အပိုင်း(၄၉)

4.3K 334 7
                                    

'ကျွန်မတို့အားလုံးသဘောပေါက်ပါပြီ။ကျေးဇူးအများကြီးတင်ပါတယ် Doctorရှူ'

ခွဲစိတ်တာအောင်မြင်ပြီး စုန့်ဝမ်ရှီမကြာခင်မှာသတိပြန်ရလာတော့မှာကိုကြားပြီး အားလုံးစိတ်အေးသွားကြတယ်။

စုရန်လဲအထဲဝင်ပြီး စုန့်ဝမ်ရှီကိုမြန်မြန်ကြည့်ချင်နေပြီ။မဒမ်စုန့်ကတော့အသက်လဲကြီးတဲ့အပြင် မနေ့ညကလဲအိပ်ရေးပျက်ထားတော့ ဒီတစ်ညထပ်ပြီးမအိပ်ဘဲနေရင် သူ့ကျန်းမာရေးအတွက်မကောင်းတော့ စုန့်မင်ဟွမ်သူမကိုခေါ်ပြီးအိမ်မှာနားခိုင်လိုက်တယ်။သူမအိမ်မပြန်ခင် စုန့်ဝမ်ရှီသတိရလာရင်ဖုန်းချက်ချင်းဆက်ဖို့ စုရန်ကိုအကြိမ်ကြိမ်မှာခဲ့တယ်။

စုရန်လူနာခန်းထဲဝင်ပြီး စုန့်ဝမ်ရှီအနားကိုသွားလိုက်တယ်။သူ့မျက်နှာလေးဖြူဖျော့နေပြီး ရောဂါရဲ့နှိပ်စက်မှုကြောင့် ပိန်ကျသွားတာ သူမေးစေ့လေးတောင်ချွန်လာတယ်။

စုရန်သူ့ရဲ့လက်လေးတွေကိုယူပြီးသူမပါးနားကိုကပ်ထားလိုက်တယ်။သူ့ကိုကြည့်ပြီး သူမပြောလိုက်တယ်: 'ဝမ်ရှီကျေးဇူးတင်ပါတယ်။အသက်ရှင်နေပေးလို့'

သူမဘုရားကိုကျေးဇူးတင်တယ်။စုန့်ဝမ်ရှီကိုသူမအနားကနေခေါ်မသွားဘဲ သူမအနားမှာဆက်ရှိနေခွင့်ပေးခဲ့လို့။

သူကအခုမှသုံးနှစ်ဘဲရှိသေးတယ်။တောက်ပတဲ့အနာဂတ်ကသူ့ကိုစောင့်ကြိုနေတုန်းဘဲ။သူမတွေ့ကြုံရသေးတာတွေအများကြီးရှိနေသေးတာကို ဘယ်လိုလုပ်ပြီး သူ့ဘဝကြီးကအဆုံးသတ်သွားမှာလဲ။

ကံကောင်းစွာနဲ့ သူအသက်ရှင်နေတုန်းဘဲ။သူမလုပ်ဖူးတာတွေကိုလုပ်ဖို့အခွင့်အရေးရှိသေးတယ်။

စုန့်မိသားစုတွေတစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပြီးတော့ စုန့်ထင်ယွီလူနာခန်းကိုရောက်လာတယ်။

သူအခန်းထဲကိုဝင်လာတာနဲ့ စုရန်ကျေးဇူးတင်နေတာကိုကြားလိုက်ရတယ်။

သူအံ့ဩသွားမိတယ်။ပြီးတော့ သူတို့သားအမိကြားထဲမှာဘယ်သူကမှအစားဝင်လို့မရဘူးဆိုတာကိုခံစားလိုက်ရတယ်။

ဒီသုံးနှစ်လုံးမှာ သူတို့ပျော်ရွှင်ရတဲ့အချိန်ရောဝမ်းနည်းရတဲ့အချိန်ရောကိုအတူတူဖြတ်ကျော်ပြီး တစ်ယောက်ကိုတစ်ယောက်မှီခိုရင်းနေလာခဲ့ကြတာ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးUnde poveștirile trăiesc. Descoperă acum