အပိုင်း(၆၂)

4K 314 11
                                    

သူဘာမှလဲဟုတ်တိပတ်တိမစားဘဲ ဝိုင်ဘဲသောက်နေတယ်။သူ့မျက်မှောင်ကြီးကြုတ်ပြီးဘာတွေစဉ်းစားနေမှန်းမသိဘူး။

ညစာစားပြီး‌သွားတော့ ပိုင်ချီ‌ရွေ့ကသူအန်မြို့ကိုမရောက်တာကြာပြီဆိုတော့လျှောက်လည်ချင်တယ်လို့ပြောလိုက်တယ်။စုန့်ထင်ယွီကတော့ငြင်းလိုက်ပြီး: 'နောက်နေ့မှပေါ့။မင်းအရမ်းပင်ပန်းလို့မဖြစ်ဘူး။နားဖို့လိုတယ်လေ'

သူမကျန်းမာရေးကိုအကြောင်းပြပြီးသူထပ်ငြင်းလိုက်ပြန်ပြီ။ပိုင်ချီရွေ့လဲဘာမှမတတ်နိုင်ဘူး။

ထန်ဇီချူလဲ ဆိတ်ငြိမ်ရပ်ကွက်ထဲမှာသူမနေဖို့တိုက်ခန်းကိုရွေးထားပေးတယ်။သူမအိမ်ထဲဝင်လိုက်တာနဲ့ပြုံးလိုက်ပြီး: 'ထင်ယွီ ညီမဒီနေရာကိုအရမ်းကြိုက်တယ်'

စုန့်ထင်ယွီ သူမရဲ့အဝတ်အိတ်ကိုချထားလိုက်ပြီးပြုံးလိုက်ကာ: ' မင်းကြိုက်တယ်ဆိုရင်ပြီးတာဘဲ'

အိမ်အပြင်အဆင်ကလဲအလုပ်သမား‌တွေနဲ့ပြင်ဆင်ခိုင်းထားတော့ ပိုင်ချီရွေ့ဘာမှလုပ်စရာမလိုဘူး။

စုန့်ထင်ယွီမီးဖိုခန်းထဲကိုဝင်သွားပြီးရေသောက်နေတုန်း ပိုင်ချီရွေ့သူ့ခါးကိုအနောက်ကနေလာဖက်လိုက်တယ်။

ပိုင်ချီရွေ့မျက်နှာကိုသူ့ကျောမှာကပ်ထားလိုက်ပြီး သူမအသံချိုချိုလေးနဲ့ပြောလိုက်တယ်: 'ထင်ယွီ ဒီညဒီမှာနေလို့ရလား?'

စုန့်ထင်ယွီရေခွက်အလွတ်ကိုစင်ပေါ်ကိုပြန်တင်ထားလိုက်ပြီး သူ့ကိုဖက်ထားတဲ့သူမလက်တွေကိုဖယ်လိုက်ကာ: 'မင်းအနားယူဖို့လိုအပ်တယ်လို့ကိုယ်ပြောပြီးပြီလေ'

'ကိုကိုဒီမှာနေရင်လဲညီမကဘာလို့နားလို့မရမှာလဲ?' ပိုင်ချီရွေ့ဝမ်းနည်းနေတဲ့အသံနဲ့: 'ညီမတို့နိုင်ငံခြားမှာနေတုန်းကလဲ ညတိုင်းကိုကို့ရင်ခွင်ထဲမှာညီမအိပ်ခဲ့တာလေ။အခုညီမ‌ကိုညတိုင်းအဖော်ပြုဖို့ကိုတောင်းဆိုလို့မရတော့ ဒီညတော့ဒီမှာဘဲနေပေးပါလား?'

သူမကိုယ်ဝန်ပျက်ထားခါစဆိုတော့ဘာမှလုပ်လို့မရပေမယ့် စုန့်ထင်ယွီကိုဒီမှာဘဲနေစေချင်တယ်။အိမ်ပြန်ပြီးစုရန်နဲ့မတွေ့စေချင်ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOpowieści tętniące życiem. Odkryj je teraz