အပိုင်း(၁၆၇)

1.7K 168 2
                                    

ကုဒုန့်ချန်သူမကိုအရင်လိုဘဲတည်ငြိမ်တဲ့ပုံစံနဲ့ကြည့်ပြီး: 'ဒါကဒီအတိုင်းဓါတ်ပုံတစ်ပုံပါဘဲ'

ဒီအတိုင်းဓါတ်ပုံတစ်ပုံ.....

သူဘာလို့ဒီ‌လိုပေါ့ပေါ့လေးပြောလိုက်တာလဲဆိုတာကိုထျန်မီမသိဘူး။

'ဓါတ်ပုံထဲကမိန်းမကရှင့်အချစ်ဦးဟုတ်တယ်မလား?သူကဘာလို့ကျွန်မနဲ့တူနေရတာလဲ?'

ကုဒုန့်ချန်ပုံမှန်လိုဘဲနွေးထွေးတဲ့အသံနဲ့ပြန်ပြောလိုက်တယ်: 'တိုက်ဆိုင်သွားတာပါ'

'တိုက်ဆိုင်တာဟုတ်လား?' ထျန်မီအေးစက်စွာရယ်လိုက်ပြီး: 'မစ်စတာကုကကျွန်မလိုအမြဲစားသောက်နေတဲ့လူကိုဘာလို့သဘောကျရတာလဲဆိုတာကိုစဉ်းစားနေခဲ့တာ။အခုတော့ကျွန်မကိုအစားထိုးအနေနဲ့မြင်နေခဲ့တာကိုး။ကုဒုန့်ချန် ရှင်က၁၀၀ရာခိုင်နှုန်းလူဆိုးကောင်ဘဲ'

သူမအော်‌ပြောလိုက်ပြီးသူမကိုင်ထားတဲ့ခေါင်းအုံးကိုကုဒုန့်ချန်မျက်နှာကိုပစ်ပေါက်ပြီးထွက်သွားလိုက်တယ်။

စုရန်ကိုထျန်မီဖုန်းဆက်တဲ့အချိန်မှာစုရန်ကဂီတခန်းထဲကိုရောက်နေတာ။သူမစုန့်ထင်ယွီဆီကနေတယောတီးသင်နေတာ။

သူမကဂီတဘက်မှာပါရမီမပါတော့ငယ်ငယ်လေးကတည်းကcelloကိုတောင်ဖြစ်မြောက်အောင်မသင်နိုင်ခဲ့ဘူး။သူမဘယ်လောက်ဘဲကြိုးစားပြီးသင်သင်မရဘူး။စုန့်ဝမ်ရှီတောင်ရတဲ့အခြေခံတွေကိုတောင်သူမတီးလိုက်ရင်ပျက်သွားတာဘဲ။

စုန့်ထင်ယွီသူမနဖူးကိုထုလိုက်တယ်။သူမျှော်လင့်သလိုဖြစ်မလာတော့မကျေမနပ်ဖြစ်နေကာ: 'ဝက်မလေး'

စုရန်သူ့ကိုကြည့်လိုက်ပြီး: 'အရင်တုန်းက
တော့ကျွန်မcelloကိုမတီးတတ်တာကရှင်‌သင်ပေးတာမဟုတ်လို့ဆိုပြီးမပြောခဲ့ဘူးလား?ရှင့်ကိုသာစောစောတွေ့ခဲ့ရင်ကျွန်မတီးတတ်ခဲ့မှာဆို။ဒီနေ့ကျွန်မဘာလို့မတီးတတ်ရတာလဲ?'

စုန့်ထင်ယွီပြုံးပြီးမျက်ခုံးတွေကိုပင့်လိုက်ကာ: 'မင်းကတုံးလို့ဆိုတာမရှင်းဘူးလား?'

စုရန်: '.....'

သူမတစ်ခုခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာဖုန်းမြည်လာလို့ တယောကိုချထားလိုက်ပြီးဖုန်းကိုင်လိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးМесто, где живут истории. Откройте их для себя