အပိုင်း(၇၂)

3.8K 308 3
                                    

ပိုင်ချီရွေ့လဲအံ့ဩသွားတယ်။စုန့်ထင်ယွီတစ်ခုခုဖြစ်နေတာဖြစ်မယ်။ဒါပေမယ့်လဲသူမနက်နက်နဲနဲမတွေးချင်ဘူး။သူမတံခါးပိတ်လိုက်ပြီး စုန့်ထင်ယွီအပေါ်ထပ်တက်သွားတာကိုကြည့်လိုက်တယ်။

သူမလဲအလျင်မလိုတာကြောင့် မီးဖိုချောင်ကိုသွားလိုက်ပြီး နွားနို့တစ်ခွက်ကိုယူကာ အပေါ်ထပ်ကိုတက်သွားလိုက်တယ်။

သူမအခန်းထဲကိုဝင်မလို့လုပ်လိုက်တော့ စုန့်ထင်ယွီ သူမကွန်ပျူတာကိုဖွင့်ပြီး သူမရဲ့wechatကိုဖွင့်ကြည့်နေတာကိုတွေ့သွားတယ်။

သူမကြောက်ပြီးမျက်နှာတွေဖြူဖျော့လာကာ သူမလက်ထဲကနွားနို့ခွက်ပြုတ်ကျပြီးအသံအကျယ်ကြီးထွက်သွားတယ်။

သူမသတိပြန်ဝင်လာပြီး ဖန်ခွက်ကွဲသွားတာကိုမရှင်းသေးဘဲ သူ့ဆီကိုအမြန်ပြေးသွားလိုက်ပြီး သူမwechatပေါ်မှာထောက်ထားတဲ့mouseကိုဆွဲယူလိုက်ကာ: 'ထင်ယွီ ဘာလို့ညီမကွန်ပျူတာကိုကိုင်ရတာလဲ?'

စုန့်ထင်ယွီဆုံလည်ထိုင်ခုံကိုမှီပြီး သူမကိုမျက်လုံးတွေမှေးစင်းပြီးကြည့်လိုက်ကာ: 'မင်းစိတ်လှုပ်ရှားနေတဲ့ပုံဘဲ'

'မဟုတ်ပါဘူး။ညီမစိတ်မလှုပ်ရှားပါဘူး...'

စုန့်ထင်ယွီ ကျကွဲနေတဲ့ဖန်ကွက်ကိုလက်ညှိုးထိုးပြလိုက်ပြီး: 'ဖန်ခွက်တောင်အစိတ်စိတ်ကွဲသွားတာကို မင်းစိတ်မလှုပ်ရှားဘူးလို့ပြောချင်တာလား?မင်းကွန်ပျူတာကိုငါသုံးမှာကြောက်တာ မင်းဒီထဲမှာတစ်ခုခုလျို့ဝှက်ချက်ရှိလို့လား?'

ပိုင်ချီရွေ့wechatကိုပိတ်လိုက်ပြီး သူနဲ့ကွန်ပျူတာကြားမှာရပ်လိုက်တယ်။သူမဘာမှမဖြစ်သလိုဟန်ဆောင်ပြီးပြုံးလိုက်ကာ: 'ဘယ်တုန်းကညီမမှာလျို့ဝှက်ချက်ရှိခဲ့လို့လဲ?ကိုကို ညီမအကြောင်းတွေကိုအကုန်သိတယ်မလား?ထင်ယွီ ညီမအကြောင်းကို ကိုကိုသေချာသိနေတာကိုညီမကဘာဖုံးကွယ်ထားရမှာလဲ'

သူမ သူ့ရဲ့အညိုရောင်ကုတ်အင်္ကျီကိုချွတ်ပေးလိုက်ပြီး: 'ကိုကိုရေမချိုးရသေးဘူးမလား?ရေအရင်သွားချိုးလိုက်လေ။ကိုကို့အတွက်ညအိပ်ဝတ်စုံ၊သွားတိုက်တံ၊သွားတိုက်ဆေးအားလုံးညီမပြင်ထားပေးတယ်။ကိုကို့အသုံးအဆောင်တွေကိုပြင်ထားပေးတာက ကိုကိုလာတိုင်းသုံးလို့ရအောင်လို့...' သူမမျက်နှာပျော့ပျောင်းချိုသာနေပြီး: 'ရေသွားချိုးတော့ ဟုတ်ပြီလား?ညီမအပြင်မှာစောင့်နေမယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးHikayelerin yaşadığı yer. Şimdi keşfedin