အပိုင်း(၆)

5.2K 431 0
                                    

ဆောင်းရောက်နေပေမယ့်လည်းကစားကွင်းမှာလူတွေကပြည့်နေတော့စုရန်ဝမ်ရှီ့ကိုပျောက်သွားမှာစိတ်ပူနေရတယ်။အဲ့တာကြောင့်သူမတလမ်းလုံးဝမ်ရှီ့လက်ကိုမလွှတ်ရဲဘဲဆွဲထားရတယ်။
အရင်တုန်းစုန့်ဝမ်ရှီကအရမ်းတက်ကြွတဲ့ကလေးဖြစ်ခဲ့ပေမယ့်နေ‌မကောင်းဖြစ်ပြီးတဲ့နောက်မှာအပြင်ကိုမထွက်ရတာကြာပြီ။အဲ့တာကြောင့်ကစားကွင်းကိုကြည့်ပြီးတော့သူ့ရဲ့မျက်လုံးတွေကအရောင်တောက်ပနေတယ်။
သူတွေ့တာမြင်တာမှန်သမျှအကုန်ဆော့ချင်နေတယ်။
ဒါပေမယ့်သူ့ရဲ့ကျန်းမာရေးကြောင့်အကုန်လုံးကိုဆော့လို့မရတဲ့အတွက်စုရန်ကအန္တရာယ်မများတဲ့ဟာလေးတွေဘဲပေးကစားရတယ်။
သူတို့ကစားကွင်းကနေပြန်ထွက်လာပြီးကားဆီလျှောက်လာတဲ့တလမ်းလုံးဝမ်ရှီစကားမပြောတဲ့အတွက်သူဆော့ရတာအားမရဘူးဆိုတာစုရန်သိနေတော့သူမထိုင်လိုက်ပြီးပြောလိုက်တယ်:'ဝမ်ရှီ သားကိုမေမေကတိပေးတယ်‌ နောက်သားနေကောင်းလာရင်ကစားကွင်းကိုထပ်လာဦးမယ်လို့။အဲ့ဒီအခါကျရင်သားဆော့ချင်တာအကုန်ပေးဆော့မယ်လေ။ဟုတ်ပြီလား?'
စုန့်ဝမ်ရှီနားလည်သွားပြီးခေါင်းညိတ်ပြလိုက်တယ်:'ဟုတ်ကဲ့'
အမြဲတက်ကြွနေတဲ့ကလေးကဒီလိုရောဂါဖြစ်ရတဲ့အတွက်စုရန်စိတ်မကောင်းဖြစ်မိတယ်။ဒါပေမယ့်သူမကလေးရှေ့မှာတော့ဘာမှမဖြစ်သလိုနဲ့ဝမ်ရှီ့လက်ကလေးဆုပ်ကိုင်ရင်းရယ်ပြီးပြောလိုက်တယ်:'ညစာသွားစားရအောင်ဟုတ်ပြီလား?'
စုရန်ဝမ်ရှီ့လက်ကလေးကိုကိုင်ရင်းနဲ့စုန့်ထင်ယွီဘက်လှည့်ပြီးပြောလိုက်တယ်:'ရှင်အလုပ်များနေရင်အရင်ပြန်နှင့်လို့ရတယ်။ကျွန်မနဲ့ဝမ်ရှီတက္ကစီငှားပြီးပြန်လာလိုက်မယ်'
စောစောကတည်းကသူ့ဖုန်းအဆက်မပြတ်မြည်နေတာတွေ့တော့သူအလုပ်များနေတာကိုသိပြီးသူ့အလုပ်ကိုမနှောင့်နှေးစေချင်ဘူး။
စုန့်ထင်ယွီသူမစကားကိုကြားတော့သူမကိုကြည့်ပြီး:'ငါ့ကိုအဘွားဆူစေချင်ချင်လို့လား'
စုရန်သူ့အတွက်စဉ်းစားပေးတာကိုကျေးဇူးမတင်တဲ့အတွက်သူမဘာမှဆက်ပြောမနေတော့ဘူး။
သူမတို့သုံးယောက်စားသောက်ဆိုင်တခုကိုသွားလိုက်ကြတယ်။ဒီဆိုင်ကသူမနဲ့ဝမ်ရှီတို့အမြဲစားနေကြဆိုင်ဘဲ။
စုန့်ထင်ယွီလက်မခံချင်ပေမယ့်စုရန်ကအမေကောင်းတယောက်ဘဲ။အချိန်တိုင်းဝမ်ရှီကိုသူမဂရုစိုက်နေတယ်။ထမင်းမစားခင်လဲဝမ်ရှီအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ပေးတယ်။ထမင်းစားနေတော့လဲဝမ်ရှီ့အပေါ်မှာဘဲအာရုံစိုက်ထားပြီးဝမ်ရှီစားဖို့ဟင်းတွေကိုဘဲရွေးပေးနေတယ်။
စုန့်ဝမ်ရှီဗိုက်ပြည့်သွားတော့ဟိုဟိုဒီဒီကြည့်နေရင်းစားသောက်ဆိုင်တံခါးဝကိုညွှန်ပြလိုက်ပြီး:'မေမေ ဟိုမှာအန်ကယ်'
စုရန်သူညွှန်ပြလိုက်တဲ့နေရာကိုကြည့်လိုက်တော့စားသောက်ဆိုင်ထဲကိုအရပ်ရှည်ပြီးချောမောတဲ့လူတယောက်ကဦးဆောင်ပြီးလူတစုဝင်လာကြတာတကယ်ဘဲလင်ချန်ဟွမ်ဖြစ်နေတယ်။
သူကသူမတို့သားအမိကိုတွေ့သွားပြီးသူနဲ့ပါလာတဲ့လူကိုစကားအနည်းငယ်ပြောပြီးသူမတို့ဆီကိုရောက်လာတယ်။
စုန့်ဝမ်ရှီကသူကိုတွေ့တော့ပျော်သွားပြီး:'အန်ကယ်လင်'
လင်ချန်ဟွမ် ဝမ်ရှီကို‌နွေးထွေးစွာပြုံးပြရင်းခေါင်းလေးကိုပွတ်ပြီး:'ဝမ်ရှီဝသွားပြီလား?'
'ဟုတ် ဝသွားပြီ'
ပြီးတော့လင်ချန်ဟွမ်စုန့်ထင်ယွီ့ကိုလှည့်ကြည့်ပြီးခေါင်းညိတ်ပြရင်း:'Hi ဥက္ကဌစုန့်'
စုန့်ထင်ယွီသူ့ရှေ့ကနူးညံ့ပြီးကြင်နာတဲ့လူကိုသိတယ်။လင်မိသားစုရဲ့သခင်လေးလင်ချန်ဟွမ်ဆိုတာ။ဒါပေမယ့်သူမထင်ထားတာကသူနဲ့ဒီသားအမိသိနေတာကိုဘဲ။
လူမှုရေးအရစုန့်ထင်ယွီလဲခေါင်းညိတ်ပြရင်းပြန်နှုတ်ဆက်လိုက်ရတယ်။
ပြီးတော့လင်ချန်ဟွမ်စုရန်ကိုကြည့်ရင်း:'ကိုယ်အခုမှခရီးကပြန်လာတာ။အစကဆေးရုံမှာဝမ်ရှီ့ဆီကိုလာမလို့ဆရာဝန်ကဆေးရုံဆင်းသွားပြီဆိုလို့'
စုရန်ခေါင်းညိတ်ပြပြီးပြုံးပြလိုက်ကာ:'ဟုတ်တယ် သူမနေ့ကဘဲဆင်းလာတာ'
လင်ချန်ဟွမ်နဲ့အတူပါလာတဲ့သူငယ်ချင်းတွေကသူ့ကိုစောင့်နေလို့သူပြန်သွားဖို့လိုတဲ့အတွက်:'နောက်မှအေးဆေးပြောကြရအောင်'
'ဝမ်ရှီ အန်ကယ်ပြန်သွားရတော့မယ်'
'ဘိုင် အန်ကယ်လင်'
စုန်ထင်ယွီထိုင်ခုံမှာမှီလိုက်ပြီးသူရဲ့နှုတ်ခမ်းပါးလေးတွေအနည်းငယ်ကွေးသွားကာလင်ချန်ဟွမ်ထွက်သွားတဲ့ဘက်ကိုခဏကြည့်နေလိုက်တယ်။သူလဲယောက်ျားတယောက်ဖြစ်တဲ့အတွက်ယောက်ျားတယောက်ကမိန်းမတယောက်ကိုဘယ်လိုခံစားချက်မျိုးနဲ့ကြည့်လဲဆိုတာခန့်မှန်းနိုင်တယ်။ခုလဲလင်ချန်ဟွမ်ကစုရန်ကိုကြည့်တဲ့အကြည့်ထဲမှာထူးခြားတဲ့ခံစားချက်တွေပါနေတာကိုတွေရတယ်။
စုန့်ထင်ယွီလက်နှစ်ဖက်ကိုစားပွဲပေါ်တင်ထားပြီးစုရန်နဲ့လင်ချန်ဟွမ်တို့ကိုကြည့်နေကာသူ့နှုတ်ခမ်းမှာလေးနက်တဲ့အပြုံးတခုပေါ်လာခဲ့တယ်။
ခုမှစုန့်ထင်ယွီနားလည်သွားတာကသူစုရန်ကိုဝမ်ရှီနေကောင်းသွားရင်ကွာရှင်းဖို့ပြောတုန်းကကသူမဘာလို့လက်ခံလိုက်လဲဆိုတာ။
စုရန်သူမကိုစုန့်ထင်ယွီကြည့်နေတာကိုခံစားမိပြီး‌ခေါင်းမော့ပြီးကြည့်လိုက်တော့သူ့မျက်လုံးတွေကသူမကိုလှောင်နေတာတွေ့လိုက်ရတယ်။သူဘာလို့သူမကိုအဲ့လိုကြည့်နေလဲဆိုတာကိုသူမဂရုမစိုက်ချင်တဲ့အတွက်သူမမျက်နှာကိုမြန်မြန်ပြန်လွှဲလိုက်တယ်။
သူမတို့စားသောက်ပြီးတော့စားသောက်ဆိုင်အဝင်ဝမှာဝမ်ရှီနဲ့စုန့်ထင်ယွီကားသွားယူတာကိုစောင့်နေလိုက်တယ်။
စုရန်ဝမ်ရှီ့နှာခေါင်းထဲကတခုခုထွက်လာတာကိုတွေ့တော့သူချမ်းနေပြီ‌မှန်းသိကာသုတ်ပေးဖို့ခေါင်းငုံ့ပြီးtissueရှာကြည့်လိုက်တယ်။
အဲ့အချိန်မှာဝမ်ရှီစက္ကူလေယာဉ်လေးပျံလာတာကိုတွေ့ပြီးအရမ်းလှနေတော့လေယာဉ်ပျံလေးနောက်ကိုတဖြေးဖြေးလိုက်သွားလိုက်တယ်။ရုတ်တရက်ကြီးဘယ်ကနေထွက်လာမှန်းမသိတဲ့ကားကဝမ်ရှီ့ဆီကိုဦးတည်ပြီးသွားနေတယ်။
စုရန်အသံကြားပြီးမော့ကြည့်ချိန်မှာသူမနှလုံးခုန်ရပ်လုနီးပါးဖြစ်သွားတယ်။ဝမ်ရှီကလဲကြောက်ပြီးအဲ့ဒီနေရာမှာဘဲရပ်နေတယ်။
စုရန်ဘာကိုမှမစဉ်းစားအားဘဲပြေးထွက်သွားပြီးကားဝမ်ရှီကိုမတိုက်ခင်သူမဘေးဘက်ကိုချီလာလိုက်တယ်။အဲ့အချိန်မှာကားကလမ်းဘေးနံရံကိုတိုက်မိပြီးမီးခိုးတွေတောင်ထွက်လာတယ်။
ကံကောင်းချင်တော့ကားဆရာကဘာမှမဖြစ်သွားဘဲကားထဲကထွက်လာကာစုရန်တို့ဆီကိုလျှောက်လာပြီး:'မိန်းကလေးတို့နှစ်ယောက်လုံးအဆင်ပြေရဲ့လား?တောင်းပန်ပါတယ် ကျွန်တော့ကားဘရိတ်ပေါက်သွားလို့ပါ။
စုရန်ကားဆရာကိုဂရုစိုက်မနေ‌ဘဲသူမရင်ခွင်ထဲကလေးကိုထုတ်လိုက်ပြီး:'ဝမ်ရှီအဆင်ပြေရဲ့လား'
ဝမ်ရှီကြောက်လွန်းလို့မျက်နှာတွေတောင်ဖြူဖျော့နေပြီးစုရန်ကိုဖက်ထားလိုက်ပြီးခဏကြာတော့မှဖြေးဖြေးချင်းစီပြန်ပြောတယ်:'မေမေ သားအဆင်ပြေပါတယ်'
'ဝမ်ရှီ သားမေ့မေ့ကိုလန့်အောင်လုပ်လိုက်တာဘဲ'စုရန်ဝမ်ရှီ့ကိုမြေကြီးပေါ်ကနေချီလာလိုက်တယ်။
ကားပါကင်ကစားသောက်ဆိုင်ရဲ့မျက်နှာချင်းဆိုင်မှာဆို‌ေတာ့accidentဖြစ်တော့စုန့်ထင်ယွီကားကထွက်ခါစဘဲရှိသေးတယ်။လမ်းတဖက်မှာလဲကာထားတာဆိုတော့စုန့်ထင်ယွီခုလေး‌တင်ဖြစ်သွားတဲ့accidentကိုစောင့်ကြည့်လိုက်ပြီးချက်ချင်းလာလို့ကလဲမရဘူး‌ဖြစ်နေတယ်။ပြီးတော့သူစုရန်ထွက်လာတာကိုတွေ့လိုက်တယ်။
သားအမိနှစ်ယောက်လုံးဘာမှမဖြစ်တာတွေ့တော့မှသူစိတ်အေးသွားပြီးကားကိုမြန်မြန်မောင်းလာလိုက်တယ်။စုရန်ကိုမတ်တပ်ရပ်ဖို့ကူညီပေးရင်း:'မင်းအဆင်ပြေရဲ့လား?'
သူမခေါင်းညိတ်ပြလိုက်တယ်။သူမမျက်နှာ‌ဖြူဖျော့နေတာကလွဲရင်အဆင်ပြေတဲ့ပုံဘဲ။စုန့်ဝမ်ရှီလဲကြောက်တော့ကြောက်နေပေမယ့်ဒဏ်ရာကတော့မရှိဘူး။
သူမရင်ခွင်ထဲကနေဝမ်ရှီကိုစုန့်ထင်ယွီချီလိုက်ပြီး:'ကားထဲအရင်ဝင်ရအောင်'
စုန့်အိမ်ကိုပြန်ရောက်တော့စုရန်ဝမ်ရှီအခန်းသွားပြီးဝမ်ရှီကိုရေချိုးအဝတ်အစားလဲပေးပြီးအခန်းထဲပြန်ခေါ်လာလိုက်တယ်။ခုမှစုန့်ဝမ်ရှီကြောက်တာပျောက်သွားပြီးမျက်နှာသွေးရောင်လေးပြန်ရှိလာတယ်။သူစုရန်ကိုဖက်လိုက်ပြီး:'မေမေ သားတောင်းပန်ပါတယ်'
အဲ့အချိန်တုန်းကသူလေယာဉ်ပျံနောက်ကိုလိုက်ရင်းဖြစ်တယ်ဆိုတာသူမသိတော့ဝမ်ရှီနှဖူးလေးကိုနမ်းလိုက်ရင်း:'ဝမ်ရှီ နောက်ဆိုလမ်းမပေါ်မှာဆိုသတိထားရမယ်နော်'
စုန့်ဝမ်ရှီနာခံစွာနဲ့ခေါင်းလေးညိတ်ပြလိုက်တယ်။
စုရန်သူအိပ်တဲ့အထိစောင့်ပြီးမှအခန်းထဲကထွက်လာလိုက်တယ်။သူမအောက်ထပ်ကိုတိတ်တိတ်လေးဆင်းလာပြီးဆေးသေတ္တာကိုထုတ်လိုက်တယ်။သူမဆိုဖာ‌ေပါ်ထိုင်လိုက်ပြီးဘောင်းဘီကိုမတင်လိုက်တယ်။သူမဒူးနားမှာသွေးတောင်‌ခြောက်နေပြီဖြစ်တဲ့အနာကိုတွေ့လိုက်ရတယ်။အနာနဲ့ဘောင်းဘီကပ်နေတော့ခက်ခက်ခဲခဲနဲ့ဘောင်းဘီနဲ့အနာကိုခွာလိုက်ရတယ်။သူမဆေးသေတ္တာကိုဖွင့်ပြီးအရက်ပြန်ယူပြီးအနာကိုပိုးသတ်မလို့လုပ်နေတုန်းရုတ်တရက်လက်တစုံကသူမလက်ထဲကအရက်ပြန်ကိုဆွဲယူသွားလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now