အပိုင်း(၂၅)

4.8K 333 7
                                    

ဒီစကားကသူမဆီကနေ စုန့်ထင်ယွီအကြားချင်ဆုံးစကားဖြစ်သင့်ပေမယ့် သူမအဲ့လိုပြောလိုက်တဲ့အချိန်မှာ သူရဲ့မျက်နှာကပိုပြီးဆိုးလာတယ်။သူတစ်ခွန်းမှပြန်မပြောဘဲနဲ့ငြိမ်နေလိုက်တယ်။

စုရန် သူ့ကိုလျစ်လျူရှူလိုက်ပြီး မျက်ရည်တွေကိုသုတ်လိုက်တယ်။ပြီးတော့ သူ့ဘက်ကိုကျောပေးပြီးလှဲအိပ်လိုက်ကာ စောင်ခြုံလိုက်တယ်။

စုန့်ထင်ယွီမတ်တပ်ရပ်ကာ သူမရဲ့ကျောပြင်ကိုအကြာကြီးကြည့်နေတယ်။နောက်ဆုံးမှာတော့ သူလှည့်ပြီးအခန်းထဲကထွက်သွားလိုက်တယ်။

သူဘာလို့အဲ့လိုပြောမိသွားတာလဲဆိုတာ သူကိုယ်တိုင်တောင်မသိဘူး။သူအရင်တုန်းကအဲ့လိုမျိုးပြောတတ်တဲ့လူမဟုတ်ပါဘူး။ဒါပေမယ့် စုရန်နဲ့ပတ်သက်လာရင်တော့ သူနဲ့မဆိုင်ပေမယ့်လဲ မကြားသလို မမြင်သလိုသူဟန်ဆောင်မပေးနိုင်ဘူး။

ဒါပေမယ့် သူတွေ့နေရရင်လဲ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။

သူမထိန်းချုပ်နိုင်တဲ့အပြင် သူမနဲ့လင်ချန်ဟွမ်တို့ကိုအတူတူတွဲတွေ့လိုက်တာနဲ့ချက်ချင်း သူစိတ်မဆိုးဘဲမနေနိုင်ဘူး။

အဲ့တာအပြင် စုရန်ကိုကြည့်တဲ့လင်ချန်ဟွမ်ရဲ့အကြည့်တွေကို သူမကြိုက်ဘူး။သူမအပေါ်သူ့ရဲ့နူးညံ့ညင်သာပြီးချစ်ခင်မြတ်နိုးနေတဲ့အမူအယာက တစ်ကမ္ဘာလုံးမှာသူမသာလျှင်အဖိုးတန်ဆုံးလို့မှတ်ယူနေသလိုမျိုးဘဲ။

သူ့မှာတကယ့်ကိုအရူးကြီးတစ်ယောက်လိုဘဲ။

စုန့်ထင်ယွီကားပေါ်ရောက်တော့ ကားလက်ကိုင်ပေါ်ကိုမှီလိုက်ပြီး မျက်လုံးတွေကိုမှိတ်ကာ သူ့လက်တွေနဲ့နားထင်ကိုနှိပ်လိုက်တယ်။

ဒီလိုမျိုးသူစိတ်အခြေအနေမကောင်းတာက ပိုင်ချီရွေ့နဲ့စကားများထားလို့များလား။ဒါ့ကြောင့်စိတ်ထွေရှုပ်ထွေးနေတာပေါ့။

ဒီတစ်ညလုံး သူစုရန်အခန်းကိုလဲပြန်မသွားဘူး။သူအိမ်ကိုလဲပြန်မသွားဘူး။ကားထဲမှာဘဲတစ်ညလုံးနေခဲ့တယ်။

ဖုန်းသံကြားမှဘဲသူပြန်နိုးလာခဲ့တယ်။မှောင်မည်းနေတဲ့ကောင်းကင်ကြီးကလဲ လင်းစပြုလာနေပြီ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now