အပိုင်း(၁၇၇)

1.6K 122 7
                                    

'ကျွန်မသူ့အနားမှာဆက်နေမယ်' ချန်မိန်းကလေးလဲပိုင်ချီရွေ့ကိုဒီထက်ပိုပြီးရှင်းပြရလိမ့်မယ်လို့ထင်ထားခဲ့တာ။ပိုင်ချီရွေ့ရုတ်တရက်ကြီးဒီလိုမျိုးပြောလိမ့်မယ်လို့မထင်ထားခဲ့ဘူး။

'ချီရွေ့.....'

ပိုင်ချီရွေ့သူမမျက်နှာမကောင်းတာကိုကြည့်ပြီးပြုံးလိုက်ကာ: 'ကျွန်မသူ့ဘေးနားမှာမနေရင်သူ့ကိုဘယ်လိုလုပ်ပြီးမကောင်းကြံလို့ရမှာလဲ?ကျွန်မသာနလန်ပြန်မထူလာရင်ကျွန်မကိုနာကျင်အောက်လုပ်တဲ့လူတွေကိုဘယ်လိုလုပ်ပြီးလက်စားချေနိုင်မှာလဲ?'

ချန်မိန်းကလေးတစ်ခုခုပြောချင်ပေမယ့်ပိုင်ချီရွေ့ကသူမစကားကိုနားမထောင်ချင်တော့တဲ့ပုံဘဲ။ပိုင်ချီရွေ့လက်ကာပြလိုက်ပြီး: 'အမအရင်အိမ်ပြန်လိုက်တော့။ကျွန်မနားချင်နေပြီ'

ပိုင်ချီရွေ့အိပ်ယာပေါ်မှာပြန်အိပ်လိုက်ပြီးသူမကိုယ်ထဲမှာအမုန်းတရားတွေပြန်ပေါ်လာတာကိုခံစားနေရတယ်။

မနက်နိုးလာတုန်းကသူမကိုယ်သူမရူးသွားပြီလို့တောင်ထင်နေတာ။သူမရဲ့ခံစားချက်တွေကရေလှိုင်းလိုဘဲနိမ့်ချည်မြင့်ချည်ဖြစ်နေပြီးသူမတော်တော်နဲ့စိတ်မငြိမ်နိုင်ဘူးဖြစ်နေတယ်။

ဘာကြောင့်မှန်းမသိဘူး သူမစိတ်ထဲမှာစုရန်နဲ့စုန့်ထင်ယွီတို့ပျော်ပျော်ရွှင်ရွှင်နဲ့နေနေ
တဲ့ပုံကိုဘဲမြင်ယောင်နေမိတယ်။

အဲ့ဒါကိုတွေးမိပြီးတော့သူမစိတ်ပြန်ငြိမ်လာတယ်။ဒီလိုဖြစ်နေလို့အကျိုးမရှိဘူးဆိုတာကိုသူမသိတယ်။ဘာလို့သူမကိုယ်သူမနှိပ်စက်နေပြီးသူများတွေကိုကျတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေခွင့်ပေးရမှာလဲ?

သူမစိတ်ကိုသူမထိန်းချုပ်ဖို့လို့တယ်။

အစကပိုင်ချီရွေ့ခဏအိပ်မလို့ဘဲ။ဒါပေမယ့်သူမမျက်လုံးမှိတ်လိုက်တာနဲ့အဲ့ဒီညတုန်းကအဖြစ်အပျက်တွေကိုပြန်မြင်လာတယ်။သူမရွံလွန်းလို့ရူးတောင်ရူးသွားနိုင်တယ်။

ခေါင်းဆောင်ဟွာနဲ့တခြားယောက်ျားတွေသူမကိုနှိပ်စက်ခဲ့တာကိုပြန်စဉ်းစားမိရင်သူမနေလို့မကောင်းတော့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now