အပိုင်း(၁၂၅)

2.4K 213 6
                                    

စုရန်သူ့ကိုတွန်းလိုက်ပြီး: 'ရှင်ဒါပြီးရင်ဘာလုပ်စရာရှိလဲ?ရှင်အားလို့ရှိရင်ကျွန်မနဲ့ဆေးရုံသွားရအောင်?'

စုန့်ထင်ယွီခေါင်းခါလိုက်ပြီး: 'ကိုယ်မအားဘူး'

'ရှင်ဇီချူကိုတာဝန်လွှဲပေးလိုက်လေ။သူကောင်းကောင်းလုပ်နိုင်တာဘဲကို'

'မလွှဲပေးပါဘူး။ကိုယ့်ဘာသာလုပ်တာပိုကောင်းပါတယ်'

'ဒါဆိုရင်ရှင်ဘာလုပ်မှာလဲဆိုတာကျွန်မကိုပြောပါဦး' သူဆေးရုံကိုမသွားချင်လို့‌အကြောင်းပြနေတယ်လို့ဘဲစုရန်ထင်တယ်။

'....' စုန့်ထင်ယွီတိတ်သွားပြီးမှ: 'ကိုယ်ဆေးရှာပြီးသောက်လိုက်မယ်။ခဏနေကောင်းသွားမှာပါ'

စုရန်သူ့ကိုဂရုမစိုက်တော့ဘဲကုတ်အင်္ကျီကိုဝတ်လိုက်ကာ: 'သွားရအောင်'

စုန့်ထင်ယွီသူမကိုကြည့်လိုက်ပြီး: 'ကိုယ်သွားရင်ဘာရမှာမို့လို့လဲ?မင်းကိုယ့်ကိုဘယ်လိုဆုမျိုးပေးမှာမို့လို့လဲ?'

'ရှင့်ခေါင်းထဲမှာအဲ့ဒါဘဲအမြဲတွေးနေတာဘဲနော်'  စုရန်မျက်လုံးစောင်းထိုးလိုက်တယ်။

ဒါပေမယ့် အဖျားကြောင့်သူ့မျက်နှာမကောင်းတာကိုတွေ့နေရတယ်။ စောစောတုန်းကလဲသူ့လက်ကိုသူမကိုင်ကြည့်လိုက်တော့ပူနေတာကိုခံစား‌နေရတယ်။အဲ့ဒါကြောင့်သူ့အတွက်သူမစိတ်မကောင်းဖြစ်နေမိတယ်။

သူရေအေးတွေခဏခဏချိုးနေတာကိုး။အပြင်မှာရာသီဥတုကအေးတော့ သူ့လိုကျန်းမာတဲ့ခန္ဓာကိုယ်တောင်မှ အအေးမိတာမဆန်းပါဘူး။

သူမရှက်နေပြီး: 'ရှင်ကျွန်မနဲ့ဆေးရုံကိုအရင်သွားလိုက်။ညကျရင်ကျွန်မတို့အဲ့ဒီကိစ္စကိုဆွေးနွေးကြမယ်'

'မင်းဘာပြောလိုက်တာလဲစုရန်?ကိုယ်မကြားလိုက်လို့?' စုန့်ထင်ယွီတမင်တကာပြန်မေးလိုက်တယ်။

စုရန်နှုတ်ခမ်းကိုက်ပြီး အကျယ်ကြီးပြောလိုက်တယ်: 'ကျွန်မတို့ညအိမ်ပြန်ရောက်ရင်ဆွေးနွေးကြမယ်လို့ပြောနေတာ'  စုရန်သူ့လက်ကိုဆွဲလိုက်ပြီး: 'မြန်မြန်ကျွန်မနဲ့ဆေးရုံကိုလိုက်ခဲ့။မဟုတ်ရင်....'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now