အပိုင်း(၄၈)

4.2K 333 16
                                    

'မဟုတ်ဘူး မဟုတ်ဘူး ဝမ်ရှီမသေနိုင်ဘူး။သူမသေနိုင်ဘူး။သူကျွန်မဘေးမှာအမြဲနေမယ်လို့ပြောထားတာကို။ဘယ်လိုလုပ်ပြီးသေမှာလဲ...' စုရန်ခေါင်းကိုတွင်တွင်ခါပြီး သူမကိုယ်သူမပြောနေတယ်။သူမမျက်နှာလဲဖြူဖျော့လာတယ်။

စုန့်ထင်ယွီ သူမပုခုံးကိုကိုင်လိုက်ပြီး: 'စုရန် စိတ်ထိန်းဦးလေ'

'ရန်ရန် အဘွားကိုမခြောက်ပါနဲ့...' စုရ
န်လက်နှစ်ဖက်ကိုမဒမ်စုန့်ကိုင်လိုက်တော့ လက်တွေအေးစက်နေတာကိုသူမခံစားမိသွားတယ်။

'ဒါတွေကကျွန်မကြောင့်ဘဲ။အားလုံးကကျွန်မကြောင့်ချည်းဘဲ။ကျွန်မကြောင့်သာမဟုတ်ရင်ဝမ်ရှီဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။ကျွန်မအပြစ်တွေဘဲ။သူ့ကိုဒီလိုဖြစ်အောင်ကျွန်မဘဲလုပ်လိုက်တာ....ကျွန်မကြောင့်ဘဲ...' စုရန်ရင်ဘက်လေးကိုဖိပြီး မျက်ရည်တွေကမိုးတွေရွာသလိုမျိုးအဆက်မပြတ်စီးကျလာတယ်။သူမစကားပြောနေတာရပ်သွားပြီး ခေါင်းတွေမူးလာပြီး သေသေချာချာမမြင်ရတော့ဘူး။သူမကိုယ်လေးပျော့သွားပြီးမူးလဲသွားတော့တယ်။

'စုရန်' စုန့်ထင်ယွီလှမ်းထိန်းလိုက်ပေမယ့် သူမလုံးဝမေ့လဲသွားပြီ။

'ထင်ယွီ မြန်မြန်လေးသူ့ကိုနားဖို့ခေါ်သွားလိုက်ပါဦး' စုန့်မင်ဟွမ်ပြောလိုက်တယ်။

စုန့်ထင်ယွီ စုရန်ကိုချီလိုက်တော့ သူမကိုယ်လေးကပေါ့ပေါ့လေးလို့ခံစားမိသွားတယ်။သူမအခုတ‌လောသိပ်မစားဘူးထင်တယ်။

စုရန်လဲဘယ်လောက်ကြာကြာအိပ်လိုက်မိမှန်းမသိတော့ဘူး။သူမစုန့်ဝမ်ရှီကိုအိမ်မက်မက်နေတာဘဲသိတယ်။အိမ်မက်ထဲမှာ သူမွေးကတည်းကနေခုထိသူမတို့အတူတူရှိခဲ့ကြတဲ့အမှတ်တရတွေကိုပြန်မြင်နေရတယ်။

စုန့်ဝမ်ရှီ သူမဘဝထဲကိုရောက်လာပြီး ဒီသုံးနှစ်လုံးကသူမအတွက်တော့အလှပဆုံးနဲ့ အကောင်းဆုံးအချိန်တွေဘဲ။

အိမ်မက်ထဲမှာသူ့ပုံရိပ်တွေတဖြေးဖြေးပျောက်ကွယ်သွားတော့ သူမသူ့ကိုလှမ်းဖက်လိုက်တယ်။ဒါပေမယ့် သူမဘယ်လိုလုပ်လုပ် သူ့ကိုမဖမ်းနိုင်ဘဲ သူတဖြေးဖြေးပျောက်ကွယ်သွားတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now