အပိုင်း(၁၇၂)

1.5K 103 1
                                    

'ခေါင်းဆောင်ဟွာနဲ့အားလုံးဘဲ အကြာကြီးစောင့်ခိုင်းရတဲ့အတွက်တောင်းပန်ပါတယ်။ကျွန်မတို့ရဲ့ပိုင်ချီရွေ့လာပါပြီ...'

ချန်မိန်းကလေးပိုင်ချီရွေ့လက်ကိုဆွဲပြီးအထဲကိုခေါ်လာပြီး‌တော့အားလုံးကိုပြုံးပြလိုက်တယ်။

အလယ်မှာထိုင်နေတဲ့ခေါင်းဆောင်ဟွာတစ်‌ယောက်ပိုင်ချီရွေ့ကိုလဲတွေ့ရောတောက်ပစွာပြုံးလိုက်ပြီးသူ့ဘေးကနေရာကိုလွတ်အောင်လုပ်လိုက်ပြီး: 'ပိုင်မိန်းကလေး လာ ဒီမှာလာထိုင်'

ပိုင်ချီရွေ့ဒီကိုရောက်နေပေမယ့်လဲခေါင်းဆောင်ဟွာနဲ့တွေ့ဖို့ကိုစိတ်အဆင်သင့်မဖြစ်သေးဘူး။ဒီလူ့ကိုကြည့်ရတာသူမအန်ချင်နေတယ်။မျက်နှာကလဲရုပ်ဆိုးတဲ့အပြင်သွားတွေကလဲဝါနေတယ်။

သူမငြိမ်နေတာကိုကြည့်ပြီးချန်မိန်းကလေးစိတ်ပူလာတယ်။သူမ
ပိုင်ချီရွေ့ခါးကိုဆွဲဆိတ်လိုက်ပြီးပြောလိုက်တယ်: 'နင်စောစောတုန်းကငါ့ကိုဘာကတိပေးခဲ့လဲ?အဲ့ဒီကိုသွားလိုက်လေ။သူ့စိတ်ဆိုးသွားအောင်မလုပ်နဲ့။မဟုတ်ရင်နင်ဒီထက်ပိုအခြေအနေဆိုးသွားမယ်။အဲ့ဒါအပြင်စုန့်ထင်ယွီကလဲနင့်ကိုမကူညီတော့ဘူး။ဘယ်သူ့ကနင့်ကိုလာကူညီမှာလဲ?'

ဒါကပိုင်ချီရွေ့ရဲ့အားနည်းချက်ဆိုတော့သူမဘာမှမပြောနိုင်တော့ဘူး။

သူမကိုဘယ်သူကအနုပညာလောကကနေထွက်သွားဖို့ကိုငြင်းဆန်ခိုင်းလို့လဲ?

အဲ့ဒါကြောင့်သူမခေါင်းဆောင်ဟွာဘေးမှာသွားထိုင်လိုက်ရတယ်။

'ခေါင်းဆောင်ဟွာ' ပိုင်ချီရွေ့ပြုံးပြလိုက်တယ်။သူမမပြုံးချင်ပေမယ့်လဲပြုံးရမယ်ဆိုတာက်ိုသူမသိတယ်။

'ပိုင်မိန်းကလေး နောက်ဆုံးတော့ရောက်လာပြီဘဲ။ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟွာကပိုင်မိန်းကလေးကိုအကြာကြီးစောင့်နေတာကိုသိလား?မင်းတို့အနုပညာရှင်တွေအားလုံးကဒီလိုတွေချည်းဘဲလား?' ပိန်ကပ်နေတဲ့တစ်ယောက်ကပြုံးပြီးမေးလိုက်တယ်။

'ဒီလိုလှပတဲ့ပိုင်မိန်းကလေးလိုလူမျိုးကိုအကြာကြီးစောင့်ရမယ်ဆိုရင်လဲငါတော့စောင့်နိုင်တယ်။နောက်ဆုံးတော့သူလာတာဘဲလေ။ဒီလိုအလှလေးတွေကိုကချစ်ပေးဖို့လိုအပ်တယ်။မိန်းကလေးတွေဆိုတာချစ်ပေးမှသူတို့ကပိုပြီးလှလာကြတာ။မိန်းကလေးတွေလှလာရင်မင်းတို့တွေပျော်တယ်မဟုတ်လား?မင်းတို့ရောဘယ်လိုထင်ကြလဲ?'  နောက်တစ်ယောက်ကဝင်ပြောလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now