေးလိုက်တာလဲ?

'မနေ့တုန်းကစုန့်ထင်ယွီမူးနေလို့စုရန်သွားခေါ်လာတာ။အဲ့ဒါပြီးတော့သူအိမ်မှာဘဲအိပ်လိုက်တယ်။ဘာတွေဖြစ်ကြလဲဆိုတာကတော့အန်တီမရှင်းပြလဲသိတယ်မလား?စုန့်ထင်ယွီကမလုပ်ချင်ပေမယ့်လဲ စုန့်ဝမ်ရှီကစုရန်ရဲ့အသက်ဘဲ။သူမကိုယ်ဝန်မြန်မြန်ရဖို့ကိုလုပ်မှာဘဲ။ယောက်ျားတွေကအဲ့လိုမြူဆွယ်ရင်တောင့်ခံနိုင်ကြတာမဟုတ်ဘူး။အဲ့တာကြောင့်.…'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now