အပိုင်း(၁၁၃)

2.5K 178 0
                                    

စုလိုင်စိတ်ဆိုးသွားပေမယ့်ထုတ်မပြဘဲသူ့ဘေးမှာထိုင်နေတဲ့စုရန်ကိုလက်ညှိုးထိုးပြလိုက်ပြီး: 'သူရောရှင်ဘေးမှာထိုင်နေတာမဟုတ်ဘူးလား?'

'စုရန်ကငါ့အတွက်သူစိမ်းလား?'  စုန့်ထင်ယွီပြန်ပြောလိုက်တယ်။

စုလိုင်နှုတ်ခမ်းကိုက်ပြီးသူ့နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ရတယ်။

ဒီညညစာစားမှာကသူမနဲ့စုန့်ထင်ယွီတို့နှစ်ယောက်ဘဲလို့ထင်နေခဲ့တာ။အခုတော့စုရန်ပါပါလာတယ်။အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကိုလဲတွေ့ရောစုရန်စိတ်ကိုဆွပေးဖို့‌အတွက်သူမကိုညစာစားဖို့ခေါ်တယ်လို့ထင်သွားခဲ့တာ။သူမလဲအများကြီးမတွေးတော့ဘဲသူဘေးမှာထိုင်မလို့ဟာကိုသူမကိုအရှက်ရအောင်သူပြောလိမ့်မယ့်လို့မထင်ထားခဲ့ဘူး။

သူမနဲ့နှစ်ယောက်တည်းညစာစားမလို့လဲမဟုတ်ဘူး။စုရန်စိတ်ဆိုးအောင်လုပ်ဖို့လဲမဟုတ်ဘူးဆိုရင်စုန့်ထင်ယွီသူမကိုညစာစားဖို့ဖိတ်တာကဘာကြောင့်လဲဆိုတာကိုစုလိုင်စဉ်းစားမရဖြစ်နေတယ်။

စုန့်ထင်ယွီကတော့အေးအေးဆေးဆေးဘဲစုရန်ကိုမီနူးပေးလိုက်ပြီး: 'မင်းဘာစားချင်လဲကြည့်လေ'

စုရန်လဲသူမအကြိုက်နဲ့စုန့်ထင်ယွီအကြိုက်ဟင်းတွေကိုမှာလိုက်ပေမယ့်စုလိုင်အတွက်တော့မပါဘူး။

စုရန်မှာပြီးတော့မီနူးကိုစုန့်ထင်ယွီကိုပြန်ပေးလိုက်တယ်။စာပွဲထိုးလဲလာရောစုလိုင်မီနူးကိုယူချင်ပေမယ့်စားပွဲထိုးကစုန့်ထင်ယွီပေးတဲ့မီနူးကိုယူပြီးပြန်ထွက်သွားတယ်။

စုလိုင်အပြုံးတွေပျောက်သွားပြီး သူမလက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။

ဟင်းတွေလဲလာရောစုန့်ထငိယွီစွပ်ပြုတ်ကိုစုရန်အ‌ရှေ့မှာချပေးလိုက်ပြီးတစ်ခြားဟင်းတွေလဲထည့်ပေးလိုက်တယ်။ပြီးတော့သူငါးအရိုးကိုနွှင်ပေးလိုက်ပြီးအသားကိုစုရန်ပန်းကန်‌ထဲကိုထည့်ပေးလိုက်တယ်။

စုလိုင်ကြည့်ပြီးအားတွေကျနေတယ်။

'ကျေးဇူးဘဲ' စုရန်တူကိုင်ပြီးစစားလိုက်တယ်။သူတို့နှစ်ယောက်လုံးတိတ်ဆိတ်စွာစားနေကြပြီး စုလိုင်ကိုလျစ်လျူရှုထားကာ သူမကိုမရှိတဲ့လူလိုသဘောထားထားတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDonde viven las historias. Descúbrelo ahora