အပိုင်း(၁၀၁)

3.2K 231 3
                                    

အခုအချိန်မှာစုန့်ထင်ယွီမျက်နှာကကြောက်စရာကောင်းနေပေမယ့်စုရန်ကတော့မကြောက်ဘဲသူ့မျက်လုံးကိုတည့်တည့်ကြည့်လိုက်တယ်။

သူတစ်ခုခုလုပ်လိမ့်မယ်လို့သူမထင်ထားခဲ့ပေမယ့် နောက်ဆုံးတော့သူအခန်းထဲကနေထွက်သွားခဲ့တယ်။

သူအခန်းတံခါးကိုအားကြီးနဲ့ဖွင့်ပြီးတအားနဲ့ပြန်ပိတ်ခဲ့လိုက်တယ်။

တံခါးပိတ်သံကြားတော့စုရန်မျက်ရည်တွေစီးကျလာပြီး သူမခေါင်းအုံးကိုယူကာမျက်လုံးတွေကိုခေါင်းအုံးနဲ့ဖုံးထားလိုက်တယ်။

စုန့်ထင်ယွီနဲ့အတူတူနေရတာကသူမကိုအမြဲတမ်းပင်ပန်းစေတယ်။

ဘာလို့အမြဲတမ်းဒီလိုဖြစ်နေမှန်းသူမလဲမသိဘူး။

အဲ့ဒီညကစုန့်ထင်ယွီအခန်းကိုပြန်မလာခဲ့ဘူး။သူအိမ်မှာဘဲရှိနေတာလား ဒါမှမဟုတ်အပြင်ထွက်ပြီးပိုင်ချီရွေ့အိမ်ကိုသွားတာလားဆိုတာကိုစုရန်မသိဘူး။

ဒီမနက်သူမစောစောနိုးလာတာကဒီနေ့လင်ချန်ဟွမ်အဖွားရဲ့ဈာပနကကိုးနာရီမှာလုပ်မှာဖြစ်လို့သူမစောစောသွားချင်လို့ဘဲ။

သူမရဲ့အဖျားကြောင့်ရောမနေ့ညကကောင်းကောင်းအနားမယူထားတာပါပေါင်းပြီးသူမမျက်နှာမကောင်းဘူးဖြစ်
နေတယ်။သူမအဖြူရောင်ရှပ်အင်္ကျီ၊အမဲရောင်စကပ်နဲ့အမဲရောင်ဖိနပ်ကိုစီးပြီးထွက်လာခဲ့တယ်။

သူမကားဂိုတောင်မှာကားယူမလို့လုပ်လိုက်တဲ့အချိန်မှာစုန့်ထင်ယွီကားရှိနေတာကိုတွေ့သွားတယ်။အဲ့ဒီတော့မှသူမနေ့ကမထွက်သွားတာကိုသိသွားတယ်။စာကြည့်ခန်းထဲမှာအိပ်နေတာထင်တယ်။

ဈာပနပြီးသွားတော့ထျန်မီလဲစုရန်ကိုစတူဒီယိုကိုခေါ်လာလိုက်တယ်။ဘာလို့လဲဆိုတော့စုရန်စိတ်အခြေအနေ‌မကောင်းတာကိုသူမသိပြီး အပြင်မှာခဏလျှောက်သွားလိုက်ရင်စုရန်စိတ်အခြေအနေကောင်းလာမယ်ထင်လို့။

စုရန်လဲအဲ့ဒီကိုမသွားတာကြာပြီဆိုတော့သူမလဲအဲ့ဒီနေရာကိုလွမ်းနေမိတယ်။ဒါပေမယ့်လက်တလောသူမကျန်းမာရေးအခြေအနေကမကောင်းတော့ သူမလဲမသွားဖြစ်ဘူးဖြစ်နေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now