အပိုင်း(၁၂-၂)

4.6K 360 14
                                    

ဒီလိုတောင်းဆိုတာကတခါလဲမဟုတ် နှစ်ခါလဲမဟုတ်တော့ဘူး။စုဟုန်ကအရမ်းကိုအောင်မြင်ချင်ပြီးအမြတ်ကိုလဲမြန်မြန်ရချင်တယ်။သူအရာရာကိုပိုင်ဆိုင်နိုင်ဖို့ကြိုးစားပေမယ့် သူလုပ်နိုင်လားမလုပ်နိုင်လားဆိုတာကိုတော့မစဉ်းစားဘူး။
အရင်တုန်းကလဲစုရန်သူ့ကိုကူညီဖို့အတွက်မဒမ်စုန့်ဆီကအကူအညီတောင်းပေးခဲ့ပေမယ့်သူဘက်ကတော့ပြန်မဆပ်ခဲ့ဘူး‌။
စုန့်မိသားစုကမြို့မှာအချမ်းသာဆုံးဖြစ်ပြီး‌ငွေတွေသုံးမကုန်အောင်ရှိနေတဲ့အတွက်မဒမ်စုန့်ဘက်ကတော့ဘာမှမပြောခဲ့ပေမယ့်စုရန်ကတော့မေ့ထားလို့မရခဲ့ဘူး။
အခုအရင်တုန်းကပိုက်ဆံတွေတောင်ပြန်မပေးသေးဘဲထပ်ချေးချင်နေသေးတယ်။
စုရန်ဘယ်လိုလုပ်ပြီးမေးထွက်မှာလဲ?
ပြီးတော့စုန့်ထင်ယွီကသူမတို့ကိုဒီလောက်တောင်မုန်းနေတာကိုသူဘယ်လိုလုပ်ပြီးကူညီမှာလဲ?
သူမအခြေအနေကိုသူမသိတာပေါ့။အဲ့ဒီအချိန်တုန်းကစုန့်မိသားစုထဲကိုလက်ထပ်ဖို့စုဟုန်စကားကိုနားထောင်ခဲ့တာကသူမအမေသူမအရှေ့မှာငိုနေခဲ့လို့သာ။
အဲ့ဒီနှစ်တုန်းကစုဟုန်စုန့်မိသားစုနဲ့ဆက်စပ်ချင်တဲ့အတွက်ကြောင့်သူမကိုစုန့်ထင်ယွီနဲ့အမြဲမိတ်ဆက်ပေးခဲ့တယ်။ဒါပေမယ့်ဘာမှဖြစ်မလာခဲ့ဘူး။စုန့်ထင်ယွီစုရန်ကိုမကြိုက်တဲ့အတွက်နောက်ဆုံးသူ့ရည်ရွယ်ချက်အောင်မြင်အောင်သူမတို့နှစ်ယောက်ရဲ့ဝိုင်ထဲကိုဆေးခတ်လိုက်တယ်။
အခုချိန်ထိအောင်အဲ့ဒါပြီးတော့နောက်တနေ့ဘာဖြစ်ခဲ့လဲသူမမှတ်မိနေသေးတယ်။သူမနိုးလာတော့စုန့်ထင်ယွီသူမကိုစိုက်ကြည့်နေခဲ့တယ်။သူအိပ်ယာခင်းပေါ်ကအနီရောင်သွေးတွေကိုပြပြီး:'စုရန် မင်းအလုပ်ကောင်းကိုလုပ်ခဲ့တာဘဲ ပထမဆုံးအကြိမ်ဟုတ်လား?မင်းဘယ်သူ့ကိုလာလိမ်နေတာလဲ?'
အဲ့ဒီလတုန်းကစုဟုန်သူမကိုခေါ်ပြီးစုန့်အိမ်ကိုပြဿနာတွေအမျိုးမျိုးရှာခဲ့တယ်။စုန့်မိသားစုဆီကနေဖြေရှင်းချက်တောင်းခဲ့‌တာနောက်ဆုံးစုရန်မှာကိုယ်ဝန်ရှိနေပြီလို့‌သိလိုက်ရတယ်။
စုန့်မိသားစုကလဲစုန့်ထင်ယွီနဲ့ပိုင်ချီရွေ့တို့ဆက်ဆံရေးကိုကန့်ကွက်ခဲ့ကြတယ်။မဒမ်စုန့်မျက်လုံးထဲမှစုရန်ကမယားငယ်ကမွေးခဲ့တာပေမယ့်သရုပ်ဆောင်မထက်တော့သာပါသေးတယ်ပေါ့။ဒါ့ကြောင့်သူစုန့်ထင်ယီကိုစုရန်နဲ့အတင်းအကျပ်လက်ထပ်ခိုင်းခဲ့တယ်။
အဲ့လိုတွေဖြစ်တော့စုရန်မင်္ဂလာပွဲကိုငြင်းပြီးထွက်ပြေးချင်ပေမယ့်သူမအမေကသူမလက်ကောက်ဝတ်ကိုဓါးနဲ့လှီးပြီးလက်မထပ်ရင်သူမအရှေ့မှာသေပြမယ်လို့ပြောခဲ့တယ်။
ဒါ့ကြောင့်သူမဘယ်လိုဆန့်ကျင်ရဲမှာလဲ?
အတိတ်ကဖြစ်ရပ်တွေကခက်ခဲလွန်းတဲ့အတွက်စုရန်ပြန်မမှတ်မိချင်ဘူး။
စုဟုန်သူမငြင်းတဲ့စကားကိုကြားတော့ချက်ချင်းမျက်နှာမကောင်းဘဲဖြစ်သွားကာ:'နင်မကြိုးစားကြည့်ရသေးဘဲနဲ့ဘာလို့မကူညီနိုင်ဘူးပြောနေတာလဲ?စုန့်ထင်ယွီကနင့်ယောက်ျားဘဲ။နင်သူ့ဆီကနေချေးလို့ရတာဘဲ'
'အဖေ့ဘာသာမေးကြည့်ပါလား...'
စုဟုန်စားပွဲကိုထုလိုက်ကာ:'စုရန် ငါထပ်မေးမယ်။နင်ကူညီမှာလား မကူညီဘူးလားပြော?'
စုရန်မတ်တပ်ရပ်လိုက်ပြီးတူညီတဲ့အဖြေကိုဘဲပေးလိုက်တယ်:'တောင်းပန်ပါတယ်!'

👉စုန့်ကောကောစုရန်ကိုဘာလို့စိတ်ဆိုးနေလဲသိတော့သူ့ကိုမုန်းတာမလျော့သွားကြဘူးလား😅

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now