အပိုင်း(၁၄-၁)

4.7K 371 6
                                    

အေးစက်တဲ့အကြည့်တွေနဲ့စုန့်ထင်ယွီပြောလိုက်တယ်:'တံခါးဖွင့်ပေး'
'ထင်ယွီ...'အခန်းထဲမှာဘာဖြစ်နေတယ်ဆိုတာစုဟုန်ကတော့အသေအချာသိတာပေါ့။ဒါပေမယ့်သူ စုန့်ထင်ယွီကိုမမြင်စေချင်ဘူး။အဲ့တာကသူသဘောကျစေမယ့်မြင်ကွင်းမဟုတ်ဘူးလေ။
'တံခါးဖွင့်မှာလား မဖွင့်ဘူးလားပြော'
စုန့်ထင်ယွီနောက်ဆုံးမေးလိုက်တယ်။ပြီးတော့သူ စုန့်ဝမ်ရှီကိုသူ့ဘေးမှာရပ်နေတဲ့အိမ်အကူဆီပေးလိုက်ပြီး သူတံခါးကိုအားပြင်ပြင်နဲ့ကန်လိုက်တယ်။
'ထင်ယွီ ဒီလိုမလုပ်ပါနဲ့ ငါတံခါးဖွင့်ပေးပါ့မယ်'
စုဟုန် တစ်ယောက်ကိုတံခါးဖွင့်ခိုင်းလိုက်တယ်။အထဲမှာ စုရန်ကကြမ်းပြင်ပေါ်မှာဒူးထောက်နေပြီး ချောင်ချောင်ကတုတ်ကိုင်ပြီးရပ်နေတာကို စုန့်ထင်ယွီတွေ့လိုက်ရတယ်။
ဒီလိုမျိုးကိစ္စဖြစ်တယ်ဆိုတာကိုသူ့မျက်စိနဲ့သာမြင်ရတာမဟုတ်ရင်စုန့်ထင်ယွီယုံမှာမဟုတ်ဘူး။
စုရန် သူမအမေလို့ခေါ်တဲ့မိန်းမကတုတ်ကြီးကိုရမ်းပြီးသူမကျောကိုရိုက်နေတာ မသိလို့ရှိရင်သူမရဲ့ရန်သူနဲ့တိုက်ခိုက်နေတဲ့အတိုင်းဘဲ။
'မေမေ...'
စုန့်ဝမ်ရှီငိုသံကြားတော့မှ စုန့်ထင်ယွီအတွေးရပ်သွားတယ်။သူ ချောင်ချောင်ကိုအနောက်ကိုတွန်းလိုက်ပြီး စုရန်ကိုမတ်တပ်ရပ်ဖို့ကူလိုက်ပြီး:''အဆင်ပြေရဲ့လား?'
သူမရဲ့မျက်နှာကဖြူဖျော့နေပြီး ဆံပင်တွေကလဲရှုပ်ပွနေတယ်။နှုတ်ခမ်းကလဲသွေးရောင်တောင်မရှိတော့ဘူး။သူမဘာမှပြန်မပြောနိုင်သေးခင်မှာဘဲ ချောင်ချောင်ကတုတ်ယူပြီးသူမဆီကိုလာကာ သူမကိုထပ်ရိုက်ချင်မလို့လုပ်လိုက်တယ်။ကံကောင်းစွာနဲ့စုန့်ထင်ယွီကိုယ်ကိုလှည့်ပြီးသူမကိုရိုက်မှာကိုကာထားလိုက်တယ်။
အဲ့တာကိုတွေ့တော့ စုဟုန် ချောင်ချောင်ကိုမြန်မြန် တားလိုက်တယ်။ချောင်ချောင် စုဟုန်ရောက်နေတာကိုသိသွားတော့ သူ့ကိုချက်ချင်းဖက်လိုက်ပြီး:'အားဟုန် သူတို့တွေက ကျွန်မတို့အတူရှိနေတာကိုခွဲချင်နေကြတယ်။သူတို့တွေကမကောင်းတဲ့လူတွေ...'
စုဟုန် သူမကို နှစ်သိမ့်ပေးလိုက်တယ်:'ဟုတ်ပြီ ဟုတ်ပြီ။ငါတို့ကိုဘယ်သူမှခွဲလို့မရဘူး'  ပြီးတော့အိမ်အကူကိုပြောလိုက်တယ်:'မဒမ်ကို နားဖို့ခေါ်သွားလိုက်တော့'
စုရန်ကိုယ်မှာအားတစ်စက်မှကိုမရှိတော့ဘူး။ဒါကြောင့်သူမရပ်မလို့ပြင်လိုက်တော့ကြမ်းပြင်ပေါ်ပြန်ပြုတ်ကျမလိုဖြစ်သွားတယ်။ကံကောင်းစွာနဲ့ စုန့်ထင်ယွီသူ့လက်တွေနဲ့သူမကိုမပြုတ်ကျအောင်ထိန်းထားပေးလိုက်တယ်။
စုဟုန်အဲ့တာကိုတွေ့တော့သူလဲစုရန်ကိုထိန်းထားဖို့လက်လှမ်းလိုက်ပြီး:'ရန်ရန်'
ဒါပေမယ့်စုန့်ထင်ယွီအေးစက်တဲ့အကြည့်နဲ့လှမ်းကြည့်ပြီး:'ခင်ဗျားလက်ကိုဖယ်လိုက်'
စုန့်ထင်ယွီကြမ်းပြင်ပေါ်ကျလုနီးပါးဖြစ်နေတဲ့စုရန်ကိုချီလိုက်ပြီးအိမ်အကူကိုပြောလိုက်တယ်:'ဝမ်ရှီကိုချီပြီးအနောက်ကနေလိုက်ခဲ့လိုက်'
စုဟုန်သူတို့နောက်ကနေလိုက်လာပြီး စုန့်ထင်ယွီ စုရန်ကိုကားနောက်ခုံမှာသတိထားပြီးလှဲနေစေတာကိုတွေ့ပြီး:'ရန်ရန့်အခြေအနေကြည့်ရတာဆေးရုံပို့မှဖြစ်မယ်နဲ့တူတယ်'
စုန့်ထင်ယွီသူ့ကိုဂရုမစိုက်ဘဲ အိမ်အကူဆီကနေဝမ်ရှီကိုချီပြီး ကားနောက်ခုံမှာဘဲထားလိုက်တယ်။ပြီးတော့သူကားမောင်းတဲ့ခုံမှာထိုင်ပြီးမောင်းထွက်လာခဲ့လိုက်တယ်။
'ထင်ယွီ....'
'အဖေ ခေါ်မနေနဲ့တော့။သူတို့ကသွားပြီ'
စုခိုင်အခန်းထဲကနေထွက်လာပြီး သူ့ဘေးမှာရပ်ကာ:'စုန့်ထင်ယွီတော်တော်စိတ်ဆိုးသွားတဲ့ပုံဘဲ။အဖေ့ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုလုပ်မှာလဲ?'
စုဟုန်မျက်နှာကစိုးရိမ်တဲ့အရိပ်အယောင်မရှိဘဲ ပြုံးနေကာ:'ငါထင်တာမှားသွားတယ်။စုန့်ထင်ယွီကြည့်ရတာ စုရန်ကိုဂရုစိုက်တဲ့ပုံဘဲ။ဒါကငါ စုရန်ဆီကနေပိုက်ဆံတောင်းလို့ရမယ်လို့ဆိုလိုတာဘဲ။ငါတို့ပိုက်ဆံမရမှာစိတ်မပူပါနဲ့'
သူမရဲ့ကျောကဒဏ်ရာကြောင့်သူမအနောက်ကိုမှီလို့မရလို့ မှောက်ပြီးလှဲနေရတယ်။
သူမရဲ့ကျောကနာလွန်းပြီးခေါင်းကလဲမူးဝေနေတယ်။
စုန့်ဝမ်ရှီ နီရဲနေတဲ့မျက်လုံးလေးတွေနဲ့ သူရဲ့လက်သေးသေးလေးတွေဖြင့်သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး:'မေမေ အဆင်ပြေရဲ့လား?'
စုရန်ပြန်ဖြေဖို့အားတောင်မရှိတော့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now