အပိုင်း(၃၉)

4.1K 326 16
                                    

'ရှင်နဲ့ဘာဆိုင်လို့လဲ?'

သူမလက်ကိုစုန့်ထင်ယွီ မလွှတ်ပေးဘဲ:  'ဖိနပ်စီးပြီး အင်္ကျီဝတ်ဦး'

စုရန်ကြမ်းပြင်ပေါ်မှာရပ်နေတာကြောင့် အေးပြီးခြေထောက်လေးတွေတောင်နီနေပြီ။

သူမခြေထောက်တွေလဲထုံနေပြီ။

ထျန်ဇီချူ plasticအိတ်နှစ်လုံးကိုကိုင်ထားတယ်။တစ်အိတ်မှာ သူမအတွက်ဖိနပ်နဲ့ နောက်တစ်အိတ်မှာတော့ အဝတ်အစားတွေ။သူအိတ်နှစ်အိတ်ကိုသူမဆီပေးလှမ်းပေးလိုက်ပြီး: 'ဒီနေ့ရာသီဥတုကတော်တော်အေးတယ်။ဒါလေးတွေဝတ်လိုက်ပါဦး'

စုရန်အိတ်တွေကိုအကြာကြီးကြည့်နေပြီးမှ လှမ်းယူပြီးအောက်ကိုချထားလိုက်တယ်။သူမအေးစက်နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး: 'ဥက္ကဌစုန့်ရဲ့စေတနာကိုတော့ကျေးဇူးတင်ပေမယ့် ကျွန်မလက်မခံနိုင်ပါဘူး။ပိုင်မိန်းကလေးအဆင်ပြေပြီမလား?အဲ့ဒါဆိုရင်ကျွန်မကိုခွင့်ပြုပါဦး။ကျွန်မသွားလို့ရပြီလားလို့မေးချင်ပါတယ်?ဒါမှမဟုတ်ရင်ဒီမှာဘဲရပ်နေပြီးသွေးလိုတဲ့အချိန်အဆင်သင့်ဖြစ်အောင်နေနေရဦးမှာလား?'

သူမလက်လေးကိုစုန့်ထင်ယွီဖွဖွလေးကိုင်လိုက်ပြီး: 'ငါ့ရှေ့မှာဘာလို့ခေါင်းမာနေရတာလဲ?အပြင်မှာရာသီဥတုအေးနေတာမင်းမသိဘူးလား?အေးခဲပြီးသေသွားချင်လို့လား?'

သူ့ရဲ့လက်တွေကိုစုရန်တစ်ချောင်းချင်းဆီဖယ်လိုက်ပြီး:  'အေးခဲပြီးသေရင်တောင်ရှင်နဲ့မဆိုင်ပါဘူး။ပိုင်မိန်းကလေးအတွက်ဘဲဥက္ကဌစုန့်စိတ်ပူသင့်ပါတယ်။ကျွန်မကိစ္စကရှင်နဲ့မဆိုင်တဲ့အတွက် ကိုယ့်ကိစ္စဘဲကိုယ်ဂရုစိုက်လိုက်ပါ'

စုရန်တကယ်ဘဲထွက်သွားလိုက်တယ်။စုန့်ထင်ယွီလဲတံခါးဝမှာရပ်နေပြီး သူမကိုယ်လေးသူ့မျက်စိရှေ့ကနေပျောက်သွားတဲ့အထိကြည့်နေလိုက်တယ်။

'ဥက္ကဌစုန့်...' ထျန်ဇီချူစိတ်ပူပြီးသူ့ကိုခေါ်လိုက်မိတယ်။

'သူမအနောက်ကိုလိုက်ပြီးတော့ အိမ်ပြန်ပို့ပေးလိုက်ဦး' စုန့်ထင်ယွီပြောလိုက်တယ်။သူ့ရဲ့ရင်ထဲမှာတော့အရမ်းကိုတင်းကျပ်နေတယ်လို့ခံစားနေရတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now