အပိုင်း(၁၆၀)

2.1K 171 3
                                    

သူမဘေးကနေရာကိုကြည့်လိုက်တော့စုန့်ထင်ယွီအိပ်ယာပေါ်မှာအိပ်မနေဘူး။

သူမဆိုဖာကိုကြည့်လိုက်တော့မှသူ့ကိုတွေ့သွားတယ်။သူမစောင်ကိုဖယ်လိုက်ပြီးဖိနပ်ကိုစီးကာစုန့်ထင်ယွီဆီကိုသွားလိုက်တယ်။သူမျက်လုံးတွေကိုမှိတ်ထားပြီး သူ့ရဲ့ချောမောနေတဲ့မျက်နှာကနီရဲနေတယ်။

သူဖျားနေတာလား?

သူမလဲစိတ်ပူသွားပြီးသူ့နဖူးကိုစမ်းကြည့်မလို့လုပ်လိုက်တဲ့အချိန်မှာစုန့်ထင်ယွီသူမလက်ကိုလှမ်းဆွဲလိုက်တော့ သူမသူ့ရဲ့ရင်ခွင်ထဲကိုရောက်သွားတယ်။

သူမလဲလန့်ပြီးအော်လိုက်မိတယ်။ဒါပေမယ့်မကြာခင်မှာဘဲစုန့်ထင်ယွီသူမနှုတ်ခမ်းကိုနမ်းလိုက်တယ်။

သူရုတ်တရက်နမ်းလိုက်တော့စုရန်လဲစိတ်ဆိုးသွားပြီးသူ့ကိုတွန်းလိုက်ကာမတည်မငြိမ်အသံနဲ့မေးလိုက်တယ်: 'ဘာ ဘာဖြစ်လို့လဲ?'

သူမမေးပြီးသူ့နဖူးကိုစမ်းကြည့်လိုက်တော့ကိုယ်တွေပူနေတာကိုသိသွားတယ်: 'ရှင်ကိုယ်တွေပူနေတယ်။ဖျားနေပြန်ပြီလား?'

စုန့်ထင်ယွီခေါင်းကိုစုရန်လည်ပင်းပေါ်မှာတင်လိုက်ပြီး: 'ကိုယ်စိတ်ကြွနေတာ။ဖျားနေတာမဟုတ်ဘူး'

စုရန်မျက်နှာနီသွားပြီးသူ့ပုခုံးကိုရိုက်လိုက်ကာ: 'စုန့်ထင်ယွီ ရှင်စကားအကောင်းပြောလို့ရမလား?'

'မင်းကိုဆိုရင်ကိုယ်စကားအကောင်းပြောလို့မရဘူး'

စုရန်: '.....'

သူ့ရင်ခွင်ထဲမှာနေနေရတာကအေးနေသလိုရှိနေပေမယ့်သူ့ကိုယ်တွင်းမှာတော့ပူနေတဲ့ပုံဘဲ။

'ရှင်စောစောတုန်းကရေအေးတွေနဲ့ချိုးထားတာလား?ဘာဖြစ်လို့လဲ?'

သူချန်ကျင်ကိုသွားကြိုတာမဟုတ်ဘူးလား?ဘာလို့ဒီပုံစံနဲ့အိမ်ကိုပြန်ရောက်လာရတာလဲ?

'အမေရော?'

'သူ့အကြောင်းမပြောနဲ့' စုန့်ထင်ယွီသူမလည်ပင်းမှာခေါင်းကိုမှီထားပြီးအက်ကွဲနေတဲ့အသံနဲ့ပြောလိုက်တယ်: 'သူကကိုယ့်အမေမဖြစ်ထိုက်ဘူး'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now