အပိုင်း(၁၄၂)

2K 159 3
                                    

ကြည့်နေရင်းသူမအိပ်ချင်လာတာနဲ့တီဗီကအသံကိုတောင်မကြားတော့ဘူး။အဲ့ဒါကြောင့်သူမဆိုဖာကိုမှီပြီးအိပ်လိုက်တယ်။

ခဏ‌ကြာတော့စုန့်ထင်ယွီပြန်လာတယ်။သူဧည့်ခန်းထဲကိုဝင်လာပြီး တီဗီရီမုကိုယူကာတီဗီကိုပိတ်လိုက်တယ်။

စုရန်ကတော့စောင်ခြုံပြီးအိပ်ပျော်နေပြီ။

သူမသူ့ကိုစောင့်နေတယ်ဆိုတာကိုစုန့်ထင်ယွီသိတယ်။

သူစောင်ကိုဖယ်လိုက်ပြီး သူမကိုသာသာလေးချီသွားလိုက်တယ်။သူသတိထားပြီးလုပ်ခဲ့ပေမယ့်လဲသူမကတော့နိုးသွားတယ်။သူမသူ့ကိုဖြေးဖြေးချင်းမျက်လုံးဖွင့်ကြည့်လိုက်ပြီးသေ‌သေချာချာတွေ့ရတော့မှပြုံးပြလိုက်ကာ: 'ရှင့်အလုပ်ပြီးသွားပြီလား?'

'အင်း ဘာလို့အခန်းထဲမှာဝင်မအိပ်တာလဲ?ကိုယ့်ကိုစောင့်နေတာလား? စုန့်ထင်ယွီသူမကိုဧည့်ခန်းကနေအိပ်ခန်းထဲအထိကိုချီသွားလိုက်တယ်။

စုရန်လဲပြန်ပြောလိုက်တယ်: 'အင်း' သူမရုတ်တရက်တစ်ခုခုကိုစဉ်းစားမိသွားပြီးရုန်းလိုက်ကာ: 'ရှင်ဗိုက်ဆာနေပြီလား?ကျွန်မကိုမြန်မြန်ပြန်ချပေး။ကျွန်မဟင်းတွေပြန်နွှေးပေးမယ်'

'ကိုယ်ဗိုက်မဆာပါဘူး။မင်းကိုအရင်အခန်းထဲကိုပို့ပေးမယ်' စုန့်ထင်ယွီသူမကိုချီသွားလိုက်ပြီးအိပ်ယာပေါ်မှာချပေးလိုက်တယ်။

'အိပ်တော့' စုန့်ထင်ယွီသူမဆံပင်တွေကိုနားကြားထဲညှပ်ပေးလိုက်ပြီးနဖူးလေးကိုနမ်းလိုက်တယ်။

အစကစုရန်အိပ်ချင်နေပြီ။‌ဒါပေမယ့်သူမ
ရုတ်တရက်ရေမွှေးအနံ့ကိုရသွားတယ်။အဲ့ဒီအနံ့ကိုသူမရင်းနှီးနေပေမယ့်ဘယ်မှာရခဲ့မှန်းမမှတ်မိဘူးဖြစ်နေတယ်။

သူမများအထင်မှားတာလားဆိုပြီးစဉ်းစားနေမိတယ်။ဒါပေမယ့်စုန့်ထင်ယွီသူမကိုစောင်ခြုံပေးတော့ အနံ့ထပ်ရပြန်တယ်။

ရေမွှေးနံ့ကအရမ်းတော့မပြင်းဘူး။

မိန်းမတစ်ယောက်အနေနဲ့ဒါကမိန်းကလေးရေမွှေး‌နံ့ဆိုတာကိုစုရန်သိတယ်။အဲ့ဒီအနံ့ကလဲသူ့ကိုယ်ပေါ်ကဘဲ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora