အပိုင်း(၁၀၄)

2.9K 207 0
                                    

စုန့်ထင်ယွီကားပေါ်ကိုအရင်တက်သွားပြီးစုလိုင်သူ့အနောက်ကနေလိုက်ပြီးဒရိုင်ဘာဘေးကခုံမှာဝင်ထိုင်လိုက်တာကိုသူမတွေ့တယ်။

ကားကတစ်ဖြေးဖြေးနဲ့ထွက်သွားပြီးသူမမြင်ကွင်းကနေပျောက်သွားတယ်။

စုဟုန်ရယ်လိုက်ပြီး ထမင်းစားခန်းထဲကနေထွက်သွားတယ်။ထမင်းစားခန်းထဲမှာစုရန်နဲ့ချောင်ချောင်တို့နှစ်ယောက်ဘဲကျန်တော့တယ်။

'ရန်ရန်...' ချောင်ချောင်ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်ဘူးဖြစ်နေတယ်။စုဟုန်သူမကိုပြောတာကတော့စုရန်နဲ့စုန့်ထင်ယွီတို့အဆင်မပြေကြလို့သူကစုရန်တို့ကိုအဆင်ပြေသွားအောင်ကူညီပေးချင်လို့အိမ်မှာညစာလာစားခိုင်းမယ်တဲ့။သူတို့တွေမျက်နှာချင်းဆိုင်တွေ့ကြတာပိုကောင်းတယ်ဆိုလို့နေ့လည်တုန်းကသူမစုန်ကိုဖုန်းဆက်ပြီးအိမ်မှာညစာလာစားခိုင်းခဲ့တာ။

ဒါပေမယ့်အခုတော့ဘာတွေဖြစ်နေတာလဲ?

စုလိုင်ကစုန့်ထင်ယွီကားနဲ့ပါသွားပြီးစုရန်ကတော့ဒီမှာကျန်နေခဲ့တယ်။

စုရန်လဲမျက်ရည်မကျလာအောင်မျက်လုံးကိုလက်နဲ့ပွတ်လိုက်တာ်။သူမဖုန်းကိုအိတ်ထဲကိုပြန်ထည့်လိုက်ပြီးအိမ်ထဲကနေထွက်လာလိုက်တယ်။

'ရန်ရန်...'ချောင်ချောင်လှမ်းခေါ်လိုက်တယ်။

ဒါပေမယ့်ဒီတစ်ခါတော့စုရန်လှည့်မကြည့်တော့ဘူး။သူမဧည့်ခန်းထဲကနေထွက်လာပြီးကားဆီကိုတိုက်ရိုက်သွားလိုက်တယ်။

စုန့်အိမ်ကိုပြန်တဲ့လမ်းမှာစုရန်မျက်လုံးထဲမှာမျက်ရည်တွေနဲ့ပြည့်နေတော့သူမလမ်းကို‌တောင်ကောင်းကောင်းမမြင်ရဘူးဖြစ်နေတယ်။အဲ့ဒါကြောင့်သူမလမ်းဘေးမှာကားရပ်လိုက်ပြီးtissueနဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်။

ပြီးတော့ဘယ်လောက်တောင်ကြာသွားလဲမသိဘူးသူမစိတ်ငြိမ်သွားတော့မှစုန့်အိမ်ကိုကားပြန်မောင်းသွားလိုက်တယ်။

သူမထင်ထားတဲ့အတိုင်းဘဲစုန့်ထင်ယွီအိမ်ပြန်မလာဘူး။

စုလိုင်လဲသူမဘေးကလူကအရမ်းကိုငြိမ်နေတယ်လို့ခံစားနေရတယ်။သူနှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးမျက်လုံးကလဲလမ်းကိုဘဲကြည့်နေကာဘာတွေစဉ်းစားနေမှန်းလဲမသိဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTahanan ng mga kuwento. Tumuklas ngayon