အပိုင်း(၁၆-၁)

4.8K 380 1
                                    

စုန့်ထင်ယွီလက်တွေကသူမမေးဖျားလေးကိုဆုပ်ကိုင်လိုက်ပြီး:'ဟုတ်တာပေါ့။မင်းမှာကိုယ်ဝန်ရှိနေတယ်ဆိုတာဖြစ်နိုင်ပါတယ်။ဒါပေမယ့်ဘယ်လိုလုပ်မလဲ?ခုချက်ချင်းမသိနိုင်တော့အဲ့တာကိုအတည်ပြုဖို့ကစောင့်ရဦးမှာ။အဲ့လိုစောင့်နေတဲ့အတောတွင်းမှာမင်းနဲ့ငါကတူတူရှိနေရဦးမှာဘဲ...'
'ရန်ရန်....'
စုရန်ငြိမ်ငြိမ်လေးနေနေလိုက်တဲ့အချိန်မှာတံခါးရှေ့မှာညင်သာတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။
စုရန်လှမ်းကြည့်လိုက်တော့တံခါးရှေ့မှာလင်ချန်ဟွမ်ရောက်နေတာတွေ့လိုက်တယ်။သူ့လက်ထဲမှာတစ်ခုခုကိုကိုင်ထားပြီးသူမတို့အခြေအနေကိုကြည့်ပြီးလန့်နေတဲ့ပုံပေါ်နေတယ်။
သူမတို့နှစ်ယောက်ကအရမ်းကိုနီးကပ်နေပြီးရင်းနှီးလွန်းတဲ့ပုံပေါက်နေတာစုရန်သတိထားမိသွားတယ်။စုန့်ထင်ယွီရဲ့မျက်လုံးကတော့လှောင်တဲ့ပုံပေါက်နေတယ်။သူမမြန်မြန်ဘဲသူ့ကိုတွန်းထုတ်လိုက်တယ်။
'ချန်ဟွမ်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?'
လင်ချန်ဟွမ်စိတ်နဲ့လူနဲ့ပြန်ကပ်သွားပြီးဖြေးဖြေးချင်းအခန်းထဲဝင်လာလိုက်ကာ:'မနက်တုန်းကအန်တီကိုယ့်ကိုဖုန်းဆက်တယ်။မနေ့ညတုန်းကသူမင်းကိုရိုက်လိုက်လားမရိုက်လိုက်ဘူးလားဆိုတာသေသေချာချာမသိဘူးတဲ့။ဒါကြောင့်တစ်ခု‌ခုတော့ဖြစ်နေပြီဆိုတာကိုကိုယ်ခန့်မှန်းလိုက်တာ'
အဲ့ဒီလိုကိုး...
စုရန်နာကျင်စွာရယ်လိုက်မိတယ်။ဒါကသူမအမေဘဲ။တစ်ခါတစ်လေသူမကိုရန်သူလိုမြင်တယ်။ဒါပေမယ့်စိတ်အခြေအနေပြန်ကောင်းသွားရင်တော့နောက်တတွေပြန်ရနေတတ်တယ်။
သူမငယ်ငယ်တုန်းကတယောပညာရှင်ဖြစ်ခဲ့တာ။သူမခုလိုအခြေအနေဖြစ်သွားတာကယောက်ျားတစ်ယောက်ကြောင့်ဆိုတာကိုဘယ်သူကသိမှာလဲ။
သူမ သူ့ဆီကနေဂီတနဲ့ပတ်သက်တဲ့အမွေကိုမရခဲ့ဘူး။စုရန်ငယ်ငယ်လေးထဲက သူမကိုမြေကြီးပေါ်မှာဒူးထောက်ခိုင်းပြီးအမြဲဆူနေခဲ့တယ်။ဘာလို့ဂီတနဲ့ပတ်သက်တာကိုကြိုးစားပြီးမသင်တာလဲ‌ပေါ့။တကယ်လို့သူကလေးကိုကောင်းကောင်းပြုစုစောင့်ရှောက်ရင်စုဟုန်သူတို့ကိုဂရုစိုက်လာပြီးဘယ်တော့မှပစ်မထားတော့ဘူးလို့သူမရဲ့အမေထင်နေခဲ့တာ။
ဘာလို့ဆိုတော့အဲ့ဒီနှစ်တုန်းကစုဟုန်သူမကိုဂီတပွဲတစ်ခုမှာတွေ့ပြီး သူမရဲ့စွမ်းရည်ကိုသဘောကျသွားခဲ့လို့ဘဲ။
အဲ့ဒီအချိန်တုန်းကသူမနဲ့တစ်သက်လုံးအတူတူရှိနေမယ်လို့စုဟုန်ကတိပေးခဲ့တယ်။ဒါပေမယ့်နောက်ဆုံးတော့ သူနဲ့အဆင့်အတန်းချင်းတူတဲ့ချမ်းသာတဲ့မိသားစုကသမီးနဲ့တွန့်ဆုတ်မှုတောင်မရှိဘဲလက်ထပ်သွားခဲ့တယ်။
အဲ့ဒါကတော့ချောင်ချောင်ရဲ့ဝဋ်ကြွေးဘဲလေ။
ဒါ့ကြောင့်ငယ်ငယ်လေးထဲကနေ ယောက်ျားတွေရဲ့စကားကမယုံကြည်ရဘူးဆိုတာစုရန်သိခဲ့တယ်။
စုန့်ထင်ယွီ စုရန်ခါးပေါ်ကနေလက်ကိုဖယ်လိုက်ပြီး သူ့ရဲ့လက်ပတ်နာရီကိုကြည့်ကာ:'လင်ဥက္ကဌ အစောကြီးပါလား။၇နာရီတောင်မထိုးသေးဘူး။ကြည့်ရတာတော်တော်စိတ်ပူနေတဲ့ပုံဘဲ'
လင်ချန်ဟွမ်ရယ်လိုက်ပြီး:'ကျွန်တော်ဆီကိုအန်တီဖုန်းဆက်ပြီးကတည်းက ဆက်အိပ်လို့မရတာနဲ့လာခဲ့လိုက်တာ'။ သူ့လက်ထဲကပစ္စည်းတွေကိုစားပွဲပေါ်တင်လိုက်တယ်။အပူခံထမင်းဘူးထဲမှာ ဖရုံသီးဆန်ပြုတ်နဲ့ဖက်ထုပ်တွေပါပြီး:'မနက်စာမစားရသေးဘူးမလား?ကိုယ်လာရင်းနဲ့မင်းကြိုက်တဲ့ဆိုင်ကနေဝယ်လာတာ'
လင်ချန်ဟွမ်ကအမြဲတမ်းအဲ့လိုသူမကိုစဉ်းစားပေးပေမယ့်သူမကတော့အား‌နာနေမိတယ်:'ဆောရီးနော် မနက်အစောကြီးကျွန်မအမေကနှိုးသလိုဖြစ်သွားလို့။ပြီးတော့အဲ့လောက်ဝေးတဲ့စားသောက်ဆိုင်ကိုသွားပြီး ကျွန်မအတွက်မနက်စာကိုသွားဝယ်ပေးရသေးတယ်...'
'ရပါတယ်။ အရင်မျက်နှာသွားသစ်လိုက်လေ။ပြီးရင်မနက်စာစားရအောင်' လင်ချန်ဟွမ်ပြုံးပြရင်းပြောလိုက်တယ်။
စုရန်ခေါင်းညိတ်ပြလိုက်ကာ:'အော် နောက်ကျွန်မအမေဖုန်းဆက်ပြီးကျွန်မအကြောင်းမေးရင် ကျွန်မဘာမှမဖြစ်ဘူးလို့ပြောလိုက်နော်။ဒဏ်ရာရတာကိုမပြောနဲ့နော်'
သူမသတိရမှာမဟုတ်တဲ့အတွက် စုရန် သူမကိုစိတ်ပူပြီးတော့အပြစ်ရှိသလိုမခံစားစေချင်ဘူး။
သူမပြောပြီးတော့ရေချိုးခန်းထဲဝင်သွားလိုက်တယ်။မဝင်ခင် ရှေ့ကနေဖြတ်သွားလိုက်ပေမယ့်သူ့ကိုလစ်လျူရှုထားလိုက်တယ်။
လင်ချန်းဟွမ် ဆန်ပြုတ်ကအရမ်းပူနေမှာစိုးလို့ ခွက်ထဲထည့်ပြီး စားပွဲပေါ်တင်ထားလိုက်တယ်။
စုန့်ထင်ယွီ ဆိုဖာပေါ်ထိုင်ပြီးလင်ချန်ဟွမ်လုပ်နေတာကိုကြည့်နေလိုက်တယ်။သူထင်တာမမှားနိုင်ဘူး လင်ချန်ဟွမ် စုရန်ကိုချစ်နေတာဆိုတာ။
သူတို့နှစ်ယောက်ကြားမှာ တစ်ခြားသူတွေနဲ့မယှဉ်နိုင်တဲ့နားလည်မှုတွေရှိနေတယ်။ဒါကြောင့် ဒီလေးနှစ်အတွင်းမှာ သူတို့နှစ်ယောက်ကြားမှာဘာမှမရှိဘူးဆိုတာသူမယုံဘူး။
'ကျွန်တော့မိန်းမရဲ့ကိစ္စတွေကိုဥက္ကဌလင်ကတော်တော်နားလည်တဲ့ပုံဘဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးΌπου ζουν οι ιστορίες. Ανακάλυψε τώρα