အပိုင်း(၁၃၃)

2K 168 2
                                    

ဒါပေမယ့်ကံကောင်းပြီးစုန့်ထင်ယွီဖြစ်နေတယ်။

'ဒီလောက်တောင်နောက်ကျနေပြီကိုမင်းမအိပ်သေးဘူးလား?'

'ထင်ယွီ ကျွန်မရှင့်ကိုမေးစရာရှိလို့။မနက်ဖြန်ညကျရင်အချိန်ရှိလားဟင်'

'မရှိဘူး' စုန့်ထင်ယွီတည့်တိုးဘဲပြောလိုက်တယ်: 'ငါချစ်သူများနေ့မှာစုရန်ကိုအဖော်ပြုပေးမလို့...'

'.....' ပိုင်ချီရွေ့စိတ်ထဲမှာတော့မကျေနပ်ပေမယ့်ထိန်းချုပ်လိုက်ပြီး: 'အရင်တုန်းကရှင်ဒီလိုနေ့တွေကိုမကြိုက်ဘူးမဟုတ်လား?'

'ငါကြိုက်မကြိုက်ကကိစ္စမရှိဘူး။အခုငါစုရန်ကိုအဖော်ပြုပေးချင်လို့....'

'ထင်ယွီ.....' ပိုင်ချီရွေ့တောင်းပန်နေတဲ့အသံနဲ့: 'ကျွန်မဆီကိုလာပြီးအဖော်ပြုပေးပါလား?ညစာစားမယ့်အချိန်နည်းနည်းလေးဘဲယူမှာပါ အဆင်ပြေလားဟင်?ကျွန်မနဲ့ညစာစားပြီးရင်စုရန်ကိုအဖော်ပြုပေးလို့ရတယ်လေ'

'မင်းရဲ့အကြောင်းပြချက်ကိုပြောပါဦး'

'ကျွန်မကရှင့်ကိုခဏလောက်ဟန်ဆောင်ခိုင်းမလို့ပါ။ရှင်သိတယ်မဟုတ်လား အခုတလောကောလဟာလတွေပြန့်နေတာလေ...'

'အဲ့ဒီလိုကိစ္စတွေကိုမင်းဂရုစိုက်နေစရာမလိုဘူး။ကိုယ့်ကိစ္စဘဲကိုယ်လုပ်နေလိုက်။အဲ့လိုကောလဟာလတွေကကြာရင်ငြိမ်သွားမှာ...'

စုန့်ထင်ယွီသူမစကားကိုဖြတ်ပြောလိုက်တယ်။

'ဒါပေမယ့်ရှင်အရင်တုန်းကပြောထားတာကကျတော့ ရှင်ကူညီနိုင်တဲ့ဟာမှန်သမျှကိုကူညီပေးမယ်ဆို။ကျွန်မအခုကောလဟာလတွေကိုရှင်းချင်လို့လေ...'

စုန့်ထင်ယွီအသံကတင်းမာပြီးအေးစက်နေကာ: 'မင်းအဲ့ဒီကောလဟာလတွေကိုရှင်းချင်ရင်ငါနဲ့ဝေးဝေးမှာနေသင့်တယ်။အခုကောလဟာ‌လကမင်းကိုတတိယလူလို့ပြောနေကြတာမဟုတ်လား?မင်းငါနဲ့ညစာအတူတူစားလိုက်ရင်ပိုဆိုးသွားမှာကြောက်တယ်။မင်းအနုပညာလောကမှာနေလာတာကြာပြီကိုဘာလို့မသိရတာလဲ?အစကငါတို့လမ်းခွဲလိုက်တာကိုမပြောဘူးဆိုတာကမင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အထိကိုစောင့်ပေးချင်လို့။လူတိုင်းရဲ့အရှေ့မှာဟန်ဆောင်ပေးမယ်လို့မဆိုလိုဘူး'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးحيث تعيش القصص. اكتشف الآن