အပိုင်း(၁၅၆)

1.7K 129 0
                                    

'......'

သူမအဲ့လိုပြောတာကိုကြားတော့စုန့်ထင်ယွီအခြေအနေမကောင်းဘူးလို့ခံစားနေရပြီးလက်ခါပြလိုက်ကာ: 'မပြောနဲ့။မင်းမပြောတာပိုကောင်းပါတယ်။ကိုယ့်နှလုံးသားကနုနယ်တော့ခံနိုင်မှာမဟုတ်ဘူး'

သူမသာသူ့ကိုနေရာသတ်မှတ်ပေးရင်သူကစုန့်ဝမ်ရှီနဲ့ဗိုက်ထဲကကလေးအနောက်မှာတောင်ရှိမှာမဟုတ်ဘူး။သူကအဖွားနဲ့သူမရဲ့အမေအနောက်မှာဖြစ်နိုင်တယ်။ထျန်မီနဲ့လင်ချန်ဟွမ်တို့အနောက်မှာမှလဲဖြစ်နိုင်တယ်။

သူကကမ္ဘာပေါ်မှာသနားစရာအကောင်းဆုံးယောကျာ်းပါလား။

သူ့ကိုယ်သူနာကျည်းနေတဲ့အချိန်မှာ စုရန်သူ့လက်မောင်းကိုခေါင်းအုံးလုပ်ပြီးအိပ်လိုက်ကာ သူမဘက်ကစပြီးသူ့ရင်ခွင်ထဲကိုဝင်လာကာသူ့ဘေးဘက်မျက်နှာက်ိုနမ်းလိုက်တယ်။ပြီးတော့သူ့နားနားကပ်ပြီးတိုးတိုးလေးပြောလိုက်တယ် ။ဝမ်းနည်းစရာကောင်းချင်တော့ စုန့်ထင်ယွီ
သူ့အတွေးထဲမှာသူနစ်မြောနေပြီး သူမပြောတာကိုသေချာမကြားလိုက်ဘူး။

သူကတစ်ခြားသူတွေနဲ့မတူဘူးဆိုတာဘဲကြားလိုက်တယ်။အနောက်ကဆက်ပြောတာကိုမကြားလိုက်ဘူး။

စုန့်ထင်ယွီပျော်သွားပြီး သူမလက်ကိုကိုင်ပြီးသူမကိုကြည့်လိုက်ကာ: 'စုရန် မင်းစောစောကဘာပြောလိုက်တာလဲ?ကိုယ်သေချာမကြားလိုက်လို့နောက်တစ်ခေါက်ထပ်ပြောပါဦး'

သူပြောပြီးမျှော်လင့်ချက်အပြည့်နဲ့သူမကိုကြည့်လိုက်တယ်။

စုရန်ပြုံးလိုက်ပြီး: 'ကောင်းတဲ့ကိစ္စကိုဒုတိယအကြိမ်ထပ်ပြောတာကမကောင်းဘူး။ရှင်မကြားရင်လဲထားလိုက်တော့'

'တစ်ကြိမ်ဘဲထပ်ပြောပါ။တစ်ကြိမ်ဘဲ' စုန့်ထင်ယွီသူမကိုတောင်းဆိုလိုက်တယ်။

'မီးပိတ်လိုက်တော့။ကျွန်မအိပ်ချင်နေပြီ။ကျွန်မပျော်မယ့်အချိန်ကိုထပ်စောင့်လိုက်ဦး။အဲဒီတော့မှပြောပြမယ်'

စုန့်ထင်ယွီစိတ်ဆိုးသွားပြီးလက်သီးဆုပ်ထားလိုက်ပေမယ့်သူဘာမှလုပ်လို့မရဘူး။သူစုရန်ကိုဘာမှလုပ်လို့မရဘူး။ပြီးတော့သူမကိုအတင်းအကျပ်လုပ်လို့ကလဲမရဘူး။သူကတင်းကျပ်လေ သူမကပိုပြီးတင်းကျပ်လေဘဲ။သူသနားစရာအဖြစ်ဟန်ဆောင်ရင်လဲသူမကဂရုစိုက်မှာမဟုတ်ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now